အေမစု သက္ေတာ္ေစာင့္ ခ်ယ္ရီထက္ ရဲ႕ အေမ့ေပၚ ထားသည့္ စိတ္ထား

သူမအမည္ ခ်ယ္ရီထက္။ လူထုေခါင္းေဆာင္ အေမ ေဒၚေအာင္ဆန္းစုၾကည္ ရဲ႕အနီးကပ္ သက္ေတာ္ေစာင့္ ရဲေမ ခ်ယ္ရီထက္ ပစ္မွတ္ကို ၉၉%ထိေအာင္ပစ္နိုင္သူ။ ဒီခေလးမကို ေစာင့္ၾကည့္ေနတာ အေမ့နားမွာ

ကိုလင္းလင္းမရွိတဲ့အခ်ိန္ထဲကပဲ။ စစ္အာဏာရွင္ေတြေမြးထုတ္ေပး လိုက္တဲ့ အထူးတပ္ဖြဲ႕ထဲ ကမို႔ အေမ့နားေရာက္ေတာ့ ပိုလို႔သတိထားေစာင့္ၾကည့္ မိတယ္။ အေမ့နားမွာ တစ္စစနဲ႔ ျပည္သူေတြသိလာၾက

ခ်ီးက်ဴးးလာၾကေပမယ့္ မယံုရဲတဲ့စိတ္ နဲ႔ပဲ ကိုယ့္မွာ မခ်ီးက်ဴးးရဲခဲ့ဘူး။ ခုေတာ့.ေဒၚလဲ့လဲ့ေမာ္နဲ႔ကိစၥမွာ ဒီခေလးမေလးကို အျပစ္ေျပာတဲ့သူေတြ ေတြ႕လာ ရေတာ့ ျမင္သေလာက္ေလး ဒီခေလးမဘက္က

ရပ္တည္ေပးခ်င္လာမိတယ္။ အေမသြားတဲ့ ခရီးစဥ္တိုင္း ဘယ္ဝန္ႀကီးခ်ဳပ္မွ ေလယာဥ္ေပၚ အထိ တက္ႀကိဳတာ မေတြ႕ခဲ့ရဘူးသလိုပဲ။ မျမင္လိုက္မိတာလည္းျဖစ္မွာပါ။ အျပစ္ကို ဖံုးကြယ္ခ်င္လို႔ ဖားတဲ့အေနနဲ႔

ဝန္ႀကီးခ်ဳပ္ပဲ ေလယာဥ္ေပၚထိ တက္ခ်င္သလို တက္မယ္၊ ဆင္းခ်င္သလိုဆင္းမယ္ဆိုၿပီး လံုျခံဳေရးခ်ိဳးေဖာက္ရေလာက္တဲ့ အထိ ျဖစ္လာေတာ့ ဒီခေလးမ အျမင္ကတ္သြားပံု ရပါတယ္။ အေမ့နားမွာ ေနသူမို႔

အေမ့စိတ္ကို သိေနသူမို႔ ဒီလိုအလုပ္ေတြကို အေမမႀကိဳက္မွန္းသိေနသူဆိုေတာ့ မ်က္ႏွာအမူအရာကအစ လူေျပာစရာျဖစ္သြားခဲ့ရတယ္။ ကၽြန္ေတာ္ကေတာ့ ရွင္းတယ္။ ေဒၚလဲ့လဲ့ေမာ္ကို ေနာက္က

မဲ့ျပရံုမကလို႔ ေလွကားကပါ ကန္ခ်ခဲ့ရင္ေတာင္ ဒီခေလးမကို အျပစ္ျမင္မိ မွာမဟုတ္ဘူး။ ဘာလို႔လည္းဆိုေတာ့ ဒီခေလးမ အေမ့ေပၚထားတဲ့စိတ္ထားဟာ တာဝန္ဆိုတာထက္ အေမ့ေပၚထားတဲ့ ေႏြးေထြးတဲ့

ေမတၱာတရားကို ျမင္ေနမိလို႔ပဲ။ ကၽြန္ေတာ္တို႔ေတြ အေမ့အတြက္ ခရီးစဥ္တိုင္းမွာ စိတ္ပူတာထက္ ဒီခေလးမကပိုတယ္။ ကၽြန္ေတာ္တို႔ေတြ အေမ့ရဲ႕က်န္းမာေရးမေကာင္းျဖစ္မွာကို စိုးရိမ္တာထက္ ဒီခေလးမက

ပိုစိုးရိမ္တယ္။ ဘာလို႔ေျပာလည္းဆိုေတာ့ အေမ့ခရီးစဥ္တိုင္းမွာ ဒီခေလးမ အေမ့အေပၚျပဳစုေစာင့္ေရွာက္တဲ့ ပံုေလးေတြ တက္လာတာေၾကာင့္ပဲ။ အေပၚယံလားဆိုၿပီး ပံုေလးေတြကိုေသခ်ာၾကည့္မိျပန္ေတာ့

