သရုပ်ဆောင်စည်ဖြိုးထွန်း နှင့် မော်ဒယ် ခင်ရတနာလွှမ်းမိုး တို့၏ မင်္ဂလာ မော်ကွန်းတင် လက်မှတ်ရေး ထိုးပွဲ တိုက်ရိုက် Live ဗီဒီယို

မင်းသားချောလေးစည်ဖြိုးကတော့ အနုပညာလောကမှာ နေရာတစ်ခုကိုရယူထားနိုင်ခဲ့ပြီး ပရိသတ်တွေ ရဲ့ ချစ်ခင်အားပေးမှုကို အခိုင်အမာရယူထားနိုင်ပါတယ် ။ခင်လွှမ်းကတော့ ချစ်စရာကောင်းနဲ့ အပြုံးလေးတွေကို ပိုင်ဆိုင်ထားပြီး ပရိသတ်တွေရဲ့ ရင်ထဲမှာ နေရာတစ်ခုကိုရယူထားနိုင်ခဲ့သူလေးပဲဖြစ်ပါတယ်။ မင်းသားချောလေးစည်ဖြိုးနဲ့ ခင်လွှမ်းတို့ကတော့ အချိန်အတော်ကြာလက်တွဲလာခဲ့တဲ့ ချစ်သူ စုံတွဲလေးဖြစ်ပါတယ်။

ကြည်နူးစရာကောင်းလွန်းတဲ့ ပုံရိပ်လေးတွေ ကို လူမှုကွန်ယက်စာမျက်နှာထက် တင်ပေးလေ့ ရှိတဲ့ သူတို့စုံတွဲလေးကတော့ တစ်ယောက်ကို တစ်ယောက်နားလည်မှုအပြည့်ပေးပြီး ဂရုစိုက်လျက်ရှိပေးနေကြတဲ့ အနုပညာရှင်စုံတွဲလေးပဲဖြစ်ပါတယ်။ ပရိသတ်တွေ အားကျချစ်ခင်ရတဲ့ သူတို့ စုံတွဲလေးကတော့ မကြာခင်လက်တော့ကြမယ့် အကြောင်း ပရိသတ်တွေကို အသိပေးထားပြီး နိုဝင်ဘာလ ၅ရက် ယနေ့မှာပဲ နှစ်ဖက်မိဘ စုံစုံလင်လင်နဲ့ လက်မှတ်ရေးထိုးပွဲ ကျင်းပခဲ့ပါတယ်နော်။

ချစ်ပရိသတ်တွေအတွက် ခင်လွှမ်းတို့ စုံတွဲလေးရဲ့ လိုက်ဖက်ညီလွန်းတဲ့ပုံရိပ်လေးတွေကို တိုက်ရိုက်ကြည့်ရှုနိုင်ဖို့ live ဗီဒီယို လေးပြန်လည်ဖော်ပြပေးလိုက်ရပါတယ်နော်။

Source :MC

zawgyi




Source :MC