တစ်ပတ်စာ (၇)ရက် သားသမီးဟောစာတမ်း (5.11.2020 မှ 11.11.2020အထိ )

5.11.2020 မှ 11.11.2020အထိ တစ်ပတ်စာ ၇ရက်သားသမီး ဟောစာတမ်း

တနဂၤေႏြ

ယခုကာလများအတွင် မိန်းမနှင့် ပတ်သက်သော အရှုတ်အထွေးများ ရင်ဆိုင်ရတတ်ပါသည်။ မျက်နှာမှာ လည်း မတော်တဆ ထိခိုက်ဒဏ်ရာများ ရတတ်ပါသည်။ လုပ်ငန်းအကြံအစည်သစ်များ ပေါ်ပေါက် လုပ်ကိုင်ရ တတ်သည်။ သင်အလွန်အမင်း အဆင်ပြေနေပြီဟု ဆွေမျိုးအပေါင်းအသင်းတို့အားလုံး၏ အထင်ကြီး လေးစားမှု ကို ခံရမည်။ သူခိုး၊ သူဝှက် မျက်စိကျနေသော အချိန်ကာလဖြစ်ပါသည်။ သွပ်၊ သံ၊ သစ်၊အိမ်ဆောက်ပစ္စည်း လုပ်ငန်း များ လုပ်ကိုင်သူများ အထူးအကျိုးပေးသော အချိန်ကာလဖြစ်ပါသည်။

သင့်လက်တစ်ကမ်းသို့ ရောက်ရှိ နေသော ကံကြမ္မာ အခွင့်အလမ်းကောင်းများကို အမိအရဆုပ်ကိုင်၍ လုပ်ဆောင်ပါ။ မိတ်ကောင်း ၊ ဆွေကောင်းတစ်ယောက် နှင့် ဆုံတွေ့ရမည်။ ပညာရပ်တစ်ခုခု ကိုလည်း သင်ရတတ်မည်။ သို့သော် နားလည်တက်မြောက်ဖို့ခက်နေလိမ့်မည်။ မိမိအိမ်အနီးအနားတွင် ကိုယ်ဝန်ဆောင်သည် များမွေးဖွားသည့်သတင်းကြားရင်ထီထိုးလိုက်ပါ။အိမ်ထောင်ရေး အညံ့အဆိုးမရှိသလောက်နည်းပါတယ်။ကွဲကွာနေသော ၊ဝေးကွားနေသောချစ်သူနှင့် ပြန်လည်ဆုံတွေ့ရတတ်သည်။

မည်သည့်အလုပ်ကိုမဆို မိမိကိုယ်ကျိုးအတွက် အဓိကဦးစားပေးပြီး လုပ်ကိုင် ဆောင်ရွက်ပါ။ ကျန်းမာရေးအတွက် အနည်းငယ်သာစိတ်ပူပန်ရတတ်ပါတယ်။ အကျိုးပေးဂဏန်း ၁/၅/၆ အထူးဟော အလုပ်တွေများနေတတ်သည်။ ယတြာ ပျားရည်ဘုရားကပ်လှူပါ။

တနလၤာ

ယခုကာလအတွင်း အစိုးရအကြီးအကဲများ၏ ချီးမြှင့် မြှောက်စားခြင်းကို ခံရနိုင်ပါသည်။ ရာထူးတိုးခြင်း နှင့်အတူ လုပ်ငန်းတာဝန်အသစ်များကို ပူးတွဲတာဝန်ထမ်ဆောင် နေရတတ်သည်။ အလုပ်ကောင်းရခြင်း ကြုံပြီး အဆင်ပြေလာတတ်ပါသည်။ လုပ်ငန်းခွင်နှင့် ပတ်ဝန်းကျင်အတွင်း နေရာကောင်းရတတ်ခြင်း၊ ဂုဏ်သတင်း ကျော် ဇော ခြင်း များနှင့် အထူးကြုံတွေ့နေရမည်။ သင့်အိမ်အတွင်းထဲသို့ အတောင်ပါသော သတ္တဝါများ ရောက်ရှိလာပါက အလွန်ကောင်းသော အတိတ်နိမိတ်ထူးပင် ဖြစ်ပါသည်။

