ချစ်စရာကောင်းတဲ့ကြောင်လေး နဲ့အတူ ဆော့ကစားရင်း အမိုက်စား ပုံစံတွေနဲ့ ပို့စ်အဆန်း လေးတွေ အပီအပြင်ပေးနေ တဲ့ သင်ဇာဝင့်ကျော်

မင်းသမီးချောလေး သင်ဇာဝင့်ကျော်ကတော့ ဗီဒီယိုဇာတ်ကားတွေနဲ့ ရုပ်ရှင် ဇာတ်ကားကြီးတွေရိုက်ကူးပြီး အနုပညာ လောကမှာ နေရာရနေတာ ဖြစ်ပါတယ် ။ အထူးသဖြင့် သင်ဇာဝင့်ကျော်က ကျရာဇာတ်ရုပ်မျိုးစုံကို သဘာဝကျကျ သရုပ်ဆောင်နိုင်စွမ်းရှိတဲ့ အနုပညာရှင်တစ်ဦးလည်း ဖြစ်ပါတယ် ။ သင်ဇာက သရုပ်ဆောင်အဖြစ်သာမက Model အဖြစ်ပါ ကြော်ငြာနဲ့ Photo Shooting တွေရိုက်ကူးနေရတာလည်း ဖြစ်ပါတယ် ။

ဆန်းသစ်လွန်းတဲ့ ခေတ်ပေါ်ဖက်ရှင်တွေကို ဝတ်ဆင် တတ်တာကြောင့် ဝေဖန်မှုဒဏ်တွေခံရလေ့ရှိတဲ့ သင်ဇာက Confidence အပြည်နဲ့ သူမရဲ့လမ်းကိုဆက်လက်လျှောက်လှမ်းနေတာ ဖြစ်ပါတယ် ။ ယောက်ျားလေးပရိသတ်တွေ တော်တော်များများကတော့ သင်ဇာ့ကို အပြတ်အသတ် အားပေးဝန်းရံနေကြတာ ဖြစ်ပါတယ် ။ အခုလတ်တလောမှာသင်ဇာက အရင်က ထက်တောင် တဖြည်းဖြည်းနဲ့ ပိုပိုပြီးလှလာတာကို မြင်တွေ့ရမှာ ဖြစ်ပါတယ် ။

ဒီနေ့လည်း သင်ဇာက ပြည်သူ့ရင်ပြင်ထဲမှာ လေ့ကျင့်ခန်း တွေလုပ်နေတဲ့ သူမရဲ့ပုံရိပ်အသစ်လေးတွေကို မျှဝေပေးထားတာ ဖြစ်ပါတယ် ။ သင်ဇာက ခပ်မိုက်မိုက်ပုံစံနဲ့ ပို့စ်တွေအပီအပြင်ပေးနေသလို ကြောင်လေးတစ်ကောင်နဲ့အတူ ဆော့ကစားရင်း ပျော်ရွှင်နေတာလည်း ဖြစ်ပါတယ် ။ ကဲ ချစ်ပရိသတ်တွေအတွက် မင်းသမီးချောလေး သင်ဇာဝင့်ကျော် ရဲ့ အမိုက်စားပုံရိပ်လေးတွေကို ပြန််လည်မျှဝေပေးလိုက်ပါတယ်နော်။

Source & Photo Credit-Thinzar Wint Kyaw’s FB Acc