သေတဲ့ အထိ ချာလီချက်ပလင် ပုံစံအတိုင်း နေထိုင်သွားတော့မယ့် အကြောင်းပြောပြလာတဲ့ မြန်မာနိုင်ငံက “ကိုချာလီ”

အသံတိတ်ရုပ်ရှင်ခေတ်က လူအများ အားပေးခဲ့ကြတဲ့ သရုပ်ဆောင်ချာလီချပလင်ကတော့ အခုအချိန်ထိ မြင်လိုက်သူတိုင်းကို ပြုံးပျော်သွားစေတဲ့သရုပ်ဆောင်တစ်ဦးပါ။ရန်ကုန်မြို့က ချာလီချပလင်ကိုရူးသွပ်တဲ့ ပရိသတ်တစ်ဦးကတော့ သူရူးသွပ်တဲ့အနုပညာဇာတ်ရုပ်ဖြစ်တဲ့ ချာလီချပလင်ပုံစံအတိုင်းနေနေခဲ့တာ ၁၀နှစ်နီးပါးရှိပြီးလို့သိရပါတယ်။ ချာလီချပလင်ဇာတ်ရုပ်ကို ရူးသွပ်တဲ့ ကိုချာလီကတော့ကျွန်တော် အခုဆို ၁၀ နှစ်နီးပါးလောက်ရှိသွားပြီပေါ့နော် ဒီပုံစံအတိုင်းလေးပဲ ရူးသွပ်တာတော့ တော်တော်ရူးသွပ်တယ် သဘောလည်းကျတယ် ဒီတုတ်ကောက်တို့ဘာတို့ ကိုယ်တိုင်ပဲဖန်တီးထားတာ”

“ကျွန်တော်ကတော့ သေတဲ့ အထိမပြောင်းလဲဘဲ ချာလီချာပလင်အတိုင်းပဲ ဒီအတိုင်းပဲနေမယ် အနုပညာအနေနဲ့ခေါ်ရိုက်လည်း ရိုက်မယ် မရိုက်လည်း သေတဲ့အထိ ဒီလိုပဲနေမယ်ဆုံးဖြတ်ထားတယ်“ကိုယ်ကလည်း သူများပျော်ရွှင်အောင်လုပ်ပေးတယ် ကျွန်တော်မိသားစုအတွက်လည်း မျက်နှာမငယ်ရအောင် အရင်က တက္ကစီ ဆွဲတယ် အခုတော့ ကျွန်တော့်ဘောစိအိမ်မှာ ကားမောင်းပါတယ်” လို့ဆိုပါတယ်။သူ့ရဲ့အနုပညာရယ် မိသားစုစားဝတ်နေရေးနဲ့ပတ်သတ်ပြီး“ရိုက်ကူးရေးတို့ဘာတို့ဆိုရင် ကျွန်တော့်အမျိုးသမီးက အဝတ်အစားကအစ ဖန်တီးပေးတယ် အကျီအဝတ်အစားဝယ်ပေးတာကအစ ကျွန်တော့်အမျိုးသမီးက ကျွန်တော့်ကို အများကြီးပံ့ပိုးပေးတယ်” “မိသားစုတွေ အားလုံးက ကျွန်တော့်ပုံစံကိုအားပေးကြပါတယ် ကိုဗစ်ကြောင့်စားဝတ်နေရေး ဒုက္ခရောက်တဲ့အပေါ် နောင်တတော့မရပါဘူး ကိုဗစ်ဒုတိယလှိုင်းဖြစ်လာတော့ အနုပညာအလုပ်မလုပ်ဖြစ်ဘူး ကျွန်တော့်ကိုခေါ်ရင်တော့ ဝင်ရိုက်တယ် အခုနောက်ပိုင်း အနုပညာလည်းမလုပ်ဖြစ် တက္ကစီလည်းမမောင်းဖြစ်ဘူး ဖြစ်နေတာပေါ့”“ သူတို့ခေါ်ရင် ဇာတ်ရုပ်နဲ့ကိုက်မှ ခေါ်ရိုက်တာပေါ့ ကျွန်တော်က ဒီပုံစံအတိုင်းပဲသဘောကျတယ် အဲ့တာကြောင့်လည်း ကျွန်တော်ဒီပုံစံအတိုင်းပဲနှစ်ကြာရှည်နေတယ် ကျွန်တော့်ဟာတွေအကုန်ကလည်းအစစ်တွေ ” လို့ဆိုပါတယ်။

