အဆင်းရဲဆုံး အမေရိကန် သမ္မတလောင်း ဂျိုးဘိုင်ဒန် ဆိုတာ ဘယ်လို လူမျိုးလဲ?

“ဂျိုးဘိုင်ဒန် (Joe Biden)” ဂျိုးဇက်ရိုဘင်နက်ဘိုင်ဒန်ဂျူနီယာ (ခေါ်) ဂျိုးဘိုင်ဒန်သည် ဒီမိုကရက် တစ်ပါတီဝင်တစ်ဦးဖြစ်သည်။ ၁၉၄၂၊ ပယ်ဆလ်ဗေးနီး ယားပြည်နယ်တွင် ဖွားမြင်သည်။ ဘိုင်ဒန်မွေးဖွားစဉ်က ဆင်းရဲခဲ့သည်။ နောက်ပိုင်း ဖခင်လုပ်ငန်းအဆင်ပြေလာ၍ လူလတ်တန်းစားသို့ ရောက်ရှိလာသည်။ ငယ်စဉ်က စကား ထစ်သည့်ရောဂါ ရရှိခဲ့ပြီး အတော်လေ့ကျင့်ယူခဲ့ရပါသည်။ ၁၉၆၅တွင် နိုင်ငံရေးသိပ္ပံဖြင့် ဘွဲရခဲ့သည်။ ဘိုင်ဒန်သည် အရက်မသောက်တတ်..။ ဆွေမျိုးထဲတွင် အရက်သမား အလုံအလောက်ရှိပြီးဟု ဆိုသည်။ ၁၉၆၆ တွင် ပထမအိမ်ထောင်ကျပြီး သားနှစ်ယောက် သမီးတစ် ယောက် ဖွားမြင်သည်။

၁၉၆၈ တွင် ဥပဒေဘွဲ့ထပ်မံရရှိခဲ့ ပြီး ရှေ့နေ လုပ်ခဲ့သည်။ ၁၉၇၂ ခုနှစ်တွင် ကားအက်ဆိဒင့် ဖြင့် ဇနီးနှင့် တစ်နှစ်သမီးလေးတို့ ကွယ်လွန်ခဲ့သည်။ ၁၉၇၇ တွင် (လက်ရှိ) ဒုတိယအိမ်ထောင်ပြုခဲ့သည်။ ၁၉၇၀ တွင် အမေရိကန်သမိုင်းတစ်လျှောက် ဆဌမမြောက် အသက်အငယ်ဆုံး ဆီးနိတ်လွတ်တော်အမတ် ဖြစ်လာ သည်။ အမေရိကန်ဆီးနိတ်လွှတ်တော်၊ နိုင်ငံခြား ရေးရာ ကော်မတီ၏ဝါရင့်အဖွဲ့ဝင်တစ်ဦးဖြစ်သည်။ စစ်အေးတိုက် ပွဲအပြီး အရှေ့ဥရောပသို့ နေတိုးအဖွဲ့ ချဲ့ထွင်ခြင်းများ၊ ၁၉၉၁ ယူဂိုဆလပ်စစ်ပွဲများသို့ အမေရိကန်ဝင်ရောက်ခြင်း နှင့် ၂၀၀၂တွင် အီရတ်စစ်ပွဲတို့ကို ထောက်ခံဦးဆောင်ပါဝင် ခဲ့သညျ ထို့နောက် ဆီးနိတ်တရားရေးကော်မတီဥက္ကဌ ဖြစ် လာသည်။ တက္ကသိုလ်များတွင်လည်း အခြေခံဥပဒေဆိုင်ရာ ဘာသာရပ်တို့ကို ပို့ချခဲ့သည်။

WILMINGTON, DE – SEPTEMBER 24: Democratic candidate for president, former Vice President Joe Biden makes remarks about the DNI Whistleblower Report as well as President Trumps ongoing abuse of power at the Hotel DuPont on September 24, 2019 in Wilmington, Delaware. (Photo by William Thomas Cain/Getty Images)

