ကိုဗစ်ကာလ တစ်လျောက်လုံး ဘုရားဖူးတွေ မလာလို့ အစာရှားပါးပြီး ဒုက္ခရောက်နေတဲ့ မျောက်လေးတွေကို အစာချပြီး ပိုက်ကွန် နဲ့ လာဖမ်းနေ

ကိုဗစ်ကာလ တစ်လျောက်လုံး ဘုရားဖူးတွေ မလာလို့ အစာရှားပါးပြီး ဒုက္ခရောက်နေတဲ့ မျောက်လေးတွေကို အစာချပြီး ပိုက်ကွန် နဲ့ လာဖမ်းနေ

မန္တလေးတိုင်း ပုသိမ်ကြီး မြို့ ရေတံခွန် တောင်ပေါ် က မျောက်တွေ ကို အစာချပြီး ပိုက်ကွန်နဲ့ လာဖမ်းနေ တယ် ရှင့်.. သူတို့ခမျာ ကိုဗစ်ကာလ တလျောက် လုံး ဘုရားဖူးတွေ မလာလို့ အစာရှား ပါးပြီး ဒုက္ခရောက် နေကြ တာ ပါ.. ။

အခု တလော ကျမ တို့ အစာသွားကျွေးနေလို့ မျောက်လေးတွေ အဲ့နေရာ အထိလာ စားပြီးပျော်ရွှင်နေ ကြတာ ။ အခုတော့ အစာကျွေးနေကျ မျောက်စာရောင်းတဲ့ ဆိုင်နားမှာ လာပြီး စေတနာ ရှင်အယောင်ဆောင်တွေ က ပုံမှားရိုက်ပြီး အစာတွေ ကို ဖြန့်ထား တဲ့ ပိုက်ကွန်ပေါ်မှာ တင်ထား တယ်။ အုပ်စုလိုက်ဝမ်းသာအားရ လာစားခါ မှ.သစ်ပင်မှာ ချိတ်ထားတဲ့ကြိုး ကို အဝေးကနေပုန်းပြီး ဆွဲလိုက်တော့ ပိုက်ကွန်ထဲ အကုန်မိသွားတာပေါ့

မနေ့ကရောပဲ အစာကျွေးနေကျနေရာမှာ လာဖမ်းတော့ အခု မျောက်တွေက လူကြောက်သွား လို့ အစာခေါ်ကျွေးရင် မလာတော့ဘူး တောထဲအထိ လိုက်ကျွေးလည်း လာမစားပဲ ပြေးကုန်ကြတယ်.မျောက်ဖမ်းတဲ့အဖွဲ ကိုမေးကြည့်တော့ အိမ်မှာမွေးဖို့ ဖမ်းတာတဲ့.တောင်အောက် က ထမင်းဆိုင် မှာ

စုံစမ်းကြည့်တော့ မျောက်တွေ ကို ဖမ်းပြီး ဟော်တယ်တွေ ကို စားသောက်ဆိုင်တွေ ကို ရောင်းကြတာတဲ့..သစ်တောဥပဒေမှာ ကြက်တူရွေးတကောင်ပင် ဖမ်းဆီးခွင့်မရှိပါ ပုသိမ်ကြီးမြို့နယ် မှ တာဝန်ရှိသူများ ကာကွယ်ပေး ကြစေချင် ပါသည် ။ တာဝန်ရှိလူကြီးမင်းများ သိအောင် Share ပေးကြပါ အုံးနော်…

Add a Comment

Your email address will not be published. Required fields are marked *

3 × four =