ရင္ထဲကလာတဲ့ အေမ့ အေပၚထားတဲ့ ေႏြးေထြးတဲ့ ေမတၱာဆိုတာ ကိုေတြ႕လိုက္ရတယ္။ အေမေနပူတဲ့အခါ ကိုယ္နဲ႔ ကြယ္ေပးတာေတြ၊ ခေမာက္ေလးေတြယူၿပီး အကာအကြယ္ေပးတာေတြ၊ ခႏၶာကိုယ္နဲ႔ အေမ့

ခံုေလး လဲသြားမွာကို တြန္းအားေပးထားတာေတြ၊ ေလွကား ထစ္ေတြ တက္တိုင္း အေမ့ေျခလွမ္းယိုင္လဲသြားမွာစိုးလို႔ မ်က္စိေဒါက္ေထာက္ၾကည့္ေနတာေတြ၊ ေရဆိုေရ မီးဆိုမီး အေမေတာင္းစရာ

မလိုေအာင္ အလိုက္တသိ အရံသင့္အနားက လုပ္ေပးေနတာေတြက ကိုယ္ရံေတာ္ ဆိုတာထက္ ပိုတယ္။ တနည္းေျပာရရင္ ကၽြန္ေတာ္ တို႔ အေမ့ကို ခ်စ္တယ္ ဆိုတာထက္ သူကပိုပါတယ္။ ဒါေၾကာင့္

ေဒၚလဲ့လဲ့ေမာ္ကို မဲ့ျပရံုမကလို႔ ေနာက္က ကန္ခ်ခဲ့ရင္ေတာင္ ကိုယ့္အလုပ္ကိုယ္မလုပ္လို႔ အေနအထိုင္ မတက္လို႔ ကန္ခ်ခံရတာလို႔ပဲ ျမင္မိမွာ။ ဒီခေလးမေလး ကိုေတာ့ အျပစ္ျမင္မိမွာမဟုတ္ဘူး

ဘာေၾကာင့္လည္း ဆိုေတာ့ အေမ့ အေပၚထားတဲ့ ဒီခေလးမရဲ႕ေမတၱာေစတနာက က်ဳပ္ တို႔ထက္သာလို႔ပဲ။ ခ်ယ္ရီထက္နဲ႔ပတ္သက္ၿပီး ေရးသားခဲ့ၾကတဲ့ စာေလးကိုလည္းမ်ွေ၀ေပး လုိက္ပါတယ္။

ခရက္ဒစ္ Aung Ko

unicode

သူမအမည် ချယ်ရီထက်။ လူထုခေါင်းဆောင် အမေ ဒေါ်အောင်ဆန်းစုကြည် ရဲ့အနီးကပ် သက်တော်စောင့် ရဲမေ ချယ်ရီထက် ပစ်မှတ်ကို ၉၉%ထိအောင်ပစ်နိုင်သူ။ ဒီခလေးမကို စောင့်ကြည့်နေတာ အမေ့နားမှာ

ကိုလင်းလင်းမရှိတဲ့အချိန်ထဲကပဲ။ စစ်အာဏာရှင်တွေမွေးထုတ်ပေး လိုက်တဲ့ အထူးတပ်ဖွဲ့ထဲ ကမို့ အမေ့နားရောက်တော့ ပိုလို့သတိထားစောင့်ကြည့် မိတယ်။ အမေ့နားမှာ တစ်စစနဲ့ ပြည်သူတွေသိလာကြ

ချီးကျူးးလာကြပေမယ့် မယုံရဲတဲ့စိတ် နဲ့ပဲ ကိုယ့်မှာ မချီးကျူးးရဲခဲ့ဘူး။ ခုတော့.ဒေါ်လဲ့လဲ့မော်နဲ့ကိစ္စမှာ ဒီခလေးမလေးကို အပြစ်ပြောတဲ့သူတွေ တွေ့လာ ရတော့ မြင်သလောက်လေး ဒီခလေးမဘက်က

ရပ်တည်ပေးချင်လာမိတယ်။ အမေသွားတဲ့ ခရီးစဉ်တိုင်း ဘယ်ဝန်ကြီးချုပ်မှ လေယာဉ်ပေါ် အထိ တက်ကြိုတာ မတွေ့ခဲ့ရဘူးသလိုပဲ။ မမြင်လိုက်မိတာလည်းဖြစ်မှာပါ။ အပြစ်ကို ဖုံးကွယ်ချင်လို့ ဖားတဲ့အနေနဲ့

