မိမိ မှာ ကိုဗစ် ရှိ/မရှိ စစ်ချင်သူတွေ သိထား သင့်တဲ့ အကြောင်း အရာများ

ဒီနေ့က throat swab /Nasal swab (နှာခေါင်း တို့ပတ်/အာခေါင်တို့ပတ်) စစ်ချင်လို့ လာလာမေးတဲ့ သူတို့ အတွက်ရည်ရွယ်ပါတယ်

အခုရန်ကုန်တိုင်း တစ်တိုင်းလုံး အနေအထားနဲ့ symptoms ရှိရှိ မရှိရှိ လူတိုင်းကို စစ်ပေးနိုင်တဲ့ အနေအထားမရှိသေးပါဘူး ဒါဆို ဘယ်လိုလူမျိုးတွေကို စစ်လဲ?

(၁) Positive patient နဲ့ထိတွေ့မိတဲ့ primary contact လူတွေ စစ်ပါတယ် ဒါကလည်း contact tracing လိုက်တဲ့ မြို့နယ်ဒေသန္တရ ရုံးတွေက စီစဉ်ပေးမှာပါ အဲ့ကိုဆက်သွယ်ရပါမယ် မဟုတ်လည်း သူတို့ဆက်သွယ်ပါလိမ့်မယ်

(၂) နောက် ဖျားနာ ချောင်းဆိုး အနံ့ ပျောက်လို့ fever clinic လာပြတဲ့သူတွေကို တာဝန်ရှိဆရာဝန်တွေက criteria ခွဲပြီး ISO Quarantine center တွေ facility Quarantine center တွေမှာ နေခိုင်းပြီး swab စစ်ပေးပါတယ် Q center တွေမှာပဲ စစ်ပေးတာပါ အိမ်မှာနေတဲ့ Home Q သမားတွေ မစစ်ပေးပါဘူး

အဲ့တော့ ဖျားနာကုဆေးခန်း ဘယ်ဆေးခန်း သွားသွား သံသယလူနာဆို စစ်ပေးလားလို့ မေးရင် ကိုယ့်မြို့နယ်ထဲက ဖျားနာကုဆေးခန်းဆို လိုအပ်ရင် စစ်ပေးပါတယ် မြို့နယ်မတူရင် မရပါဘူး။ ဒါပေမယ့် ဆေးခန်းလာပြလို့တော့ရပါတယ် ဆက်လုပ်ရမယ့်အပိုင်းတွေကိုတော့ သက်ဆိုင်ရာ မြို့နယ်ဒေသန္တရတွေကို လွှဲစာရေးပေးပါတယ် သူတို့ဆက်လုပ်ပေးမှာကိုပဲ လက်ခံရပါမယ်။ နောက်အမေးများတာက မြို့တွင်း ခရီးသွားမယ် swab စစ်ချင်တယ် ဟိုမှာ Q မဝင်ချငိဘူး ခုလက်ရှိ သိရသလောက်ထိ အဲလို ပြည်တွင်းခရီးသွားဖို့ကို swab စစ်ပေးတာ မရှိပါဘူး ကိုယ်သွားချင်တဲ့ မြို့ရဲ့ Q Rule ကိုလိုက်နာရမှာပါပဲ။

ပြီးတော့ တချို့မြို့တွေဆို swab စစ်လာလာ မလာလာ Q ဝင်ခိုင်းပါတယ် အဲ့တော့ fever clinic မဟုတ်ပဲ swab စစ်ချင်ရင်ကောဆို ကိုဗစ်လက္ခဏာ ရှိတဲ့သူတွေဆို သင်္ကန်းကျွန်း ,တောင်ဥက္ကလာ,မင်္ဂလာတောင်ညွှန့်,ရန်ကင်း,တာမွေ နေထိုင်တဲ့သူတွေဆို AYA ကိုဗစ် Center မှာ booking တင်ပြီး စစ်ဆေးပေးပါတယ် အဲ့ဒီကိုဆက်သွယ်ကြည့်ရပါမယ်

ဒါတွေကတော့ ခုလက်ရှိလုပ်ဆောင်နေတဲ့ fever clinic တွေရဲ့ swab ဘယ်လိုဆိုယူတာ ဘယ်လိုလုပ်ဆောင်နေတာတွေပါ ခုရက်ပိုင်း ဖုန်းထဲမှာကော chat box ထဲမှာကော အမေးအများဆုံးတွေကို ရေးပေးထားတာပါ ဒါက swab စစ်တာ ဘယ်လိုဆိုတာကို ရှင်းပြတာပါ။ ဖျားလို့ အနံပျောက်လို့ စိတ်ပူတယ်ဆို ဘယ်မြို့နယ်ကဖြစ်ဖြစ် tele consult လုပ်ပေးပါတယ် ရသလောက်အချိန်တိုင်းလိုလို HE တွေ treatment တွေပေးပါတယ်။ ရန်ကုန်မြို့ကြီးနှင့်တကွ မြန်မာနိုင်ငံကြီး မြန်မြန်ကျန်းမာစေချင်ပါပြီ။ အားလုံး fighting ပါ ကျေးဇူးတင်ပါတယ်။

Zue Zue