စက်ပစ္စည်းများ အသစ်လဲရတတ်သည်။ လုပ်ငန်းခွင်အတွင်း မနာလိုသူများရဲ့အတိုက်အခံ၊ အပြိုင်အဆိုင်များနှင့် ထိပ်တိုက်ရင်ဆိုင် ကြုံတွေ့ ဖြေရှင်းနေရလိမ့်မည်။ ဖခင်အကြီး အကဲ၏ ကျန်းမာရေး ညံ့ဖျင်းတတ်သည်။ အိမ်ပြောင်းခြင်း၊နေရာပြောင်းခြင်း၊ အသစ်ပြန်လည်ပြုပြင်ခြင်းများ မပြုလုပ်သင့်ပါ။ အိမ်ထောင်မကျသေးသူများ အိမ်ထောင်ကျပါက အထူးကံကောင်းသော အချိန်ကာလဖြစ် ပါ သည်။ ထီဆုကြီးများ ပေါက်ခြင်း၊ ဆုမဲများ ပေါက်ခြင်းမျိုး ကြုံရတတ်ပါသည်။

အနီရောင်ကျောက်များ ရောင်း ဝယ် ခြင်း မပြုလုပ်ရပါ။ အချစ်ရေး ထင်သလောက်အဆင်မပြေပါ။ မိမိကျန်းမာရေးကတော့ လည်ချောင်း နာတာမျိုး ၊သွားကိုက်တာမျိုးတွေဖြစ်တတ်ပါတယ်။ အကျိုးပေးဂဏန်း ၆/၇/၀ အထူးဟော အဆင်ပြေနေပေမယ့် စိုးရိမ်စိတ်တွေများနေတတ်ပါတယ်။ ယတြာ သဘက်တစ်ထည်လူကြီးမိဘတစ်ဦးကို လက်ဆောင်ပေးပါ။

အဂၤါ

ယခုကာလအတွင်း အိမ်ဝယ်ခြင်း၊ အိမ်ဆောက်ခြင်းများ အထူးကောင်းနေပါသည်။ အခြွေအရံကောင်း များနှင့် စုတ်၊ လာဘ်ပါ ပြည့်စုံစွာ ရလာမည်။ မိမိအိမ်သို့ ဧည့်ကောင်း၊ဆောင်ကောင်းများရောက်လာတတ်ပါသည်။ ကောင်းသောခရီး သွားရခြင်းကံများ ရှိနေသောကြောင့် ဘုရားဖူးခရီးများ နှင့် အပန်းဖြေခရီးများ သွားလာရတတ်ပါ သည်။ မိတ်ဆွေရင်း လုပ်ဖေါ်ကိုင်ဖက်များက ဒုက္ခပေးလိမ့်မည်။ လက်ဝတ်ရတနာများ ကျောက်ပြုတ်ထွက်ခြင်း၊ ပျောက်ခြင်းများ ကြုံရတတ်ပါသည်။

ငယ်ရွယ်သူ များ အချစ်ရေးတွင် လမ်းခွဲရောက်သည် အထိ ပြဿနာများ ကြီးမားလာတတ်ပါသည်။ စေ့စပ်ထားပြီးသူများ ကတော့ယခုအချိန်တွင် မင်္ဂလာဆောင်ပါက အဆင်ပြေချောမွေ့ သော မင်္ဂလာပွဲဖြစ်လိမ့် မည်။ မြေကိစ္စ၊ အမွေကိစ္စ၊ ဖုန်းကိစ္စများအတွက် စိတ်ညစ်နေရတတ်ပါသည်။ ကျန်းမာရေး အတွက်စိတ်ပူဖို့ မလိုပေမယ့် သားသမီးများရဲ့ ကျန်းမာရေးအတွက်တော့ အလွန်စိတ်ပူပန်ရတတ်ပါတယ်။ ငွေကြေး ကိစ္စ ထစ်ငေါ့ခြင်း၊ အကြွေး ဆုံးရှုံးခြင်းများ ကြုံရတတ်ပါသည်။

