အပြစ်အနာအဆာကင်းတဲ့ ကိုယ်လုံးလေးပေါ်မှာ တက်တူးအလှက ပေါ်လွင်နေလို့ အကြည့်တွေ မခွာနိုင်လောက်အောင် ဆွဲဆောင်မှုပိုနေတဲ့ “သင်ဇာ”

မင်းသမီးချောလေး သင်ဇာဝင့်ကျော် ကတော့ ပုရိသတွေရဲ့ သည်းသည်းလှုပ်အားပေးဝန်းရံမှုကို ရရှိနေသူလေးပဲ ဖြစ်ပါတယ် ။ သင်ဇာဝင့်ကျော်က အနုပညာလောကမှာ မသိသူမရှိလောက်အောင် အောင်မြင်နေသလို အရင်ကထက်တောင် တဖြည်းဖြည်းနဲ့ပိုပြီး Popular ဖြစ်လာတာလည်း ဖြစ်ပါတယ် ။ ဒါ့အပြင် သင်ဇာက သူမရဲ့နာမည်နဲ့ အောင်မြင်မှုတွေကို ဆက်လက်ထိန်းသိမ်းထားနိုင်တဲ့အထိ အရည်အချင်းရှိသူလေး ဖြစ်ပါတယ်။

သင်ဇာက သရုပ်ဆောင်ပိုင်းမှာ တာဝန် ကျေသလို ဇာတ်ရုပ် မျိုးစုံကို သဘာဝကျကျ ဖန်တီးတတ်တာ ဖြစ်ပါတယ် ။ ချောမောလွန်းတဲ့ရုပ်ရည်လေးကိုပါ ပိုင်ဆိုင်ထားတဲ့ သင်ဇာက ကျစ်လျစ်လှပတဲ့ခန္ဓာကိုယ်လေးနဲ့ ဆွဲဆောင်မှုရှိတာလည်း ဖြစ်ပါတယ် ။ သူများတွေနဲ့မတူတဲ့ ကိုယ်ပိုင်စတိုင်လ်နဲ့ နေထိုင်တတ်တဲ့ သင်ဇာ ရဲ့ပုံစံက အမြဲတမ်းလွတ်လပ်ပေါ့ပါးနေတာဆိုရင်လည်း မမှားပါဘူးနော် ။

လတ်တလောမှာတော့ သင်ဇာ တစ်ယောက် လေ့ကျင့်ခန်းတွေပုံမှန်လုပ်တာကြောင့် ခန္ဓာကိုယ်အချိုးအစားပြေပြစ်ပြီး ပိုလှလာတာ ဖြစ်ပါတယ် ။ အခုလည်း သင်ဇာက အဖြူရောင်ရှပ်အင်္ကျီလေးနဲ့ ဂျင်းဘောင်းဘီအတိုလေးကို ဝတ်ဆင်ကာ အပြတ်အသတ်လန်းနေတဲ့ပုံလေးတွေကို ချပြလိုက်တာ ဖြစ်ပါတယ် ။ ကဲ ချစ်ပရိသတ်တွေအတွက် မင်းသမီးချောလေး သင်ဇာဝင့်ကျော် ရဲ့ရင်ခုန်စွဲမက်ရာ အမိုက်စားပုံရိပ်တွေကို ပြန်လည်မျှဝေပေးလိုက်ပါတယ်နော် ။

Source :Thinzar Wint Kyaw’s FB Page