၁၉၈၈ တွင် ဒီမိုကရက် တစ်သမ္မတလောင်းအဖြစ် ဝင်ရောက် အရွေးခံသော်လည်း ရှုံးနိမ့်ခဲ့ပါသည်။ အမေရိကန်သမိုင်း၏ ၁၆ယောက်မြောက် သက်တမ်းအရင့်ဆုံး လွှတ်တော်အမတ် ဖြစ်လာသည်။ အမေရိကန်လွှတ်တော်၏ အမွဲဆုံးလွှတ်တော်အမတ်များ အနက်တစ်ဦးလည်း ဖြစ်သည်။ အမတ်လုပ်ရတာကြာသွား လို့ဟု ဆိုသည်။ ပျော်ပျော်နေတတ်ပြီး အပေးအကမ်းရက် ရောသူ၊ အေးအေးနှင့် အငြင်းသန်သူဟုလည်း ဆိုကြ သည်။ ဆီးနိတ်တွင် (၆) ကြီမ်ပြန်လည်အရွေးခံခဲ့ရပြီး ၂၀၀၈ တွင် အိုဘားမားနှင့် တွဲဖက်၍ ဒုသမ္မတအဖြစ် နှစ်ကြိမ် ထမ်း ဆောင်ခဲ့ပါသည်။ အမေရိကန်ကို စီးပွားပျက်ကပ်အတွင်းမှ ဆွဲထုတ်ရာတွင် ဦးဆောင်ခဲ့သည်။ တက္ကသိုလ်နှင့် အဖွဲ့အ စည်းပေါင်းများစွာမှ ဂုဏ်ထူးဆောင်ဘွဲ့တို့ ရရှိထားပြီး ၂၀၁၇ တွင် အမေရိကန်နိုင်ငံ၏ အမြင့်ဆုံးဆု Presidential Honor of Freedom ကို သမ္မတအိုဘားမားမှ ချီးမြှင့် ခဲ့သည်။

Ye Htwe

zawgyi

“ဂ်ိဳးဘိုင္ဒန္ (Joe Biden)” ဂ်ိဳးဇက္႐ိုဘင္နက္ဘိုင္ဒန္ဂ်ဴနီယာ (ေခၚ) ဂ်ိဳးဘိုင္ဒန္သည္ ဒီမိုကရက္ တစ္ပါတီဝင္တစ္ဦးျဖစ္သည္။ ၁၉၄၂၊ ပယ္ဆလ္ေဗးနီး ယားျပည္နယ္တြင္ ဖြားျမင္သည္။ ဘိုင္ဒန္ေမြးဖြားစဥ္က ဆင္းရဲခဲ့သည္။ ေနာက္ပိုင္း ဖခင္လုပ္ငန္းအဆင္ေျပလာ၍ လူလတ္တန္းစားသို႔ ေရာက္ရွိလာသည္။ ငယ္စဥ္က စကား ထစ္သည့္ေရာဂါ ရရွိခဲ့ၿပီး အေတာ္ေလ့က်င့္ယူခဲ့ရပါသည္။ ၁၉၆၅တြင္ ႏိုင္ငံေရးသိပၸံျဖင့္ ဘြဲရခဲ့သည္။ ဘိုင္ဒန္သည္ အရက္မေသာက္တတ္..။ ေဆြမ်ိဳးထဲတြင္ အရက္သမား အလုံအေလာက္ရွိၿပီးဟု ဆိုသည္။ ၁၉၆၆ တြင္ ပထမအိမ္ေထာင္က်ၿပီး သားႏွစ္ေယာက္ သမီးတစ္ ေယာက္ ဖြားျမင္သည္။

