ယောကျာ်းမယူဘဲ ကလေးလေး တွေ အများကြီး မွေးချင်မိတယ် ဆိုတဲ့ “အဆိုတော် ပိုပို “

ပရိသတ်ကြီးရေ ပိုပိုကတော့အောက်ခြေကနေစတင်ကြိုးစားပြီး အခုလို အောင်မြင်လာကြောင်းကို ပရိသတ်တွေကို အမြဲပွင့်လင်းစွာပြောပြတတ်သူတစ်ယောက်ပါ။ ဒါ့အပြင် အလွမ်းအဆွေးသီချင်းတွေနဲ့ ပရိသတ်တွေ ရင်ထဲကို ရောက်ရှိခဲ့တဲ့ အမျိုးသမီးအဆိုရှင်တစ်ဦးလည်း ဖြစ်ပါတယ်နော်။

သူမရဲ့ ” ချစ်ဖူးခဲ့သမျှ ” သီချင်းနဲ့ “ ဘာမှမလိုဘူး ” သီချင်းတွေဟာ ပရိသတ် ပါးစပ်ဖျားမှာ ရေပန်းစားကာ Music MTV တစ်ပုဒ်ထွက်လာတိုင်း ပရိသတ်တွေ ဟင်ခနဲဟာခနဲ ဖြစ်ရလောက်တဲ့ ရိုက်ကူးမှုပုံစံတွေ ဟာ သူမရဲ့ အောင်မြင်တဲ့ လျှို့ဝှက်ချက်တွေလို့တောင်ဆိုရမှာပါ။ နှုတ်ခမ်းနီမလေးတွေရဲ့ အသည်းစွဲ အမိုက်စားမင်းသားတွေနဲ့ တွဲဖက်ပြီး MV တွေကိုဖန်တီးတတ်တဲ့ အနုပညာရှင် တစ်ဦးပါ။

ဒီနေ့မှာတော့ ”ငါသာ ကလေးမွေးရင် ငါငယ်ငယ် ကလို မျက်စိမှေးမှေး နဲ့ ဆူပုတ်ပုတ်လေး ဖြစ်နေမလား တခါတလေ ကလေးချည်း မွေးချင်တယ်” ဆိုတဲ့စာလေးနဲ့ သူမဖြစ်ချင်တဲ့စိတ်ကူးလေး ကိုဟာသဖောက်ကာပြောပြခဲ့တာပါ။ ပိုပိုနဲ့ အကြံတူနေတဲ့ မိန်းကလေးပရိသတ်တွေရှိရင်မှတ်ချက်ပေးခဲ့ပါဦးနော်။ ဖတ်ရှုပေးကြတဲ့ ပရိသတ်ကြီးအားလုံး သာယာပျော်ရွှင်တဲ့ နေ့လေး တစ်နေ့ကို ပိုင်ဆိုင်နိုင်ကြပါစေလို့ ဆုတောင်းပေး လိုက်ပါတယ်နော်။

Source: ဝတ်ရည်မိုး

zawgyi




Source: ဝတ်ရည်မိုး