ပျိုပျိုမေ မိန်းမသားတွေ ကြားမှာ အကြီးကြီး ဂယက်ထသွားစေ ခဲ့တဲ့ အောင်ရဲလင်း ရဲ့ အကြမ်းစား ပုံရိပ်

မင်းသားချော အောင်ရဲလင်းကတော့ မိန်းကလေးပရိသတ်အများစုရဲ့ စိတ်ကူး ထဲက ကိုကိုတစ်ယောက်ပါပဲ။ အောင်ရဲလင်းက သူ့ရဲ့ ချောမောပြေပြစ်တဲ့ ရုပ်ရည်ကြောင့်သာမက ယောကျာ်းဆန်ပြီး တည်ကြည်ခံ့ညားလွန်းတာကြောင့် ပရိသတ်တွေရဲ့ အာရုံစိုက်မှုကို ခံရသူတစ်ယောက် ဖြစ်ပါတယ်။ အောင်ရဲလင်းက ပြီးခဲ့တဲ့နှစ်တွေက အနုပညာအလုပ်တွေနဲ့ အနည်းငယ်အလှမ်းဝေးခဲ့ပြီး ပရိသတ်တွေ နဲ့ပါ အဆက်အသွယ်ပြတ်တောက် သွားခဲ့ပေမယ့် အခုအချိန်မှာတော့ အနုပညာလှုပ်ရှားမှုတွေကို ဖြည်းဖြည်းနဲ့ ပုံမှန်အတိုင်း လုပ်ကိုင်နေပြီပဲ ဖြစ်ပါတယ်။

အမျိုးသားတစ်ယောက်မှာ ရှိသင့်တဲ့ ကြင်အင်လက္ခဏာတွေအပြင် အမိုက်စားခန္ဓာကိုယ် အချိုးအစားကို ပိုင်ဆိုင်ထားတဲ့ အောင်ရဲလင်းကတော့ ဒီကနေ့မှာ မိန်းမသားပရိသတ်တွေကြားမှာ အကြီးကြီးဂယက်ထသွားစေခဲ့ပြန်ပါတယ်။ အောင်ရဲလင်းကတော့ တစ်ကိုယ်လုံးမှာ အတွင်းခံဘောင်းဘီတိုလေးတစ်ခုသာ ဝတ်ဆင်ခဲ့ပြီး သူ့ရဲ့ ကြွက်သားအထစ်ထစ်နဲ့ ခန္ဓာကိုယ်ကို ပြသခဲ့တာကြောင့် မိန်းကလေး ပရိသတ်တွေ ရင်တဖိုဖိုဖြစ်နေရတာပဲ ဖြစ်ပါတယ်။

အောင်ရဲလင်းကတော့ အမိုက်စားပုံရိပ်တစ်ခုနဲ့ ပရိသတ်တွေကို ဂယက်ထစေခဲ့ ပြန်ပါပြီနော်။ ပရိသတ်ကြီးလည်း အောင်ရဲလင်းရဲ့ ပုံရိပ်ကြောင့် အံ့သြမှင်သက်နေကြမှာ အသေအချာပါပဲ။ ဖတ်ရှုပေးတဲ့ ပရိသတ်ကြီးအားလုံးလည်း သာယာပျော်ရွှင်တဲ့နေ့လေးတစ်နေ့ကို ပိုင်ဆိုင်နိုင်ပါစေလို့ ဆုတောင်းပေးလိုက်ပါတယ်။

crd

zawgyi




crd