အမှန်တကယ် ချစ်ကြသည့် ချစ်သူစုံတွဲများ ကိုယ်အလေးချိန် တက်လာကြောင်း တွေ့ရှိ

သိပ်ချစ်ကြတဲ့ ချစ်သူ စုံတွဲတွေက အချိန်ကြာရင် ဝလာတတ်ကြ ပါတယ်တဲ့ ။ အံ့ဩစရာကြီးနော် လေ့လာမှုတွေအရ အမြဲ ပျော်ရွှင်နေတဲ့ စုံတွဲတွေ၊ ဇနီးမောင်နှံတွေဟာ အလေးချိန် တက်လာ ပါတယ် တဲ့။

လက်ထပ်ထားသောစုံတွဲများ – မြောက်ကယ်လီဖိုးလီးယား တက္ကသိုလ်က လူပေါင်း ၈၀၀၀ ကျော်ကို လေ့လာမှု အပြီးမှာတော့ အိမ်ထောင်သည် အမျိူးသမီး တွေက လက်ထပ်ပြီး ၅ နှစ် ကနေ ၆ နှစ်အတွင်း ပျမ်းမျှအားဖြင့် ကိုယ်အလေးချိန် ၂၄ ပေါင် တက်လာ ပါတယ် ။ လက်မထပ်ရသေးတဲ့အမျိုးသမီးတွေက ကိုယ်အလေးချိန်၂၂ပေါင်တက်လာပါတယ်။ ပြီးတော့ ရည်းစားနဲ့ အတူတူမနေတဲ့ အမျိုးသမီး တွေက ကိုယ်အလေးချိန် ၁၃ ပေါင်တက် ပါတယ်။အမျိုးသားတွေလည်း အတူတူတက်ပါပဲ။ ချစ်သူနဲ့ လက်မထပ်ဘဲ ၇ နှစ်ထက် ပိုပြီး အတူနေတဲ့ အမျိုးသားတွေက ပေါင် ၅၀ ထိ တက်နိုင်ပြီး အတူမနေတဲ့ အမျိူးသားတွေက ၂၅ ပေါင်အထိ တက်နိုင် ပါတယ်။

အဲဒါကြောင့် ကြည်နူးစရာကောင်းတဲ့ အချစ်ရေးနဲ့ဝလာမှုက အတော်ကြီးကို ဆက်စပ် နေပါတယ်။ နှစ်တွေအကြာကြီး တွဲလာတဲ့ စုံတွဲတွေမှာ ဆေးလိပ်၊ အရက်ပြတ်သွားပြီး ပိုကျန်းမာ လာတာလည်း တွေ့ရပါတယ်။

အသစ်စက်စက် လက်ထပ်ထားသော စုံတွဲများ – အမျိုးသား ကျန်းမာရေး တက္ကသိုလ် ကလည်း အသစ်စက်စက် လက်ထပ် ထားတဲ့ စုံတွဲတွေမှာ ကိုယ်အလေးချိန်တက်လာခြင်းက ဘယ်လို အကျိုးသက်ရောက်မှာ ရှိလဲဆိုတာ လေ့လာ ခဲ့ကြ ပါတယ်။ အသစ်စက်စက်လက်ထပ်ထားပြီး ပျော်ရွှင်နေတဲ့ စုံတွဲတွေက အလေးချိန် တက်နိုင် ပါတယ်။ ဘာကြောင့်လဲဆိုတော့ တစ်ယောက်ကိုတစ်ယောက် ဆွဲဆောင်မ ှုရှိအောင် ပြင်ဆင်နေစရာ မလိုတော့လို့ ဖြစ်ပါတယ် ။ ဒါပေမယ့် စိတ်ဖိစီးမှု များရင်တော့ ကိုယ်အလေးချိန် မတက် လာနိုင် ပါဘူး။

