တကယ့် စူပါမင်းသမီးကြီး ဖြစ်သွားနိုင် တဲ့ ဖြူဖြူထွေး အကြောင်း ပြောပြလာတဲ့ နေထက်လင်း

သရုပ်ဆောင်မှုအပိုင်းမှာ သဘာဝဆန်ဆန်ပိုင်ပိုင်နိုင်နိုင်နဲ့ ပရိသတ်ရင်ကိုထိုးဖောက်နိုင်တဲ့ ဝါရင့် သရုပ်ဆောင်နေထက်လင်းကတော့ ဖြူဖြူထွေးသာ အနုပညာ ကို ဒီထက် ပိုကောင်းအောင် ကြိုးစားနိုင်ရင် တကယ့် စူပါ မင်းသမီး တစ်ယောက် ဖြစ်သွားနိုင်တယ်”လို့ဆိုပါတယ်။ ဝါရင့်တစ်ယောက်အနေနဲ့နေထက်လင်းကတော့ ဖြူဖြူထွေးနဲ့ပတ်သတ်ပြီး”သူ့ကိုဘယ်လိုတိုက်ခိုက် တိုက်ခိုက် ကောင်မလေး ၂ နှစ်လောက် အထိတော့ အေးဆေးခိုင်တယ် ကိုလွင်မိုးပြောသလိုပဲ အိုက်တင်ကိုညက်ညက်လေးဖြစ်အောင်လုပ်သွားမယ်ဆိုရင် ဒီထက်သူ စူပါမင်းသမီးဖြစ်သွားနိုင်တယ် ဒီအပေါ်မှာသူအသုံးချပြီး ရုပ်ရှင်ကားကြီးရိုက်သွားနိုင်ရင်ကောင်းမှာပါ” လို့ Myanmar celebrity နဲ့အင်တာဗျူးမှာ ဆိုခဲ့ပါတယ်။

ဒီကာလအတွင်းမှာ ဖြူဖြူထွေး နဲ့ ကြော်ငြာ (၂) ခု ရိုက်ဖြစ်တဲ့အကြောင်းလေးကိုတော့ “ပထမတော့ ကြော်ငြာတစ်ခုပဲရိုက်ထားတာပါ နောက်ဒုတိယလှိုင်းဝင်လာတော့ နောက်ဆုတ်သွားတဲ့အချိန် နောက်ကြော်ငြာတစ်ခုဝင်လာတာ ၂ရက်ခွဲပြီးရိုက်လိုက်တာ အလုပ်လုပ်ရတာပျော်စရာကောင်းပါတယ် ကောင်မလေးက သွက်သွက်လက်လက်ရှိတယ် အလုပ်လုပ်ရတာလည်း အမြင်တူပါတယ်” “သူက ၁နှစ်၂နှစ် ၃နှစ်လောက်ကတော့ အေးအေးဆေးဆေးခိုင်ပါတယ် သူကိုဘယ်လိုပဲတိုက်ခိုက်တိုက်ခိုက်ပေါ့နော် စိတ်ထားလေးကပြောင်းမှာမဟုတ်ဘူး သူ့ကိုဖြစ်စေချင်ပါတယ် သမီးကိုရီးယားကားတွေကြည့်ပေးနော်ဆိုတော့ ကြည့်တယ် ကြည့်တယ်တဲ့ ဒီလောက်လေးပဲ ပြောလိုက်တာ သူသဘောပေါက်ပါတယ်” လို့ဆိုထားပါတယ်။

