ရင်သား ဆီလီကွန် ထည့်ထားတဲ့ အသိမိတ်ဆွေ တွေကို အမြဲတမ်း လိုက်ကိုင်တယ် ဆိုတဲ့ ခင်သဇင်

ပရိသတ်ကြီးရေ အမြဲပရဟိတအလုပ်တွေကို လုပ်ဆောင် တတ်တဲ့ ခင်သဇင်ကတော့ အမြဲအနုပညာ အလုပ်တွေကို ရရင်ရသလို ကြိုးစားလုပ်ကိုင်နေတဲ့ မင်းသမီးလေး တစ်ဦးဆိုလည်းမမှားပါဘူးနော်။ ခင်သဇင်ကတော့ ဇာတ်လမ်းတွဲတွေကနေ ပရိသတ်တွေစတင်သတိထားမိလာပြီး ပရိသတ်တွေ ပါးစပ်ဖျားမှာ ရေပန်းစားနေတဲ့ ” ထာဝရနှောင်ကြိုး ” ရုပ်ရှင်ဇာတ်ကားကြီး မှာလည်း ပါဝင် အားဖြည့်ထားသူ တစ်ယောက်ပါ။

ခင်သဇင်ကတော့ အနုပညာအလုပ်တွေ သာမက ပညာရေး ဘက်မှာလည်းထူးချွန်တဲ့ ပါရမီရှိ သူတစ်ယောက်လို့ဆိုရမှာပါ။ အားလပ်တဲ့ အချိန်တွေမှာလည်း ပရဟိတအလုပ်တွေကိုလုပ်ကိုင်ပြီး တတ်မြောက်ထား တဲ့ပညာတွေ နဲ့ပြည်သူတွေကိုအကျိုးပြုစေမယ့် အလုပ်တွေကိုလုပ်ဆောင်ရတာကြိုက်နှစ်သက်သူလေးလို့လဲ သိရပါတယ်။

အခုနောက်ပိုင်း ကြော်ငြာတွေအပြင် အနုပညာပွဲတွေ ဆက်တိုက် တက်ရောက်ကာ အောင်မြင်မှုလမ်းကြောင်းပေါ်လျှောက်လှမ်း နေပြီပဲ ဖြစ်ပါတယ်။ “သူများတွေ ရင်သား ဆီလီကွန် ထည့်ထားတာကို သဘောကျပြီး ကိုယ်တိုင် ထည့်ဖို့ စီစဉ် ခဲ့ဖူးတယ်။ ဆရာဝန် က ဆီလီကွန် ထည့်လိုက်ရင် အရမ်းကြီးပြီး ကြည့်မကောင်း ဖြစ်သွားမယ် ပြောလို့ မထည့်ဖြစ်ခဲ့ဘူး။ အသိတွေ ဆီလီကွန် ထည့်ထားရင် သွားသွား ကိုင်ကြည့် ဖြစ်တယ်” လို့ ပြောလာတဲ့ သရုပ်ဆောင် ခင်သဇင် နှင့် ခဏတာ။

zawgyi


