ဆေးလိပ် အရက် မသောက်တာ တောင် ကိုဗစ်ရောဂါဆိုးကြီးအား အလူးအလဲ ခံလိုက်ရသူမှ ပြောပြလာတဲ့ ကိုယ်တွေ့ အတွေ့အကြုံ

ကိုဗစ်စစစ်တဲ့နေ့ကနေ စပြီး အစစအရာရာ ဂရုစိုက်ပေးခဲ့သော ဧရာဝတီစင်တာမှ ဆရာဝန်၊ ဆရာမများ၊ သူနာပြုများ ၊ဗော်လန်တီယာများ နှင့် ဧရာဝတီစင်တာမှကိုဗစ်လူနာဗော်လန်တီယာများ အားလုံးကိုလှိုက်လှိုက်လှဲလှဲ ကျေးဇူးတင်ကြောင်း ပြောကြားလိုပါတယ်။ ကျွန်တော့်အတွက် လိုအပ်တာပံ့ပိုးကူညီပေးခဲ့ကြတဲ့ ဟာနာကုမ္ပဏီ၊ ငှက်သိုက်တွေ တကူးတက ပို့ပေးတဲ့ Happy Agency မှ ရာဇာနဲ့ မသိရီ၊ သူ့အဖေအတွက် အစားသောက်တွေပို့ပေးရင်း ကျွန်တော့်အတွက်ပါထည့်ပို့ပေးတဲ့ မိုက်ကယ်ကြီး ကိုလည်း ကျေးဇူးတင်ပါတယ်။ နောက်ဆုံး ကျေးဇူးတင်ရမှာက ကျွန်တော်နေပြန်ကောင်းလာအောင် စိတ်ဓာတ်ခွန်အားပေးတဲ့ ချစ်ရတဲ့မိသားစုနဲ့ ပုကျုလေးပါပဲ။ ကျွန်တော် အိမ်မှာ နေမကောင်းဖြစ်ပြီး အသက်ရှူမဝဖြစ်လာတာနဲ့ ကျွန်တော်တို့ လင်မယား ၂ယောက်ကိုယ့်အသိစိတ်ဓာတ်နဲ့ကိုယ် ဧရာဝတီစင်တာမှာ

အောက်တိုဘာလ ၂၀ ရက်နေ့က သွားစစ်ခဲ့ပါတယ်။ ကိုဆန်းလင်းနဲ့ ကိုမိုးဝေတို့ အစစရာရာ ဝိုင်းဝန်းကူညီပေးခဲ့ကြလို့လဲ အဆင်ပြေခဲ့တာပါ။ နေ့လည်ပိုင်းကိုဖေဖေနဲ့ မေမေပါ စစ်ခဲ့ပါတယ်။ ကျွန်တော်တို့ လင်မယား ၂ယောက်က positive အဖြေထွက်ပြီး ကံကောင်းစွာပဲ မေမေနဲ့ ဖေဖေက Negative အဖြေထွက်ခဲ့ပါတယ်။ စသွားကတည်းက အထုပ်ပိုးတွေယူသွားခဲ့တာမို့ တခါတည်းဧရာဝတီစင်တာ ၂ မှာ နေခဲ့ရပါတော့တယ်။ ပထမ တညက ပုကျုနဲ့ ကျွန်တော် အဆောင်တူ အခန်းတူနေရပေမယ့် ကျွန်တော့် အခြေအနေက ညဘက်အဖျားတွေတက် မောဟိုက်လာတာမို့ နောက်တနေ့မနက် ECG ရိုက်ရတယ်။ လက်ကိုလည်းဆေးတွေထိုးပါတယ်။ဒါနဲ့ ၂၁ ရက်နေ့ မနက်ပိုင်းကျွန်တော့်ကိုဧရာဝတီ စင်တာ ၁ ကို အောက်ဆီဂျင်တပ်ထားလျက်နဲ့ ရွှေ့ရပါတော့တယ်။ ဘဝမှာ စိတ်မကောင်းဆုံး အခိုက်အတန့်ကို ကြုံရတာပါပဲ