ကိုယ်အလေးချိန် တက်တယ်ဆိုတာ တစ်ဦးမှတစ်ဦး အလွယ်တကူ ကူးစက်တဲ့ ရောဂါပါ။စုံတွဲတွေမှာ တစ်ယောက်ကအလေးချိန် တက်လာရင် နောက်တစ်ယောက် ကလည်း အလေးချိန် တက်လာဖို့ ၃၇ % ရှိလာပါတယ် ။ ဘာကြောင့်လဲ ဆိုတော့ တစ်ယောက်နဲ့ တစ်ယောက် အကျင့်တွေကူးစက် သွားလို့ပါ။ အဆင်မပြေတဲ့ စုံတွဲတွေဟာ အချိန်တွေကို အတူ မကုန်ဆုံးတတ်ကြလို့ အစားစားတဲ့ အလေ့အကျင့်တွေ ကူးစက်ဖို့ ခက်ခဲ ပါတယ်။ ပျော်ရွှင်နေတဲ့ စုံတွဲတွေလည်း ဖြစ်ပေမယ့်လည်း ကိုယ်အလေးချိန် မတက်လာတဲ့သူလည်း ရှိပါတယ်။ ဒီလေ့လာမှုတွေက အဝလွန်မှုကို တိုက်ဖျက်ဖို့ ရည်ရွယ် ပါတယ်။စုံတွဲတွေမှာ တစ်ယောက်ကိုတစ်ယောက် အကောင်းမြင်မှု၊ နားလည်မှု၊ ကျန်းမာမှုတွေက အရေးကြီး ပါတယ်။ ပြီးတော့ ကျန်းမာရေးညီညွတ်အောင် စားသောက်ပြီး တစ်ယောက်ကို တစ်ယောက် ချစ်နေဖို့သာ ပိုအရေးကြီ းပါတယ်။

Credit:Zombie(LoveMedia)

zawgyi

သိပ္ခ်စ္ၾကတဲ့ ခ်စ္သူ စုံတြဲေတြက အခ်ိန္ၾကာရင္ ဝလာတတ္ၾက ပါတယ္တဲ့ ။ အံ့ဩစရာႀကီးေနာ္ ေလ့လာမႈေတြအရ အၿမဲ ေပ်ာ္႐ႊင္ေနတဲ့ စုံတြဲေတြ၊ ဇနီးေမာင္ႏွံေတြဟာ အေလးခ်ိန္ တက္လာ ပါတယ္ တဲ့။

လက္ထပ္ထားေသာစုံတြဲမ်ား – ေျမာက္ကယ္လီဖိုးလီးယား တကၠသိုလ္က လူေပါင္း ၈၀၀၀ ေက်ာ္ကို ေလ့လာမႈ အၿပီးမွာေတာ့ အိမ္ေထာင္သည္ အမ်ိဴးသမီး ေတြက လက္ထပ္ၿပီး ၅ ႏွစ္ ကေန ၆ ႏွစ္အတြင္း ပ်မ္းမွ်အားျဖင့္ ကိုယ္အေလးခ်ိန္ ၂၄ ေပါင္ တက္လာ ပါတယ္ ။ လက္မထပ္ရေသးတဲ့အမ်ိဳးသမီးေတြက ကိုယ္အေလးခ်ိန္၂၂ေပါင္တက္လာပါတယ္။ ၿပီးေတာ့ ရည္းစားနဲ႔ အတူတူမေနတဲ့ အမ်ိဳးသမီး ေတြက ကိုယ္အေလးခ်ိန္ ၁၃ ေပါင္တက္ ပါတယ္။အမ်ိဳးသားေတြလည္း အတူတူတက္ပါပဲ။ ခ်စ္သူနဲ႔ လက္မထပ္ဘဲ ၇ ႏွစ္ထက္ ပိုၿပီး အတူေနတဲ့ အမ်ိဳးသားေတြက ေပါင္ ၅၀ ထိ တက္ႏိုင္ၿပီး အတူမေနတဲ့ အမ်ိဴးသားေတြက ၂၅ ေပါင္အထိ တက္ႏိုင္ ပါတယ္။

