ကုတင် (၅၀၀) အထူးကု ဆေးရုံကြီး (၆)ထပ်ဆောင်သစ် မီးလောင် ရတဲ့ အကြောင်းအရင်း

ကုတင် (၅၀၀) အထူးကု ဆေးရုံကြီး (၆)ထပ်ဆောင်သစ် မီးလောင် ရတဲ့ အကြောင်းအရင်း

ရန်ကုန်တိုင်းဒေသကြီး ၊ လမ်းမတော်မြို့နယ် ၊ အမှတ် (၉)ရပ်ကွက် ၊ မင်းရဲကျော်စွာလမ်း နှင့် ပြည်လမ်းထောင့် ရှိ ကုတင် (၅၀၀)ဆံ့ အထူးကုဆေးရုံကြီး ၊ အသဲ ၊ ဆီး ၊ ကျောက်ကပ် ၊ အဆုတ် နှင့် ရင်ခေါင်း လူနာများထားရှိသည့် (၆)ထပ်ဆောင်အသစ်တွင် ဇွန်လ ၁ရက် ၊ ညနေ ၅နာရီ ၁၅ အချိန်ခန့်က မီးလောင်မှု ဖြစ်ပွား ခဲ့ပါတယ်။

ယင်း မီးလောင်ရာ သို့ အထောက်အကူပြု ယာဉ် (၄)စီး ၊လူနာတင်ယာဉ် (၄)စီး ၊ ကွပ်ကဲမှုယာဉ် (၅)စီး ၊ သန္ဓေမီးသတ်တပ်ဖွဲ့ဝင် (၁၇၇)ဦး ၊ အရန်မီးသတ်တပ်ဖွဲ့ဝင် (၂၉)ဦး တို့ဖြင့် မီးငြိမ်းသတ်ခဲ့ရာ ၅နာရီ ၄၂ အချိန်တွင် မီးငြိမ်းသတ်နိုင်ခဲ့ပါတယ်။

မီးလောင်မှု အကြောင်းအရင်း မှာ အဲယားကွန်း အပူလွန်ကဲရာမှ မီးလောင်ကျွမ်းမှု ဖြစ်ပွားခဲ့တယ်လို့ သိရပါတယ်။ မီးလောင်မှုကြောင့် Toshiba Air-Con Indoor (၁)ကောင်ခွဲ (၁)လုံး မီးဟပ်ခံရပြီး မျက်နှာကျက်နှင့် ဝါယာကြိုးအနည်းငယ်၊ Air-Con Safeguard (၁)ခု မီးလောင်ခံ ရကာ စုစုပေါင်း ဆုံးရှုံးမှုတန်ဖိုးမှာ ငွေကျပ် သုံးသိန်းဖြစ်ကြောင်း ၊ (၆)ထပ်ဆောင်အသစ်ရှိ လူနာ ၅၂ ဦး ကို ဆးရုံပြင်ပသို့ ရွေ့ပြောင်း ကုသပေးခဲ့ကြောင်း သိရပါတယ်။ သေဆုံးလူနာမှာ မီးမလောင်ခင် ကတည်းက အသည်းရောဂါဖြင့် သေဆုံးနေ
တယ်လို့ သိရပါတယ်။

မီးလောင်မှုကြောင့် အငယ်တန်းဆောက်လုပ်ရေး အင်ဂျင်နီယာ ဦးစွမ်းပြည့်စုံကို လမ်းမတော်မြို့မရဲစခန်းတွင် (ပ) ၂၇၀/၂၀၂၀ ရာဇသတ်ကြီး ဥပဒေပုဒ်မ ၂၈၅ ဖြင့် အမှုဖွင့် အရေးယူထားတယ်လို့ သိရပါတယ်။

crd : whitesone

Add a Comment

Your email address will not be published. Required fields are marked *

5 × two =