နေထက်လင်းကတော့ “အခုကျွန်တော်တို့က လူမှုဆက်ဆံရေးက ပြောင်းလဲသွားပြီလေ ကျွန်တော်တို့က အသုံးမချတတ်တဲ့အခါမှာ ကျွန်တော်တို့ရဲ့ဗီဒီယိုဈေးကွက်ကပျက်သွားတယ် ရုပ်ရှင်ပဲကျန်တော့တာပေါ့ ရုပ်ရှင်တောင် ၁၀ကားမှာ ၂ကားပဲပေါက်တယ် ပရိသတ်စားချင်တာကို မကျွေးပဲ အရသာမပြောင်းဘူးလေ သူတို့စားချင်တဲ့မုန့်ဟင်းခါးအရသာကိုမကျွေးဘဲ ကျွန်တော်တို့ချက်တာပဲကျွေးတယ် ဆိုတော့ အရသာမတူဘူးဖြစ်နေတဲ့အတွက် သူတို့မစားချင်ဘူးဖြစ်နေတာပေါ့ ” “ဒီမိုကရေစီဆိုတဲ့ အသွင်ပြောင်းလဲရေးကာလမှာ လူမှုဆက်ဆံရေးလေးတွေပြောင်းလဲလာတယ် အသုံးအနှုန်းအခေါ်လေးတွေလည်းပြောင်းလဲလာတယ် အဲဒီ့အချိန်မှာ မင်းသားမင်းသမီးနောက်ကို ပရိသတ်ကလိုက်မှာပေါ့ သိတဲ့ သူကတော့ဖော်စားပေါ့ မသိတဲ့သူကတော့ ကျော်သွားပေါ့”

ဖြူဖြူထွေးနဲ့ပတ်သတ်ပြီးတော့ နေထင်လင်းက “ပထမသူစိတ်ဓာတ်နဲ့ ဖောက်တယ် နောက်တော့ အတတ်ပညာနဲ့ဖောက်ရတာပေါ့ အသံတို့သရုပ်ဆောင်တို့ အဲ့တာတွေမပါလည်းမရဘူး စိတ်ဓာတ်လေးကဖြူတယ် လူတွေကိုကျိုးနွံတယ် ရိုးသားတယ် သူကအတတ်ပညာပိုင်းလည်းလေ့လာထားတယ် အဲဒီ့အပေါ်မှာအသုံးချသွားတာ တော်ပါတယ်” “သူရိုက်တဲ့ဗီဒီယိုဖိုင်လေးကို တစ်ခါတစ်လေ ကြည့်ဖြစ်ပါတယ် ပရိသတ်လိုချင်တာက အပြစ်ကင်းတာလေးပဲ ကန်တော်ပါရဲ့ ဟိုဖော်ဒီဖော် ဆက်ဆီတွေ မလိုချင်ဘူး ပရိသတ်က အဲ့တာကအကြာကြီးကြည့်လို့မရဘူး လင်မယား သမီးရည်းစားသတ်ကြမယ့်ကိန်းပဲ အပြစ်ကင်းတာကိုကြည့်တာကျတော့ တားလို့မရဘူး မြန်မာနိုင်ငံနဲ့ အင်မတန်လိုက်ဖတ်တဲ့ အနုပညာပါ” လို့ ဖြေဆိုခဲ့တာပါ။

နေထက်လင်းကတော့ ပရိသတ်ကြီးအားလုံးအတွက်လည်း ကျန်းမာရေး ဂရုစိုက်ကြဖို့ “ကိုရိုနာဗိုင်းယက်စ်က တတိယလှိုင်းလာနိုင်တဲ့အတွက် ကျန်းမာရေးဝန်ကြီးဌာနညွှန်ကြားတဲ့အတိုင်းနေပေးကြပါ ဒီအပေါ်မှာ စိတ်မဆိုးကြပါနဲ့ ဘယ်သူမပြုမိမိမှုပါ ကိုယ်လုပ်ရင် ကိုယ်ခံရမှာပါ ဗိုင်းယက်စ်က ဘယ်သူ့ကိုမညှာမှာမဟုတ်ပါဘူး ကမ္ဘာကြီးကိုဆေးကြောနေပါပြီ မကောင်းတဲ့စိတ်တွေမထားကြပါနဲ့ ဒေါသကိုလျှော့ မာနကိုလျှော့ တစ်ယောက်ကိုတစ်ယောက်ဆဲဆိုတာတွေလျှော့ကြပါ အကောင်းမြင်စိတ်လေးနဲ့ ဘုရားတရားလုပ်နိုင်ကြပါစေ လို့ဆုတောင်းပေးလိုက်ပါတယ် ” ဆိုတဲ့ စကားလေးနဲ့ အသိပေးထားပါသေးတယ်။