ကိုချာလီကတော့“လူတွေက ကျွန်တော့်ကိုတွေ့ရင် ပျော်ကြတယ် ကျွန်တော်ကလည်းဝမ်းသာတယ် ကိုဗစ်ကြောင့်Mask တပ်ရပေမယ့် ကျွန်တော်ကတော့ ဒီနှုတ်ခမ်းမွှေးကိုထားမှာပဲ mask ဖြုတ်လိုက်ချိန် ကျွန်တော့်ကိုမြင်လိုက်တဲ့သူက ဟိုမှာ ချာလီဆိုပြီး ပျော်သွားရင် ကျေနပ်တယ်”လို့ ဆိုကာ ပရိသတ်တွေကိုလည်း “မိသားစုအားလုံး ကျန်းမာကြပါစေ”လို့ အမှတ်တရအနေနဲ့ဆုတောင်းပေးလိုက်ပါတယ်။ပရိတ်သတ်ကြီးရေ ပရိတ်သတ်ကြီးအတွက် အင်တာဗျူးVideo အပြည့်အစုံကိုလည်း တင်ဆက်ပေးလိုက်ပါတယ်နော်။

crd

အသံတိတ္႐ုပ္ရွင္ေခတ္က လူအမ်ား အားေပးခဲ့ၾကတဲ့ သ႐ုပ္ေဆာင္ခ်ာလီခ်ပလင္ကေတာ့ အခုအခ်ိန္ထိ ျမင္လိုက္သူတိုင္းကို ၿပဳံးေပ်ာ္သြားေစတဲ့သ႐ုပ္ေဆာင္တစ္ဦးပါ။ရန္ကုန္ၿမိဳ႕က ခ်ာလီခ်ပလင္ကို႐ူးသြပ္တဲ့ ပရိသတ္တစ္ဦးကေတာ့ သူ႐ူးသြပ္တဲ့အႏုပညာဇာတ္႐ုပ္ျဖစ္တဲ့ ခ်ာလီခ်ပလင္ပုံစံအတိုင္းေနေနခဲ့တာ ၁၀ႏွစ္နီးပါးရွိၿပီးလို႔သိရပါတယ္။ ခ်ာလီခ်ပလင္ဇာတ္႐ုပ္ကို ႐ူးသြပ္တဲ့ ကိုခ်ာလီကေတာ့ကြၽန္ေတာ္ အခုဆို ၁၀ ႏွစ္နီးပါးေလာက္ရွိသြားၿပီေပါ့ေနာ္ ဒီပုံစံအတိုင္းေလးပဲ ႐ူးသြပ္တာေတာ့ ေတာ္ေတာ္႐ူးသြပ္တယ္ သေဘာလည္းက်တယ္ ဒီတုတ္ေကာက္တို႔ဘာတို႔ ကိုယ္တိုင္ပဲဖန္တီးထားတာ”

