အသက် (၁၀၃) နှစ် အဖွားအို COVID-19 သက်သာ ပျောက်ကင်းခြင်း အထိမ်းအမှတ် အဖြစ် ဘီယာ တစ်ပုလင်းသောက်

အသက် (၁၀၃) နှစ် အဖွားအို COVID-19 သက်သာ ပျောက်ကင်းခြင်း အထိမ်းအမှတ် အဖြစ် ဘီယာ တစ်ပုလင်းသောက်

အမေရိကန်ပြည်ထောင်စု၊ မက်ဆာချူးဆက်ပြည်နယ် မှ အသက် ၁၀၃ နှစ်အရွယ် အဖွားအို တစ်ဦးတွင် COVID-19 ရောဂါပိုး မတွေ့ရှိတော့ကြောင်း ဓာတ်ခွဲခန်း အဖြေထွက် လာသဖြင့် ယင်း အထိမ်းအမှတ် အဖြစ် သူအကြိုက်ဆုံးဖြစ်သော ရေခဲစိမ် ဘီယာ တစ်ပုလင်းကို သောက်ခဲ့ကြောင်း အဖွားအို၏ မိသားစုက ပြောသည်။

အဖွားအို ဂျယ်နီစတီဂျာ သည် ဧပြီလအတွင်း ကတည်း ကပင်လျှင် COVID-19 ပေါ့စတစ် ဖြစ်ကြောင်း သိရှိရသဖြင့် သူ၏ မိသားစုက အစစအရာရာ စောင့်ရှောက် ကုသမှုများ ပြုလုပ်ပေးခဲ့ပြီး သူကိုယ်တိုင် အပြင် သူ၏ခင်ပွန်း နှင့် အခြားမိသားစုဝင်များ ကလည်း အဖွားအို ကွယ်လွန်လိမ့်မည်ဟု ပင် ထင်ခဲ့ကြသည်။

သို့ရာတွင် မေလ ၈ ရက်နေ့က ဆေးစစ်ချက် အဖြေအရ အဖွားအိုတွင် COVID-19 ရောဂါပိုး မရှိတော့ကြောင်း သိရတော့ သူနာပြုက အဖွားအို၏ အခန်း တွင်းသို့ ဝင်ရောက်ပြောကြား ရာတွင် သူက ” ငါ နေကောင်းနေပြီ။ ဘာမှ မဖြစ်တော့ဘူး ” ဟု ပြန်လည်ပြောကြား ခဲ့သည်။

Credit – Popular News Journal

Add a Comment

Your email address will not be published. Required fields are marked *

9 − 6 =