အိမ်ထောင်ဖက်နှင့် ပတ်သက်၍လည်း စိတ်ညစ်ရ တတ်ပါသည်။ မိမိကိုယ်တိုင်က အိမ်ထောင်ဘက်အပေါ်စိတ်တိုင်းမကျတာတွေများ နေတတ်ပါတယ်။ ရှေ့သွားနော က်လိုက်မညီတဲ့ အိမ်ထောင်ရေးလို့ထင်နေမိတတ်ပါတယ်။ အကျိုးပေးဂဏန်း ၁/၇/၃ အထူးဟော ဆန္ဒတွေပြည့်ဝလာတတ်ပါတယ်။ ယတြာ အုန်းနို့ခေါက်ဆွဲတစ်ပွဲ ဘုရားကပ်လှူလိုက်ပါ။

ဗုဒၶဟူး/ရာဟု

ယခုကာလအတွင်း အလွန်ကံကောင်းသော ကာလဖြစ်သည်။ ပြည်ပခရီးဝေးသွားပါက လွန်စွာကောင်းသော ကာလဖြစ်သည်။ မိမိအိမ်ရဲ့ ခေါင်းရင်းဘက်က အိမ်တစ်အိမ်တွင်အိမ်ပြင်အိမ်ဆောက်ခြင်းသတင်းကြားပါက ထီ ထိုးလိုက်ပါ။ ကံကောင်းခြင်းများ ရောက်ရှိလာပါတော့မည်။ လုပ်ငန်းများ ကြီးပွားတိုးတတ်ပြီး၊ စီးပွားတိုးမည့် ကာလ ဖြစ်သည်။ ဝန်ထမ်းများအဖို့ ရာထူး အလုပ်များနှင့် ပတ်သက်ပြီး အောင်မြင်ခြင်း၊ ဘွဲထူး၊ ဂုဏ်ထူးများ ရရှိ ခြင်းများ ကြုံတွေ့ရ နိုင်ပါသည်။ မြေဝင်ကိန်းလည်း ရှိနေပါသည်။ ကောင်းသော နေရာမှ မြေမျိုး ဖြစ်ပါလိမ့်မည်။

သူခိုး အခိုးခံရတတ်သည်။တန်ဖိုးရှိပစ္စည်းများအလွယ်မထားသင့်ပါဘူး။ အိမ်ထောင်ရှင်များအဖို့ အိမ်ထောင်ဖက် ဇနီးမယားအဖို့ ဝမ်းသာစရာ သတင်းကောင်းများ ကြားရတတ်ပါသည်။ လူပျို၊ လူလွတ်များ အကောင်းဆုံး လက်တွဲ ဖော် ရရှိတတ်ပါသည်။ သတိထားရမှာက လူငယ်တွေဆို သူများပြဿနာမှာ မိမိက ကြား ညှပ်ပါသွားတတ်ပါတယ်။ မိမိနားမလည်တဲ့ အရောင်းအဝယ်ကိစ္စတွေကို နားလည်တက်ကျွမ်းသူတွေနဲ့တိုင်ပင်လုပ် ကိုင်လိုက်ပါ။ကျန်းမာရေး ကတော့ သိပ်မဆိုးပေမယ့် တရှောင်ရှောင်ဖြစ်နေတတ်ပါတယ်။

ပညာရပ်အသစ်များသင်ခွင့်ရလာတတ်ပါတယ်။ ဆရာကောင်းနှင့်ကြုံရတတ်ပါတယ်။ အကျိုးပေးဂဏန်း ၁/၂/၈ အထူးဟော ကံကောင်းမည်။ ယတြာ အုန်းဆွမ်း(အုန်းထမင်း)ကို ငါးကြော်နဲ့ဘုရားကပ်ပါ။

ၾကာသပေတး

အရာရာကိုတည်တည်ငြိမ်ငြိမ်နဲ့ လုပ်ကိုင်ဖြေရှင်းနိုင်တဲ့သူကတော့ ဒီကာလအတွက်အဆိုးနည်းပါတယ်။ သူများ ယောင်တိုင်းလိုက်ယောင်သူတွေ ဒုက္ခများရတတ်ပါတယ်။ လုပ်ချင်တဲ့ကိစ္စတွေကို အားလုံးနဲ့ တိုင်တိုင် ပင်ပင် အဖြေရှာပြီးလုပ်ဆောင်သွားခြင်းဖြင့် အဆင်ပြေပါလိမ့်မယ်။ လမ်းခရီးသွားဖို့ ကိစ္စတွေရှိရင်တော့ မှန်းထားသည် ထက်ပိုမို၍လမ်းခရီးမှာကြန့််ကြာသွားတတ်ပါတယ်။ ရွှေတူးဖော်ခြင်း၊ ရတနာတူးဖော်ခြင်းများ ဒီကာလမှာရှောင်ရှား စေချင်ပါတယ်။ သားသမီးတွေက အဝေးသွားပြီးစီးပွားရှာတာမျိုးတွေဒီ ကာလမှာကြုံရတွေ့ရ တတ်ပါတယ်။