ကိုယ်တိုင်ကလဲ မောဟိုက်နေ၊ ပုကျုလေးကလဲ ငိုနေရှာတာ ကျွန်တော့်လာခေါ်တဲ့ ဆေးရုံကားထွက်သွားတဲ့အထိစင်တာ ၁ မှာ ငေးကျန်ခဲ့ရှာပါတော့တယ်။ အတိုချုံးပြောရရင် ပထမပိုင်းရက်တွေ ညပိုင်း အဖျားတွေတက်ပါတယ်။ အိမ်သာလမ်းလျှောက်သွားတောင်တလှပ်လှပ်နဲ့မောပါတယ်။ အောက်ဆီဂျင် level တွေလဲကျပါတယ်။ ဒါ ကျနော် ဆေးလိပ်မသောက်၊ အရက်မသောက် (အရက်ဘီယာ မသောက်တာ ၇ လကျော်ခဲ့ပါပြီ) တာတောင် တော်တော်ခံရပါတယ်။ အောက်ဆီဂျင် level ပြန်တက်လာအောင် နေ့နေ့ ညည အောက်ဆီဂျင်အိုးနဲ့ ရှူခဲ့ရပါတယ်။ ပုကျုကတော့ ပထမ ၁ရက်သာ ဖျားပြီးနေကောင်းတာကြောင့် စင်တာ ၁ မှာ ဗော်လန်တီယာ အဖြစ် ကူညီပြီးဆင်းတဲ့အထိ ကျန်းကျန်းမာမာပါပဲ။ ကျွန်တော်ကတော့ စင်တာ ၂ ရောက်ပြီး ၄ ရက်လောက်နေမှနေပြန်ကောင်းလာတယ်၊ အောက်ဆီဂျင် level ပြန်တက်လာတယ်။

ကျွန်တော်ရော ပုကျုရော ဧရာဝတီစင်တာမှာစုစုပေါင်း ၁၀ ရက်နေ့ခဲ့ရပြီး ဆေးရုံက ပြန်ဆင်းလို့ ဒီနေ့ ပဲ အိမ်ပြန်ရောက်ပါတယ်။ (အိမ်ပြန်ရောက်လို့ နေလည်း ကောင်းနေပါပြီ အားလုံးစိတ်ပူနေကြမှာစိုးလို့ နေပြန်ကောင်းပြီးအိမ်ရောက်မှ တင်တာပါ။ ကျွန်တော် နေကောင်းပါတယ် ကျေးဇူးတင်ပါတယ်) ကိုဗစ် ဘယ်ကကူးလဲတော့ မမေးပါနဲ့ ကျွန်တော်တို့ လင်မယား ၂ယောက်လုံးလဲ ဘယ်သွားသွား ပြန်လာရင်ဂရုစိုက်ကြတဲ့သူတွေပါ အိမ်မှာပဲ အများအားဖြင့်နေပါတယ် သွားတာဆိုလို့ လမ်းထိပ် စီးတီးမတ်နဲ့ ATM သာရှိပါတယ်။ Work from home လုပ်နေတာလဲ ကြာပါပြီ။ အိမ်မှာ လူကြီးတွေရှိလို့ အရမ်းဂရုစိုက်နေတဲ့ ကြားကဖြစ်တာပါ။ ဆိုတော့ ဘယ်ကကူးတာလဲ ဆိုတာထက် မိတ်ဆွေတို့လဲ မပေါ့ပါနဲ့ အဓိကကကိုယ်ခံအားကောင်းအောင် မှန်မှန်အိပ် မှန်မှန်စားပါ။ ကိုဗစ်က နေရာစုံက ကူးနိုင်ပါတယ်။ စင်တာမှာ အသက်ကြီးပိုင်းတွေ တော်တော်ရုန်းကန်နေကြရပါတယ်။ တနေ့ တနေ့ ရောက်လာတဲ့ လူနာတွေအများကြီးပါပဲ။ ဧရာဝတီစင်တာမှာ နေ့စဉ်လူပေါင်းများစွာကို ကျွေးမွေး ကုသပေးနေရတာမလွယ်ကူလှပါဘူး။ အလှူရှင် ဧရာဝတီဖောင်ဒေးရှင်းကြောင့်သာ လူနာတွေ သက်သောင့်သက်သာ ကုသနိုင်တာပါ။ အဲ့ဒီတော့ မိတ်ဆွေတို့လည်း တတ်နိုင်သလောက် ဧရာဝတီစင်တာကိုဝိုင်းဝန်း လှူဒါန်းပေးကြဖို့လည်း တိုက်တွန်းလိုပါတယ်။ ကျွန်တော်တို့တော့ ကိုဗစ်နဲ့ ကြုံကြိုက်ပြီးသွားပြီ ထပ်ပြီး ကူးစက်မခံရအောင် ဒိထက်ပိုဂရုစိုက်ဖို့ပဲ ရှိတော့တယ်။ ကိုဗစ်ဖိစီးမှုကြောင့်ဝိတ်လဲ ၁၂ ပေါင်လောက် ကျပြီး လူပါ ချောင်လည်လည်ဖြစ်သွားခဲ့ပြီးပြီ။ အားလုံးပဲကိုဗစ်ကင်းစင် နေကောင်းကြပါစေ။ လူစုလူဝေး တတ်နိုင်သလောက်ရှောင်ပြီး ကျန်းမာရေးလမ်းညွှန်ချက်များ အတိုင်းနေထိုင်ကြပါ။ ကိုဗစ်ကို မပေါ့ကြပါနဲ့လို့ပဲ ပြောချင်ပါတယ်။

crd