Bangkok International Documentary Awards 2020 အခမ်းအနားကြီးမှာ မြန်မာနိုင်ငံ ကိုယ်စားပြု အကဲဖြတ်ဒိုင်တစ်ဦး အဖြစ်ဖိတ်ကြားခြင်း ခံရတဲ့ ဝတ်မှုန်ရွှေရည်

နိုင်ငံကျော် ရုပ်ရှင်မင်းသမီးတစ်ယောက်ဖြစ်တဲ့ သရုပ်ဆောင်အကယ်ဒမီဝတ်မှုန်ရွှေရည် ကိုတော့ ပရိသတ်ကြီးနဲ့အထူးမိတ်ဆက်ပေးစရာမလိုတော့ဘူးထင်ပါတယ်။ သူမကတော့မြန်မာနိုင်ငံမှာထိပ်တန်းရောက်နေတဲ့ မင်းသမီးတစ်လက်ဖြစ်သလိုထိုင်းနိုင်ငံနဲ့တခြားနိုင်ငံတွေမှာပါ အနုပညာအလုပ်တွေကိုတွဲဖက်လုပ်ကိုင်လျက်ရှိပါတယ်။ လက်ရှိမှာလည်းဝတ်မှုန်ရွှေရည်က နာမည်ကျော် Bangkok International Documentary Awards 2020 အခမ်းအနားကြီးမှာ မြန်မာနိုင်ငံကိုယ်စားပြုအကဲဖြတ်ဒိုင်တစ်ဦးအနေနဲ့ ဖိတ်ကြားခြင်းခံခဲ့ရတယ်လို့သိရပါတယ်။

အဲဒီအကြောင်းလေးကိုရွှေကစ်က ဝမ်းသာပီတိဖြစ်စွာနဲ့ယခုလိုပဲပြောပြလာခဲ့ပါတယ်။ “It is my pleasure to be a part of the jury team for Bangkok International Documentary Film Awards 2020. With a variety of Europe, America, Africa, Middle East and Asia submissions, I hope that the opposition will be very challenging and can’t wait to express my opinions. Cheers everyone and good luck #Kit

နာမည်ကျော် Bangkok International Documentary Awards 2020 အခမ်း အနားကြီး မှာ မြန်မာနိုင်ငံ ကိုယ်စားပြု အကဲဖြတ်ဒိုင်တစ်ဦး အနေနဲ့ ဖိတ်ကြားခြင်းခံရတဲ့အတွက် ကစ် တစ်ကယ့်ကို ဝမ်းမြောက်မိပါတယ်။ ဒီအခမ်းအနားကြီးမှာ ဥရောပ၊အမေရိက၊အာဖရိက၊အရှေ့အလယ်ပိုင်းဒေသနဲ့အာရှတိုက်အသီးသီးက စိတ်ဝင်စားစရာ Documentary ဇာတ်ကားတွေပါဝင်ပြသသွားမှာဖြစ်ပါတယ်။ ဒီ Documentary ဇာတ်ကားတွေကိုကြည့်ရှုပြီး ကစ်ရဲ့အမြင်တွေကို မျှဝေသွားဖို့လည်းမစောင့်နိုင်တော့ပါဘူး။ အားလုံးကံကောင်းကြပါစေနော် ☘️ Love Kit”ဆိုပြီးရေးသားကာဖော်ပြပေးထားခဲ့တာဖြစ်ပြီး ပရိသတ်ကြီးအတွက်ပြန်လည်ဖော်ပြပေး လိုက်ရပါတယ်။

Source:Wutt Hmone Shwe Yi

zawgyi



