“ပြည်သူ့ဝန်ထမ်း စစ်စစ် တစ်ယောက်ရဲ့ဘဝက ဒီလို တဲ့လား….စိတ်မကောင်း လိုက်တာ
|“ပြည်သူ့ဝန်ထမ်း စစ်စစ် တစ်ယောက်ရဲ့ဘဝက ဒီလို တဲ့လား….စိတ်မကောင်း လိုက်တာ
ရွှေခရာယူနီဖောင်းဟောင်းလှပေါ့ ဒီချိန်ခါ
🚥 ကြည့်စမ်း ပါဦး
မကွေးက ပြည်သူ့ဝန်ထမ်းကြီးရဲ့ ယူနီဖောင်း
အဟောင်း လို့တောင် ဆိုမရဘဲ
အစုတ်ဘက်ကို သွားနေပြီ။
🚥 ကြည့်စမ်းပါဦး
ဒီယူနီဖောင်းကိုပင် ဝတ်လို့ရပါ သေးတယ်
သူ့လို ချင်တာ ဘောင်းဘီလို့ပြောရှာတဲ့
တစ်ကယ့် ရဲစစ်စစ်။
🚥 ကြည့်စမ်းပါဦး
နှစ်စုံလောက်ချုပ်ဖို့ ကြိုးစားပေးမယ် ပြောတော့
တစ်စုံဆိုရင် အဆင်ပြေပါတယ်တဲ့
ပြန်ပြောဖို့စကား ဆွံ့အခဲ့။
🚥 ကြည့်စမ်းပါဦး
ဖိနပ်တစ်ရံ နှစ်သောင်းခြောက်ထောင် ဆိုတော့
ဈေးကြီးတယ် မလုပ်ပါ နဲ့တဲ့
ရင်ထဲကပါပါ ငြင်း တာပါ။
🚥 ကြည့်စမ်းပါဦး
နှစ်သိန်းကျော်လစာ ယူနီဖောင်း မချုပ်နိုင်ရှာဘူး
ဖိနပ်အသစ် တစ်ရံ ဝယ်မစီးနိုင်ဘူး
ဒါယာဉ် ထိန်းအစစ်တွေရဲ့ ဘဝမှန်။
Credit ကိုမိုး(မေကြးပရဟိတ)