၁၉၆၈ တြင္ ဥပေဒဘြဲ႕ထပ္မံရရွိခဲ့ ၿပီး ေရွ႕ေန လုပ္ခဲ့သည္။ ၁၉၇၂ ခုႏွစ္တြင္ ကားအက္ဆိဒင့္ ျဖင့္ ဇနီးႏွင့္ တစ္ႏွစ္သမီးေလးတို႔ ကြယ္လြန္ခဲ့သည္။ ၁၉၇၇ တြင္ (လက္ရွိ) ဒုတိယအိမ္ေထာင္ျပဳခဲ့သည္။ ၁၉၇၀ တြင္ အေမရိကန္သမိုင္းတစ္ေလွ်ာက္ ဆဌမေျမာက္ အသက္အငယ္ဆုံး ဆီးနိတ္လြတ္ေတာ္အမတ္ ျဖစ္လာ သည္။ အေမရိကန္ဆီးနိတ္လႊတ္ေတာ္၊ ႏိုင္ငံျခား ေရးရာ ေကာ္မတီ၏ဝါရင့္အဖြဲ႕ဝင္တစ္ဦးျဖစ္သည္။ စစ္ေအးတိုက္ ပြဲအၿပီး အေရွ႕ဥေရာပသို႔ ေနတိုးအဖြဲ႕ ခ်ဲ႕ထြင္ျခင္းမ်ား၊ ၁၉၉၁ ယူဂိုဆလပ္စစ္ပြဲမ်ားသို႔ အေမရိကန္ဝင္ေရာက္ျခင္း ႏွင့္ ၂၀၀၂တြင္ အီရတ္စစ္ပြဲတို႔ကို ေထာက္ခံဦးေဆာင္ပါဝင္ ခဲ့သည် ထို႔ေနာက္ ဆီးနိတ္တရားေရးေကာ္မတီဥကၠဌ ျဖစ္ လာသည္။ တကၠသိုလ္မ်ားတြင္လည္း အေျခခံဥပေဒဆိုင္ရာ ဘာသာရပ္တို႔ကို ပို႔ခ်ခဲ့သည္။

WILMINGTON, DE – SEPTEMBER 24: Democratic candidate for president, former Vice President Joe Biden makes remarks about the DNI Whistleblower Report as well as President Trumps ongoing abuse of power at the Hotel DuPont on September 24, 2019 in Wilmington, Delaware. (Photo by William Thomas Cain/Getty Images)

၁၉၈၈ တြင္ ဒီမိုကရက္ တစ္သမၼတေလာင္းအျဖစ္ ဝင္ေရာက္ အေ႐ြးခံေသာ္လည္း ရႈံးနိမ့္ခဲ့ပါသည္။ အေမရိကန္သမိုင္း၏ ၁၆ေယာက္ေျမာက္ သက္တမ္းအရင့္ဆုံး လႊတ္ေတာ္အမတ္ ျဖစ္လာသည္။ အေမရိကန္လႊတ္ေတာ္၏ အမြဲဆုံးလႊတ္ေတာ္အမတ္မ်ား အနက္တစ္ဦးလည္း ျဖစ္သည္။ အမတ္လုပ္ရတာၾကာသြား လို႔ဟု ဆိုသည္။ ေပ်ာ္ေပ်ာ္ေနတတ္ၿပီး အေပးအကမ္းရက္ ေရာသူ၊ ေအးေအးႏွင့္ အျငင္းသန္သူဟုလည္း ဆိုၾက သည္။ ဆီးနိတ္တြင္ (၆) ႀကီမ္ျပန္လည္အေ႐ြးခံခဲ့ရၿပီး ၂၀၀၈ တြင္ အိုဘားမားႏွင့္ တြဲဖက္၍ ဒုသမၼတအျဖစ္ ႏွစ္ႀကိမ္ ထမ္း ေဆာင္ခဲ့ပါသည္။ အေမရိကန္ကို စီးပြားပ်က္ကပ္အတြင္းမွ ဆြဲထုတ္ရာတြင္ ဦးေဆာင္ခဲ့သည္။ တကၠသိုလ္ႏွင့္ အဖြဲ႕အ စည္းေပါင္းမ်ားစြာမွ ဂုဏ္ထူးေဆာင္ဘြဲ႕တို႔ ရရွိထားၿပီး ၂၀၁၇ တြင္ အေမရိကန္ႏိုင္ငံ၏ အျမင့္ဆုံးဆု Presidential Honor of Freedom ကို သမၼတအိုဘားမားမွ ခ်ီးျမႇင့္ ခဲ့သည္။

Ye Htwe