ရင်ခုန် ချင်စရာကောင်းလွန်းနေ တဲ့ သန္တာဗိုလ် ရဲ့ Tik Tok Video

ပရိသတ်ကြီးရေ.. အနုပညာလောကမှာ အောင်မြင်မှု တွေ အခိုင်အမာ နဲ့ ပရိသတ်အချစ်တွေကို ရရှိထားတဲ့ မော်လ်ဒယ်မင်းသမီးချောလေး သန္တာဗိုလ်ကိုတော့ ပရိသတ်တွေအားလုံးချစ်ခင်ကြမှာပါနော်..။နာမည်ကျော်စူပါမော်လ်ဒယ်အဖြစ် ရပ်တည်လျှောက်လှမ်းရပ်တည်နေတဲ့ သန္တာဗိုလ်ကတော့ ချစ်သူမင်းသားချောလေးကောင်းပြည့်နဲ့အတူ ကြည်နူးအားကျစရာ အချစ်ရေးလေးကိုလည်း ပိုင်ဆိုင်ဖြတ်သန်းနေသူလေးလည်း ဖြစ်ပါတယ်နော်..။

ဆွဲဆောင်မှုရှိပြီး ကျော့ရှင်းတဲ့အလှတရားတွေကို ပိုင်ဆိုင်ထား သူလေးမို့ ထိုင်းမင်းသမီးလေးတစ်ယောက်လို လှသွေးကြွယ်ကာ အမိုက်စားဖက်ရှင်လေးတွေနဲ့လည်း ဖမ်းစားတတ်သူလေးပါပဲ..။သူမရဲ့လှုပ်ရှားမှုလေးတွေကိုဝေမျှတတ်ပြီး Tik Tok ဗီဒီယိုလေးတွေကိုလည်း မကြာခဏဆော့ကစားတတ်တဲ့ သန္တာဗိုလ်ကတော့ အခုတစ်ခါမှာလည်း ချစ်စရာကောင်းစွာ ကပြ ထားတဲ့ ဗီဒီယိုလေးကို ဝေမျှထားပါတယ်နော်..။

ထိုင်းသီချင်းနဲ့အခွီလေးကပြထားတဲ့ BLACKPINK အဖွဲ့ဝင် Lisaရဲ့ ကကွက်ကို တစ်ပုံစံတည်းကပြလိုက်တဲ့ သူမရဲ့ Tik Tok ဗီဒီယိုလေးကို ဝေမျှလိုက်တာပဲ ဖြစ်ပါတယ်..။ဆွဲဆောင်မှုရှိပြီး ချစ်စရာကောင်းလွန်းတဲ့ သန္တာဗိုလ်ရဲ့ Tik Tok ဗီဒီယိုလေးကိုလည်း ပရိသတ်တွေ သဘောကျနေကြဦးမှာမို့ တင်ဆက်ပေး လိုက်ပါတယ်နော်..။

Source & Photo Credit – Thandar Bo’s Fb Acc & Tik Tok Acc

zawgyi



