အခုလို ခေတ်ကာလ မှာ သူ့လို ရှားရှားပါးပါး လယ်သမားမျိုး ကို တန်ဖိုး ထားကြပါ

အမှတ် ၇ လမ်းမဘေး မှာ လယ်ဧက ၈၀ ပိုင်တဲ့ သူငယ်ချင်း အင်ဂျင်နီယာ တစ်ယောက်ရှိတယ်…

တစ်ချို့တွေကတော့ လယ်တွေဝယ်ပြီး လယ်မလုပ်ကြဘူး.. အခြားနည်းသုံး စွဲခွင့်လျှောက်ပြီး စက်ရုံတို့ဂိုထောင်တို့လုပ်ကြတယ်.. သူကတော့အဲတာတွေမလုပ်ဘူး.. လယ်ပဲစိုက်တယ်.. အင်ဂျင်နီယာလယ်သမားဆိုတော့ ဖောက်ထွက်တွေးတတ်လုပ်တတ်တယ်.. လယ်ကို စက်အားနဲ့မြေညှိတယ်.. ရေသွင်း ရေထုတ်ကောင်းအောင် လုပ်တယ်.. ရိတ်သိမ်းခြွေလှေ့စက် သုံးတယ်.. သဘာဝ ပိုးသတ်ဆေး ကိုယ်တိုင် ဖော်စပ်ပြီးသုံးတယ်…

စပါးစိုက်လို့ အဆင်မပြေတဲ့နေရာတွေမှာ ငှက်ပျောနဲ့ အခြားအပင်တွေစိုက်တယ်.. ရေနက်ကွင်း နေရာမှာ ငါးကန်တူးတယ်.. သူ့ကိုယ်ပိုင် ဆန်စက် ရှိတယ်.. စပါးအခြောက်ခံစက် ရှိတယ်.. စက်မှုလယ်ယာ အကောင်အထည်ဖော်ဖို့ လျှပ်စစ်မီးလိုတယ်.. မီးလိုင်းက သူ့လယ်ရှေ့မှာပဲ ရှိတယ်.. ဒါနဲ့သူ မီတာလျှောက်တယ် မရဘူးတဲ့.. လယ်ယာမြေကို လျှပ်စစ်မီး မပေးဘူးတဲ့…

ဒါပေမဲ့ အသနားခံစာတင်ပါတဲ့.. သူမတင်တော့ဘူး.. ဥပဒေပြင်မှ လျှောက်တော့မယ်တဲ့.. အခုတော့ဆိုလာ မီးနဲ့သုံးနေတယ်…

လယ်ထဲမှာ လူနေဖို့ နဲ့ ရုံးအဖြစ်သုံးဖို့ နှစ်ထပ်အဆောက်အဦးဆောက်တယ်.. စည်ပင်က လာတားတယ်.. လယ်ယာမြေမှာ အဆောက်အဦး ဆောက်လုပ်ခွင့် မရှိဘူးတဲ့.. ဒီဥပဒေတွေက ဒီဖက်ခေတ်နဲ့ မကိုက်တော့ဘူး.. လယ်သမားဆိုရင် လယ်စောင့်တဲလေးခြေတံရှည် နဲ့ပဲနေရမလိုဖြစ်နေတယ်…

လယ်ယာမြေတွေကို ဆိုင်ရာ ပိုင်ရာနဲ့ ပေါင်းပြီး အခြားနည်းသုံးစွဲ ခွင့်လျှောက်ပြီး ဈေးကြီးကြီးနဲ့ရောင်းစားရင်တော့ အဆင်ပြေမယ်.. တကယ်အလုပ်လုပ်မဲ့သူတွေမှာတော့ ဟန်မကျဘူးဖြစ်နေတယ်..

အခုလို ကိုဗစ် အလွန်ကာလမှာ သူလိုလယ်သမားကြီးတွေက တိုင်းပြည်ရဲ့ အားတွေပါ.. သူတို့အလုပ်လုပ်ချင်လာအောင် တာဝန်ရှိသူများက အားပေးချီးမြှောက်ပေးစေ လိုလို့ ဒီစာလေးရေး လိုက်တာပါ.. အမတ်မင်းများလည်း အားကိုး ပါရစေခင်ဗျား…

(Charlie Soe)

Add a Comment

Your email address will not be published. Required fields are marked *

four × three =