ဝန်ကြီးချုပ်ပဲ လေယာဉ်ပေါ်ထိ တက်ချင်သလို တက်မယ်၊ ဆင်းချင်သလိုဆင်းမယ်ဆိုပြီး လုံခြုံရေးချိုးဖောက်ရလောက်တဲ့ အထိ ဖြစ်လာတော့ ဒီခလေးမ အမြင်ကတ်သွားပုံ ရပါတယ်။ အမေ့နားမှာ နေသူမို့

အမေ့စိတ်ကို သိနေသူမို့ ဒီလိုအလုပ်တွေကို အမေမကြိုက်မှန်းသိနေသူဆိုတော့ မျက်နှာအမူအရာကအစ လူပြောစရာဖြစ်သွားခဲ့ရတယ်။ ကျွန်တော်ကတော့ ရှင်းတယ်။ ဒေါ်လဲ့လဲ့မော်ကို နောက်က

မဲ့ပြရုံမကလို့ လှေကားကပါ ကန်ချခဲ့ရင်တောင် ဒီခလေးမကို အပြစ်မြင်မိ မှာမဟုတ်ဘူး။ ဘာလို့လည်းဆိုတော့ ဒီခလေးမ အမေ့ပေါ်ထားတဲ့စိတ်ထားဟာ တာဝန်ဆိုတာထက် အမေ့ပေါ်ထားတဲ့ နွေးထွေးတဲ့

မေတ္တာတရားကို မြင်နေမိလို့ပဲ။ ကျွန်တော်တို့တွေ အမေ့အတွက် ခရီးစဉ်တိုင်းမှာ စိတ်ပူတာထက် ဒီခလေးမကပိုတယ်။ ကျွန်တော်တို့တွေ အမေ့ရဲ့ကျန်းမာရေးမကောင်းဖြစ်မှာကို စိုးရိမ်တာထက် ဒီခလေးမက

ပိုစိုးရိမ်တယ်။ ဘာလို့ပြောလည်းဆိုတော့ အမေ့ခရီးစဉ်တိုင်းမှာ ဒီခလေးမ အမေ့အပေါ်ပြုစုစောင့်ရှောက်တဲ့ ပုံလေးတွေ တက်လာတာကြောင့်ပဲ။ အပေါ်ယံလားဆိုပြီး ပုံလေးတွေကိုသေချာကြည့်မိပြန်တော့

ရင်ထဲကလာတဲ့ အမေ့ အပေါ်ထားတဲ့ နွေးထွေးတဲ့ မေတ္တာဆိုတာ ကိုတွေ့လိုက်ရတယ်။ အမေနေပူတဲ့အခါ ကိုယ်နဲ့ ကွယ်ပေးတာတွေ၊ ခမောက်လေးတွေယူပြီး အကာအကွယ်ပေးတာတွေ၊ ခန္ဓာကိုယ်နဲ့ အမေ့

ခုံလေး လဲသွားမှာကို တွန်းအားပေးထားတာတွေ၊ လှေကား ထစ်တွေ တက်တိုင်း အမေ့ခြေလှမ်းယိုင်လဲသွားမှာစိုးလို့ မျက်စိဒေါက်ထောက်ကြည့်နေတာတွေ၊ ရေဆိုရေ မီးဆိုမီး အမေတောင်းစရာ

မလိုအောင် အလိုက်တသိ အရံသင့်အနားက လုပ်ပေးနေတာတွေက ကိုယ်ရံတော် ဆိုတာထက် ပိုတယ်။ တနည်းပြောရရင် ကျွန်တော် တို့ အမေ့ကို ချစ်တယ် ဆိုတာထက် သူကပိုပါတယ်။ ဒါကြောင့်

ဒေါ်လဲ့လဲ့မော်ကို မဲ့ပြရုံမကလို့ နောက်က ကန်ချခဲ့ရင်တောင် ကိုယ့်အလုပ်ကိုယ်မလုပ်လို့ အနေအထိုင် မတက်လို့ ကန်ချခံရတာလို့ပဲ မြင်မိမှာ။ ဒီခလေးမလေး ကိုတော့ အပြစ်မြင်မိမှာမဟုတ်ဘူး

ဘာကြောင့်လည်း ဆိုတော့ အမေ့ အပေါ်ထားတဲ့ ဒီခလေးမရဲ့မေတ္တာစေတနာက ကျုပ် တို့ထက်သာလို့ပဲ။ ချယ်ရီထက်နဲ့ပတ်သက်ပြီး ရေးသားခဲ့ကြတဲ့ စာလေးကိုလည်းမျှဝေပေး လိုက်ပါတယ်။

ခရက်ဒစ် Aung Ko