ဝန်ထမ်းတွေမမြဲ လက်အောက်ငယ်သားတွေ အလုပ်မလာတာမျိုးတွေလဲ ဖြစ် ရတတ်ပါတယ်။ ကျန်းမာရေး ကတော့ ဘာမှာထူးထူးခြားခြားမဖြစ်ပေမဲ့ အစားအသောက်ပျက်နေတတ်ပါတယ်။ ခံတွင်းပျက်နေတဲ့ သဘောပါ။ ငွေကြေးနဲ့ပတ်သက်သော ကိစ္စအဝဝကို သတိနဲ့ယှဉ်ပြီးလုပ်ကိုင်ဆောင်ရွက်စေချင်ပါတယ်။ ဘာစားစားအရသာ မတွေ့သလိုခံစားနေရတတ်ပါတယ်။ အချစ်ရေးမှာ လမ်းခွဲလိုက်တဲ့ချစ်သူကို ပိုမိုတမ်းတ နေမိတတ်ပါတယ်။

အိမ်ထောင်ရေးကတော့ ဝေးနေသူတွေအဆင်ပြေပေမဲ့ နီးနေရင်တော့ခဏခဏ စကားများရတတ်ပါတယ်။ ပညာ ရေး ကတော့ ဘာသာစကားနဲ့ပက်သက်တဲ့ပညာမျိုးသင်ယူခွင့်တွေရလာတတ် ပါတယ်။ အကျိုးပေးဂဏန်း ၂/၃/၉ အထူးဟော ကံအနည်းငယ်ညံ့နေတာကိုတွေ့ရပါတယ်။ ယတြာ ထိုးမုန့်ဝယ်ပြီး ရဟန်းသံဃာကိုလောင်းလှူလိုက်ပါ။

ေသာၾကာ

ဒီကာလအတွင်း အဟောင်းတွေထက်အသစ်တွေက ပိုမိုအကျိုးပေးနေတာတွေ့ရပါတယ်။ လုပ်ငန်းသစ်၊ စီးပွားသစ်၊အတွေးအခေါ်သစ်တွေကိုဦးစားပေးလိုက်ပါ။ လူကြီးမိဘတွေအတွက်ပူပန်သောကတွေရောက်ရတတ် ပါတယ်။ ကိုးကွယ်စရာပစ္စည်းတွေလဲ လက်ဆောင်တွေရလာတတ်ပါတယ်။ မိမိအတွက် အရေးကြီးတဲ့ခရီးမျိုးတွေ သွားရဖို့အကြောင်းဖန်လာတဲ့ကာလတွေပါပဲ။ ငွေကြေးနဲ့ပတ်သက်ရင် ပုံမှန်ပါပဲ။ အရမ်းကြီးငွေဝင်နေတာမျိုးမဟုတ် သလို ငွေကုန်ကြေးကျများနေတာလဲမဟုတ်ပါဘူး။ ကျန်းမာရေးကတော့ နည်းနည်းညံ့ပါတယ်။

ခန္ဓာကိုယ်ပင်ပန်း ရာကနေပန်းဖျားဖျားတာမျိုးဖြစ်လွယ်ပါတယ်။ အိုးအိမ်နေရာထိုင်ခင်း အပြောင်းအလဲတွေဖြစ်လွယ်တဲ့နေ့ရက်ပါပဲ။ မိတ်ဆွေသစ်တွေတိုးပွားပါလိမ့်မယ်။ လုပ်ဖော်ကိုင်ဖက်တွေနဲ့လဲ အဆင်ပြေအောင်ဆောင်ရွက်သွားနိုင်ပါလိမ့်မယ်။ မိမိအခက်အခဲဖြစ်နေတဲ့ ကိစ္စတွေရှိရင်တော့ ကူညီမယ့်သူတွေပေါ်ပေါက်လာတတ်ပါတယ်။ အချစ်ရေးကံအထူးပဲ ကောင်းမွန်နေတတ်ပါတယ်။ စန်းအားကောင်းနေတတ်ပါတယ်။ချစ်သူနဲ့အတူတူပျော်စရာအချိန်လေးတွေကိုဖြတ် သန်းနိုင်ပါလိမ့်မယ်။

