စပွန်ဆာ ရထားတာကြောင့် တန်ဖိုးကြီး ကားအသစ်ကြီးကို နေ့ချင်းညချင်း ဝယ်ယူနိုင်တယ်လို့ ဝေဖန်သူတွေ ကို ဒဲ့ပြောလာတဲ့ နီလန်း

ပရိတ်သတ်ကြီးရေ Myanmar Idol Season (3) ရဲ့ Top Ten ပြိုင်ပွဲဝင် တစ်ဦးဖြစ်တဲ့ ချင်းမလေးနီလန်းက သူမရဲ့ စွဲဆောင်မှုရှိတဲ့ အသံကြည်ကြည်လေးကြောင့် ပရိသတ်တွေ အားပေးခြင်းခံခဲ့ရသူ တစ်ဦးဖြစ်ပါတယ်။ နီလန်းက အဆိုတော်တစ်ယောက်အဖြစ်သာမက မိတ်ကပ်ပညာရှင်တစ်ဦးအဖြစ်လည်း ရပ်တည်နေတာဖြစ်ပြီး အလုပ်တွေကို မရပ်မနား လုပ်ကိုင် နေသူတစ်ယောက်ပဲ ဖြစ်ပါတယ်။ ပရိသတ်တွေကလည်း အရွယ်လေးနဲ့မလိုက်အောင် ကြိုးစားလွန်းတဲ့ နီလန်းကို ချစ်ခင်မှုတွေများစွာနဲ့ အားပေးနေကြလျက်ရှိတာကို တွေ့ရပါတယ်။

အောင်မြင်တဲ့ အနုပညာရှင်တစ်ယောက်ပီပီ ဝေဖန်မှုတွေ အနည်းနဲ့အများ ကြုံဆုံ ရလေ့ရှိတဲ့ နီလန်းက ဒီတစ်ခါမှာလည်း သိန်းရာချီကားကြီးကို စပွန်ဆာရှိလို့ နေ့ချင်းညချင်းဝယ်ယူခဲ့တယ်ဆိုပြီး ဝေဖန်ခံနေရတာပဲ ဖြစ်ပါတယ်။ ထိုအကြောင်းနဲ့ ပက်သတ်ပြီး နီလန်းက “Sponsor တဲ့လား တကယ်ဝယ်ပေးတဲ့ ဖေကြီးနဲ့ We Love NILEN တွေကို အားနာလိုက်တာ ဘုရား အကုန် သိပါတယ်နော် Fighting Nylons ” ဆိုပြီး သူမရဲ့ ဖေ့စ်ဘုတ်စာမျက်နှာမှာ ရေးသားလာပါတယ်။

နီလန်းကတော့ ကား အသစ်ကြီးကို ဝယ်ယူနိုင်ခဲ့တာ သူမရဲ့ ဖခင်နဲ့ We Love NILEN ပရိသတ်တွေကြောင့် ဖြစ်တယ်လို့ ပွင့်ပွင့်လင်းလင်း ပြောဆိုထားပြီးသားသူတစ်ယောက်ပဲ ဖြစ်ပါတယ်။ ဖတ်ရှုပေးတဲ့ ပရိသတ်ကြီးအားလုံးလည်း သာယာပျော်ရွှင်တဲ့နေ့လေးတစ်နေ့ကို ပိုင်ဆိုင်နိုင်ပါစေလို့ ဆုတောင်းပေး လိုက်ပါတယ်။

Source: Nilen Parmawi ‘s fb

zawgyi



