ကိုဗစ်ရှေ့တန်း တိုက်စစ်မှူးတွေ ရဲ့ နွမ်းလျ အိမ်အပြန် ခရီး

ရေပြင်မှာထင်ကျန်ရစ်ခဲ့တဲ့ မြွေတို့၏ခြေရာလေးများ ဟိုး….အဝေးက စင်တာတွေမှာ Volunteer တွေ ကူးစက်ခံနေရသည့် သတင်းတွေကြားတိုင်း ဆိုက်ကိုဖောက်တယ် စိတ်ငြိမ်အောင် သီးသန့်တိတ်ဆိတ်ရာ ရှာတယ် နားကြပ်တပ်တယ် စာအုပ်ဖတ်တယ် မရပါဘူး သိသိ မသိသိ ဗော်လန်တီရာတွေ ကိုယ့်ရဲဘော် ရဲဘက်တွေပါပဲ ရင်ဘတ်ချင်း ဂျက်ပင်ထိုးထားကြသူတွေပဲမို့

ထပ်တူပါ ရှင်သန်ရာ ခဏဟာ အုပ်၁ချပ် သဲ၁ပွင့် ဝင်ပါလိုက်ကြတဲ့ ကပ်ဆိုးကြား တာဝန်မဟုတ်သည့် တာဝန်တစ်ခုဟာ တန်ဖိုးကြီးမားလွန်းလိုက်တာ ( ချစ်တတ်တာကိုး) တချို့က စိတ်ဓာတ်တွေကျနေတယ် တချို့က အိမ်ကပြန်ခေါ်ကုန်တယ် တချို့က အလုပ်တွေရှိလို့ ပြန်ကုန်တယ် တချို့က အနားပြန်ယူချင်ရှာကြတယ် ဒီသောက် ဗိုင်းရပ်က မပီးသေးဘူး အင်အားတွေက ချိ့နဲ့လာကြတယ် ရဲဘော်ရဲဘက်တွေ အိပ့်တန်းပြန်ကုန်ကြတယ် တွေ့ကြတယ် ဆုံကြတယ် အခန့်မသင့်တာတွေလည်း ရှိနိူင်တယ် ဒါပေမဲ့ အပြုသဘောတွေပါပဲ အတူတူအဆဲခံဖူးတယ် အားလုံးဟာ တူညီတဲ့ သဒ္ဒါတရားနဲ့ ခွန်အားတွေ လှူဖို့ ရောက်လာကြတဲ့အခါ ရင်ဘတ်ချင်းတော့ စစ်မှန်စွာဂျက်ပင်ထိုးခဲ့ကြတယ်

အိမ်တွင်းစားဝတ်နေရေး အိမ်ရဲ့ ဝေယျာဝစ္စ အိမ်ရဲ့ မိဘကလွဲ မည်သူမျှ မသိနိူင်ပါ အဲ့ဒီလိုပါပဲ ယနေ့ ရောဂါကြီးရဲ့ မြေပြင်အနေအထားသည် အဲ့ဒီကွင်းထဲက သက်ဆိုင်သူတွေသာ အသိဆုံးပေမို့ ကိုဗစ်ကမပီးသေးပါ ရေရှည်တိုက်ပွဲပေမို့ ကူးစက်မှု့နူန်းကမြင့်နေဆဲပါ တိုက်ပွဲဝင်ပေးနေတဲ့ သူတွေ တချို့တစ်ဝက်တော့ လျော့နည်းလာနေပါပြီ ဘာတွေဆက်ဖြစ်ကြမလဲ..? အပြင်လောကမှာ ဂရုစိုက်ကြပါ ဒါကြီးပီးရင် ဘဝတစ်ကွေ့မှာ ပြန်ဆုံကြမယ်

crd

zawgyi


ထပ်တူပါ ရှင်သန်ရာ ခဏဟာ အုပ်၁ချပ် သဲ၁ပွင့် ဝင်ပါလိုက်ကြတဲ့ ကပ်ဆိုးကြား တာဝန်မဟုတ်သည့် တာဝန်တစ်ခုဟာ တန်ဖိုးကြီးမားလွန်းလိုက်တာ ( ချစ်တတ်တာကိုး) တချို့က စိတ်ဓာတ်တွေကျနေတယ် တချို့က အိမ်ကပြန်ခေါ်ကုန်တယ် တချို့က အလုပ်တွေရှိလို့ ပြန်ကုန်တယ် တချို့က အနားပြန်ယူချင်ရှာကြတယ် ဒီသောက် ဗိုင်းရပ်က မပီးသေးဘူး အင်အားတွေက ချိ့နဲ့လာကြတယ် ရဲဘော်ရဲဘက်တွေ အိပ့်တန်းပြန်ကုန်ကြတယ် တွေ့ကြတယ် ဆုံကြတယ် အခန့်မသင့်တာတွေလည်း ရှိနိုင်တယ် ဒါပေမဲ့ အပြုသဘောတွေပါပဲ အတူတူအဆဲခံဖူးတယ် အားလုံးဟာ တူညီတဲ့ သဒ္ဒါတရားနဲ့ ခွန်အားတွေ လှူဖို့ ရောက်လာကြတဲ့အခါ ရင်ဘတ်ချင်းတော့ စစ်မှန်စွာဂျက်ပင်ထိုးခဲ့ကြတယ်

အိမ်တွင်းစားဝတ်နေရေး အိမ်ရဲ့ ဝေယျာဝစ္စ အိမ်ရဲ့ မိဘကလွဲ မည်သူမျှ မသိနိုင်ပါ အဲ့ဒီလိုပါပဲ ယနေ့ ရောဂါကြီးရဲ့ မြေပြင်အနေအထားသည် အဲ့ဒီကွင်းထဲက သက်ဆိုင်သူတွေသာ အသိဆုံးပေမို့ ကိုဗစ်ကမပီးသေးပါ ရေရှည်တိုက်ပွဲပေမို့ ကူးစက်မှု့နူန်းကမြင့်နေဆဲပါ တိုက်ပွဲဝင်ပေးနေတဲ့ သူတွေ တချို့တစ်ဝက်တော့ လျော့နည်းလာနေပါပြီ ဘာတွေဆက်ဖြစ်ကြမလဲ..? အပြင်လောကမှာ ဂရုစိုက်ကြပါ ဒါကြီးပီးရင် ဘဝတစ်ကွေ့မှာ ပြန်ဆုံကြမယ်