အိမ်ထောင်ရေးကတော့ အခက်အခဲများနေပါလိမ့်မယ်။ အိမ်ထောင်ဘက်နဲ့ အဆင်မပြေ တာလေးတွေ သဘောထားမတိုက်ဆိုင်တာလေးတွေရှိနေတတ်ပါတယ်။ ပညာရေးအတွက် ကံကောင်းခြင်းရရှိ တတ်ပါတယ်။ အကျိုးပေးဂဏန်း ၃/၄/၈ အထူးဟော ကံသင့်ပါတယ်။ ယတြာ မွေးနေ့မှာ ဖီးကြမ်းငှက်ပျောသီး ဘုရားကပ် လှူပါ။

စေန

ဒီကာလအတွင်း မိမိဖြစ်ချင်တာတွေကိုဖြစ်အောင်လုပ်သွားနိုင်ပါလိမ့်မယ်။ အလုပ်တွေတိုးတတ်အောင်မြင် ပေမဲ့ငွေကြေးကဏ္ဍကတော့ ခက်ခဲနေတာတွေ့ရပါတယ်။ အလုပ်တွေအကြွေးကျနေတတ်ပါတယ်။ မိမိဆိုင်များ ငွေကြေးထပ်မံရင်းနှီးဖို့ခက်ခဲနေတာတွေရပါတယ်။ အိမ်အတွက်၊မိသားစုအတွက်လိုအပ်နေတာတွေကိုလဲ ဖြည့် ဆည်းပေးနေရတတ်ပါတယ်။ ခရီးကိစ္စများ ၊ကုန်သွယ်မှုအလုပ်များ၊အဝတ်အထည်နှင့်ပရိဘောဂအရောင်းဆိုင်များ အောင်မြင်တိုးတတ်ပါလိမ့်မယ်။ လူငယ်များ အလုပ်တာဝန်တွေများနေတာကြောင့် စိတ်မလန်းသလိုခံစားရတတ်ပါတယ်။ အိမ်ထောင်သည်များ လိင်ကိစ္စရှုပ်ထွေးတတ်ပါတယ်။ လိင်မတူသူတွေနဲ့ အနေအထိုင်ဆင်ခြင်လိုက်ပါ။ ကျန်းမာရေးကတော့ အကောင်းများပါတယ်။ ကျန်းမာရေးဒေါင်ဒေါင်မြည်ပါပဲ။နာတာရှည်ရောဂါ ခံစားနေရသူများတောင် သက်သာခွင့်ပျောက်ကင်းခွင့်တွေရပါလိမ့်မယ်။

အချစ်ရေးကတော့ ဒီကာလမှာမိမိကိုယ်တိုင်ကအချစ်ရေး အပေါ်စိတ်မဝင်စားသလိုဖြစ်နေရတတ်ပါတယ်။ အိမ်ထောင်ရေးမှာတော့ အိမ်ထောင်ဘက်က မိမိအခက်အခဲတွေ ကို ကူညီပြီးဖြေရှင်းပေးသွားပါလိမ့်မယ်။ ပညာရေးကတော့အဘက်ဘက်က ကံအားသာချက်ရှိ တာတွေ့ရပါတယ် ဗျ။ အွန်လိုင်းကနေ မိမိလိုချင်တဲ့ပညာတွေရလာတတ်ပါတယ်။

အကျိုးပေးဂဏန်း ၄/၅/၇ အထူးဟော ငွေကြေးလက်မလွယ်ပါနဲ့။ ယတြာ ကတ္တီပါ ပဲနှင့် ထမင်းဆီဆမ်း ဘုရားကပ်လှူပြီးတော့လိုရာဆုတောင်းပါ ၇ရက်သားသမီးများအားလုံး ကျန်းမာချမ်းသာပြီး ကောင်းသောလိုအင်ဆန္ဒတွေ ပြည့်ဝကြပါစေ။

ဆရာငြိမ်းအေးလူ–ဗေဒင်သုတေသီ 09775555695 09445555695