“ကြၽန္ေတာ္ကေတာ့ ေသတဲ့ အထိမေျပာင္းလဲဘဲ ခ်ာလီခ်ာပလင္အတိုင္းပဲ ဒီအတိုင္းပဲေနမယ္ အႏုပညာအေနနဲ႔ေခၚ႐ိုက္လည္း ႐ိုက္မယ္ မ႐ိုက္လည္း ေသတဲ့အထိ ဒီလိုပဲေနမယ္ဆုံးျဖတ္ထားတယ္“ကိုယ္ကလည္း သူမ်ားေပ်ာ္႐ႊင္ေအာင္လုပ္ေပးတယ္ ကြၽန္ေတာ္မိသားစုအတြက္လည္း မ်က္ႏွာမငယ္ရေအာင္ အရင္က တကၠစီ ဆြဲတယ္ အခုေတာ့ ကြၽန္ေတာ့္ေဘာစိအိမ္မွာ ကားေမာင္းပါတယ္” လို႔ဆိုပါတယ္။သူ႔ရဲ႕အႏုပညာရယ္ မိသားစုစားဝတ္ေနေရးနဲ႔ပတ္သတ္ၿပီး“႐ိုက္ကူးေရးတို႔ဘာတို႔ဆိုရင္ ကြၽန္ေတာ့္အမ်ိဳးသမီးက အဝတ္အစားကအစ ဖန္တီးေပးတယ္ အက်ီအဝတ္အစားဝယ္ေပးတာကအစ ကြၽန္ေတာ့္အမ်ိဳးသမီးက ကြၽန္ေတာ့္ကို အမ်ားႀကီးပံ့ပိုးေပးတယ္” “မိသားစုေတြ အားလုံးက ကြၽန္ေတာ့္ပုံစံကိုအားေပးၾကပါတယ္ ကိုဗစ္ေၾကာင့္စားဝတ္ေနေရး ဒုကၡေရာက္တဲ့အေပၚ ေနာင္တေတာ့မရပါဘူး ကိုဗစ္ဒုတိယလႈိင္းျဖစ္လာေတာ့ အႏုပညာအလုပ္မလုပ္ျဖစ္ဘူး ကြၽန္ေတာ့္ကိုေခၚရင္ေတာ့ ဝင္႐ိုက္တယ္ အခုေနာက္ပိုင္း အႏုပညာလည္းမလုပ္ျဖစ္ တကၠစီလည္းမေမာင္းျဖစ္ဘူး ျဖစ္ေနတာေပါ့”“ သူတို႔ေခၚရင္ ဇာတ္႐ုပ္နဲ႔ကိုက္မွ ေခၚ႐ိုက္တာေပါ့ ကြၽန္ေတာ္က ဒီပုံစံအတိုင္းပဲသေဘာက်တယ္ အဲ့တာေၾကာင့္လည္း ကြၽန္ေတာ္ဒီပုံစံအတိုင္းပဲႏွစ္ၾကာရွည္ေနတယ္ ကြၽန္ေတာ့္ဟာေတြအကုန္ကလည္းအစစ္ေတြ ” လို႔ဆိုပါတယ္။

ကိုခ်ာလီကေတာ့“လူေတြက ကြၽန္ေတာ့္ကိုေတြ႕ရင္ ေပ်ာ္ၾကတယ္ ကြၽန္ေတာ္ကလည္းဝမ္းသာတယ္ ကိုဗစ္ေၾကာင့္Mask တပ္ရေပမယ့္ ကြၽန္ေတာ္ကေတာ့ ဒီႏႈတ္ခမ္းေမႊးကိုထားမွာပဲ mask ျဖဳတ္လိုက္ခ်ိန္ ကြၽန္ေတာ့္ကိုျမင္လိုက္တဲ့သူက ဟိုမွာ ခ်ာလီဆိုၿပီး ေပ်ာ္သြားရင္ ေက်နပ္တယ္”လို႔ ဆိုကာ ပရိသတ္ေတြကိုလည္း “မိသားစုအားလုံး က်န္းမာၾကပါေစ”လို႔ အမွတ္တရအေနနဲ႔ဆုေတာင္းေပးလိုက္ပါတယ္။ပရိတ္သတ္ႀကီးေရ ပရိတ္သတ္ႀကီးအတြက္ အင္တာဗ်ဴးVideo အျပည့္အစုံကိုလည္း တင္ဆက္ေပးလိုက္ပါတယ္ေနာ္။

crd