အာဇာနည် ကို ပိုက်ဆံတွေ အများကြီး ပုံပေးလိုက်တယ်ဆိုတဲ့ ကောလဟာလကို ဖြေရှင်းလာတဲ့ The Voice ပြိုင်ပွဲဝင် သက်ရတနာကျော်ဝင်း

G ( ခေါ် ) သက်ရတနာကျော်ဝင်း ဟာ The Voice Myanmar (Season 3) Blind Auditions သီချင်းဆိုပြိုင်ပွဲမှာ “It Will Rain” သီချင်းနဲ့ ဝင်ရောက်ယှဉ်ပြိုင်ခဲ့တာဖြစ်ပါတယ်။ ပြိုင်ပွဲဝင်စဉ်တုန်းက မြန်မာလူမျိုးဖြစ်ပြီး မြန်မာစကားကို ကျွမ်းကျွမ်းကျင်ကျင် မပြောတတ်ဖူးလို့ ပြောခဲ့မိတာကြောင့် တချို့သော သူတွေနဲ့ ဝေဖန်မှုတွေကိုလည်း ခံခဲ့ပါသေးတယ်။ ယခုတပတ်မှာတော့ G ဟာ Battle Round ထုတ်လွှင့်မှုမှာ ရှုံးနိမ့်ခဲ့ပေမယ့် R ဇာနည်ရဲ့ Save လုပ်သွားခြင်းကိုခံခဲ့ရတာဖြစ်ပြီး ပိုက်ဆံတွေပုံပေးခဲ့တယ်လို့ ကောလဟာလတွေထွက်ပေါ်လာခဲ့တာပါ ဒီလိုကောလဟာလတွေကို G ကအခုလို ဖြေရှင်းလာခဲ့တာပါ”

အရင်ဆုံး ကျေးဇူး တင်တဲ့ စကားစပြောချင်ပါတယ် ဘယ်သူမှမလှည့်တုန်းကလည်းမနီနီလှည့်တယ်ပေါ့ မနီနီမရွေးတော့လည်း ကို R ဇာနည် Save လုပ်လိုက်လို့လည်း ကျေးဇူးတင်ပါတယ် ကိုယ့်ကိုကိုယ်သွားပြီလို့ပဲထင်တာပေါ့ Battle Round ကကြတော့ ကိုယ့်ထက်စာရင် ကိုယ်နဲ့ပြိုင်တဲ့ ပြိုင်ဘက်ကိုပဲတက်သွား စေချင်တယ် အချင်းချင်းခင်ကြတော့လေ နှစ်ယောက်လုံးပါစေချင်တယ် ကိုယ်အရွေးခံရရင်လည်းပျော်မှာမဟုတ်ဘူး နှစ်ယောက်လုံးပါသွားလို့လည်း ကျေးဇူးတင်ပါတယ် အရမ်းလည်း ဝမ်းသာပါတယ်

အစတည်းကလည်း ကို R ဇာနည် ကို ကြိုက်တာ ပြောပြပြီးသားပါ သူမရွေးတုန်းကလည်း အရမ်းဝမ်းနည်းနေတာမျိုးမရှိပါဘူး တစ်ယောက်လှည့်တာကိုပဲအရမ်းဝမ်းသာနေပြီဆိုတော့လေ အခုကို R ဇာနည်က ထပ် Save လိုက်တယ်ဆိုတော့ ဘယ်လိုပြောရမှန်းတောင်မသိဘူး အဲ့ဒီနေ့ကလည်း Social Distancing ကြောင့် လူချင်းထိလို့ မရလို့သာပေါ့ နောက်မို့ဆိုညီမ ကို R ဇာနည်ကိုသွားဖက်ချင်တယ်။ညီမကို Save လိုက်လို့ သူဘယ်လောက်ခိုင်သွားလဲပေါ့ ဒီလူကို Save လိုက်ရတာ အဲ့လိုပြောကြတယ်ပေါ့ တကယ်တော့ ပြိုင်တာက အရင်ကတည်းက ခုမှ လွှင့်တာဆိုတော့ အဲ့တုန်းက ညီမကို ဘယ်သူမှန်းလဲမသိဘူး ဒီ Blind Audition ထွက်လာတော့ မှ ညီမကို Public Comments တွေမှာပြောကြလို့သာ ညီမဘယ်သူဆိုတာ သိလာတာပါ

ညီမအဲ့တုန်းက ကို R ဇာနည်ကိုလည်း မပြောပြခဲ့ဘူး တကယ်တော့ ဒီလောက်ထိ လိုက်ရှင်းပြစရာမလိုပါဘူး လူတိုင်းထင်ချင်သလိုထင်လို့ရပါတယ် အဓိကကတော့ ညီမက ကို R ဇာနည်ကို ထိရင် မခံချင်ဘူးပေါ့ သူ့ကို အဆဲလည်းမခံစေချင်ဘူး တကယ်တော့ လူတွေက ညီမတို့မိသားစုကို ဘယ်လောက်ချမ်းသာတယ် ထင်နေလဲမသိဘူး တကယ်တမ်း ကိုယ့်ဟာကိုယ် အကြွေးတွေပတ်လည်နဲ့ ကိုဗစ်ကာလဆို ပိုတောင်ဆိုးသေးတယ် အဲ့လောက်ကြီး ပိုက်ဆံရှိတာလည်းမဟုတ်ဘူး ကို R ဇာနည်ကိုဆိုရင် ဘယ်လောက်ထိပေးမှ သူကလှည့်ပေးမှာလဲ ပေါပေါနဲ့တော့ ရမှာမဟုတ်ဘူးလေ ညီမတို့လည်း အဲ့လောက်ထိ မတတ်နိုင်သေးဘူးလို့ထင်တယ် ခုလောလောဆယ်မှာလေ အရမ်းကြီးချမ်းသာနေတယ်မြင်တာကလည်း အကောင်းဘက်ကမြင်ရင်ကောင်းပါတယ် လူတွေထင်သလောက်ကြီး မရှိနေဘူးလို့ ကိုယ့်ကိုကိုယ်ထင်တယ်” လို့ ပြောပြလာခဲ့တာဖြစ်ပါတယ်G ကတော့ သူမနဲ့ပတ်သတ်တဲ့သတင်းတွေကို ပြန်လည်ဖြေရှင်းလာခဲ့တာပဲဖြစ်ပါတယ်နော် အဆုံးထိဖတ်ရှုပေးကြလို့ ကျေးဇူးတင်ပါတယ်နော်။