ဒေါသတွေ နဲ့ အကြမ်းဖက် ဖို့ အသင့်ဖြစ်နေ တဲ့ ဆန္ဒပြလူ အုပ်ကြီး ကို မျက်ရည်တွေ နဲ့ နှုတ်ဆက် ပြန်သွားစေ ခဲ့ တဲ့ အမေရိကန် ရဲတပ်ဖွဲ့ ရဲ့ လေးစားဖွယ် လုပ်ရပ်

ဒေါသတွေ နဲ့ အကြမ်းဖက် ဖို့ အသင့်ဖြစ်နေ တဲ့ ဆန္ဒပြလူ အုပ်ကြီး ကို မျက်ရည်တွေ နဲ့ နှုတ်ဆက် ပြန်သွားစေ ခဲ့ တဲ့ အမေရိကန် ရဲတပ်ဖွဲ့ ရဲ့ လေးစားဖွယ် လုပ်ရပ်

အမေ ရိကန်နိုင်ငံ မိုင်ယာမီ Dade County ရဲဌာနချုပ်က ဆန္ဒပြပွဲ ကို ဖြေရှင်း သွားပုံလေး အရမ်းလေးစား ဖို့ကောင်းပါတယ်မနေ့ နေ့လယ်က အဲ့ ရဲဌာနချုပ်ကို ဆန္ဒပြသူတွေ ဝိုင်းလာတော့ စခန်းထဲက ရဲ အရာရှိ‌တွေ‌ ရော ၊ ရဲတပ်သားတွေပါ အကုန် ရှေ့ထွက် သူ တို့ကို ခွင့်လွှတ်ပေး ဖို့ ဒူးထောက် တောင်းပန်ခဲ့ကြ ပါတယ်။

အဲ့တော့ ဆန္ဒပြ တဲ့ ပြည်သူတွေ လည်း စိတ် မကောင်းဖြစ်ကုန်ပြီး ငိုယိုကာ ဒူးပြန်ထောက်ကြပါတယ်။ နောက်ဆုံးတော့ သူငို၊ ကိုယ်ငိုနဲ့ George Floyd အတွက် အတူတကွ ဒူးထောက်ဆုတောင်းရင်း ဆန္ဒပြပွဲကြီး ပြီးဆုံးသွားခဲ့ ပါ တယ် ။ ဒီကိစ္စလေး တစ်ခုအတွက် ကျွန်တော်တို့ အပေါ် လူထု အထင်မှားပြီး အယုံ အကြည် ကင်းမဲ့တာ မခံနိုင်ဘူး လို့ ရဲအရာရှိ တစ်ဦးက ရင်ဖွင့်ခဲ့ ပါ တယ်။

ဒီဆန္ဒပြွဲ့တွေ ဟာ George Floyd လို့အမည် ရတဲ့ လူမည်းအမျိုးသား တစ်ဦး ကို ရဲတပ်ဖွဲ့ဝင် တစ်ဦးက ဖမ်းဆီးရင်း လည်ပင်း ကို ဒူးနဲ့ (၉)မိနစ် ကြာဖိထားလို့ သေဆုံး ခဲ့ရာက စတင်ခဲ့တဲ့ ဆန္ဒပြပွဲတွေဖြစ်ပါတယ် ဆန္ဒပြပွဲတွေဟာ အမေရိကန် နိုင်ငံအနှံ့မှာ ဖြစ်ပေါ်ခဲ့ပြီး အကြမ်းဖက်မှုတွေပါ ဖြစ်ပေါ်ခဲ့တာ ဖြစ်ပါတယ်…စတိုးဆိုင်တွေ ကို လုယက်မှု အပါအဝင် ရဲစခန်းတွေ ကိုလည်း မီးရှို့ခဲ့ ကြ ပါတယ်

Crd: That Ngai