ရ တစ်လုံး နဲ့ ဝ တစ်လုံးသာ သိတဲ့ တစ်ဘို့တည်းသမားတွေ ကြောင့် ကြွေလွင့် ခဲ့ရတဲ့ မိသားစုဘဝတွေ

ရ တစ်လုံး နဲ့ ဝ တစ်လုံးသာ သိတဲ့ တစ်ဘို့တည်းသမားတွေ ကြောင့် ကြွေလွင့် ခဲ့ရတဲ့ မိသားစုဘဝတွေ

မင်္ဂလာပါ ချမ်းမြေ့ကြပါစေ.

မနက်က ယာဉ်တိုက်မှု ဖြစ်စဉ်မှာ ဘေးက မျက်မြင်သက်သေတစ်ဦးက YBS ၂ စီး ပြိုင်မောင်း လာတယ် တစ်စီးမှတ်တိုင် မှာ လမ်းပိတ်ပြီး ရပ်တယ် နောက်ကားကို ညစ်တဲ့ သဘော အဲဒီ့မှာ နောက်ကားက လမ်းလယ် ကွန်ကရစ်တားတုံးတွေ ကိုပါ ကျော်ပြီး
လမ်းပြောင်းပြန်မောင်းချလိုက်တယ် ဟိုကားကိုပြန်ကျော်ချင်တဲ့ သဘော

အဲဒီ့မှာ Taxi လေးက ညာဖက်ကနေ ဗယ်ဘက်ကို U Turn ပြန်ဝိုက်မလို့ လုပ်နေချိန် မှာ YBS ၄၀ က တိုက်ချလိုက်တာ ပဲ ကားပေါ်က ခရီးသည် လင်မယားက မနက်တိုင်း ဈေးကြိုလာနေကျ လင်မယားပါ ကျွန်တော် တို့နဲ့ခင်ပါတယ်.. ကောင်မလေးက ကလေးမွေးထားတာ မကြာသေးဖူးလို့ ကြားတယ်ဗျ တဲ့ …

သူတို့ ပြောစကားတွေကို နားထောင်ပြီး အစိုးရက ဘယ်လိုပဲ လူလို သူလို အဆင့်ရှိရှိ လုပ်ပေးပါစေ… ရ တစ်လုံးနဲ့ ဝ တစ်လုံးသာသိတဲ့ တစ်ဘို့တည်းသမားတွေက ခုထိ ကိုယ်ရ ကိုယ်ယူ စနစ်ကို ကျင့်သုံးနေကြသေးတယ်

YRTA ကလည်း အဲဒါတွေကို ထိထိ ရောက်ရောက်လေး စစ်ဆေး အရေးယူပေးစေချင်ပါတယ် သူတို့ စည်းကမ်းမဲ့မှုကြောင့် ဘဝတွေ ပျက်ကုန်ပြီ အနာဂတ်တွေ စုပြတ်ကုန်ပြီ.. ကလေးတွေ မိဘမဲ့ကုန်ပြီ ဇနီး သည် မုဆိုးမဖြစ်ရပြီ သူတို့ကို မှီခိုနေရတဲ့ ဘဝတွေ ဒုက္ခရောက်ကုန်ပြီ..

ဟိုးအရင် YBS ပြောင်းကာစလည်း မဂ်လာဒုံ ပြည်လမ်းမပေါ် မှာ ၅၅ ယာဉ်လိုင်းကြောင့် လူတွေ သေကြသေးတယ် ..သူတို့ကို Civic Education ပြည်သူ့နီတိသင်တန်းတွေပေးပါတယ် အခြားသော CSOတွေကလည်း သင်ပေးပါတယ်… သင်ပေးပါတယ် သူတို့ အကျင့်ကိုက အရိုးစွဲနေကြတယ် စိတ်ဓာတ်တွေကိုက မပြင်ကြသေးတာ အဓိက ကတော့ ကိုယ်ရ ကိုယ်ယူ စနစ်ကို ကြိတ်ပြီးကျင့်သုံးနေကြသေးတာပဲ

တစ်ချို့ကားတွေ ကို စပယ်ယာတွေ တောင်ပါနေသေးတယ်

ကျန်သေးတယ် လှိုင်သာယာဖက်က ယာဉ်လိုင်းတွေ မ ဒဂုံဖက်က ယာဉ်လိုင်းတွေ ရွှေပြည်သာတ ဒဂုံ သာကေတ အဲဒီ့ဖက်မှာ ပြေးဆွဲနေတဲ့ ယာဉ်တွေကို ပိုပြီး စည်းကမ်းပိုင်း စစ်ဆေးပေး ပါလို့ မေတ္တာရပ်ခံပါရစေပြည်သူက တိုင်ကြားလာလျှင် ထိရောက်စွာ အရေးယူပါလို့ မေတ္တာရပ်ခံပါရစေ

ဘုန်းလက်ရုံး

Add a Comment

Your email address will not be published.

17 − 11 =