အဲဒါေၾကာင့္ ၾကည္ႏူးစရာေကာင္းတဲ့ အခ်စ္ေရးနဲ႔ဝလာမႈက အေတာ္ႀကီးကို ဆက္စပ္ ေနပါတယ္။ ႏွစ္ေတြအၾကာႀကီး တြဲလာတဲ့ စုံတြဲေတြမွာ ေဆးလိပ္၊ အရက္ျပတ္သြားၿပီး ပိုက်န္းမာ လာတာလည္း ေတြ႕ရပါတယ္။

အသစ္စက္စက္ လက္ထပ္ထားေသာ စုံတြဲမ်ား – အမ်ိဳးသား က်န္းမာေရး တကၠသိုလ္ ကလည္း အသစ္စက္စက္ လက္ထပ္ ထားတဲ့ စုံတြဲေတြမွာ ကိုယ္အေလးခ်ိန္တက္လာျခင္းက ဘယ္လို အက်ိဳးသက္ေရာက္မွာ ရွိလဲဆိုတာ ေလ့လာ ခဲ့ၾက ပါတယ္။ အသစ္စက္စက္လက္ထပ္ထားၿပီး ေပ်ာ္႐ႊင္ေနတဲ့ စုံတြဲေတြက အေလးခ်ိန္ တက္ႏိုင္ ပါတယ္။ ဘာေၾကာင့္လဲဆိုေတာ့ တစ္ေယာက္ကိုတစ္ေယာက္ ဆြဲေဆာင္မ ႈရွိေအာင္ ျပင္ဆင္ေနစရာ မလိုေတာ့လို႔ ျဖစ္ပါတယ္ ။ ဒါေပမယ့္ စိတ္ဖိစီးမႈ မ်ားရင္ေတာ့ ကိုယ္အေလးခ်ိန္ မတက္ လာႏိုင္ ပါဘူး။

ကိုယ္အေလးခ်ိန္ တက္တယ္ဆိုတာ တစ္ဦးမွတစ္ဦး အလြယ္တကူ ကူးစက္တဲ့ ေရာဂါပါ။စုံတြဲေတြမွာ တစ္ေယာက္ကအေလးခ်ိန္ တက္လာရင္ ေနာက္တစ္ေယာက္ ကလည္း အေလးခ်ိန္ တက္လာဖို႔ ၃၇ % ရွိလာပါတယ္ ။ ဘာေၾကာင့္လဲ ဆိုေတာ့ တစ္ေယာက္နဲ႔ တစ္ေယာက္ အက်င့္ေတြကူးစက္ သြားလို႔ပါ။ အဆင္မေျပတဲ့ စုံတြဲေတြဟာ အခ်ိန္ေတြကို အတူ မကုန္ဆုံးတတ္ၾကလို႔ အစားစားတဲ့ အေလ့အက်င့္ေတြ ကူးစက္ဖို႔ ခက္ခဲ ပါတယ္။ ေပ်ာ္႐ႊင္ေနတဲ့ စုံတြဲေတြလည္း ျဖစ္ေပမယ့္လည္း ကိုယ္အေလးခ်ိန္ မတက္လာတဲ့သူလည္း ရွိပါတယ္။ ဒီေလ့လာမႈေတြက အဝလြန္မႈကို တိုက္ဖ်က္ဖို႔ ရည္႐ြယ္ ပါတယ္။စုံတြဲေတြမွာ တစ္ေယာက္ကိုတစ္ေယာက္ အေကာင္းျမင္မႈ၊ နားလည္မႈ၊ က်န္းမာမႈေတြက အေရးႀကီး ပါတယ္။ ၿပီးေတာ့ က်န္းမာေရးညီၫြတ္ေအာင္ စားေသာက္ၿပီး တစ္ေယာက္ကို တစ္ေယာက္ ခ်စ္ေနဖို႔သာ ပိုအေရးႀကီ းပါတယ္။

Credit:Zombie(LoveMedia)