စင်ကာပူထက် (၂)ဆ ကျယ်ဝန်းမယ့် ရန်ကုန်မြို့သစ် စီမံကိန်း ကို နိုင်ငံပေါင်း (၉) နိုင်ငံ စိတ်ဝင်စား

ရန်ကုန်မြို့သစ် စီမံကိန်း တွင် ရင်းနှီးမြှပ်နှံရန် အတွက် စင်္ကာပူ၊ ဂျပန်၊ အီတလီနှင့် ပြင်သစ်နိုင်ငံ အပါအ၀င် နိုင်ငံပေါင်း (၉) နိုင်ငံမှ အဖွဲ့အစည်း (၁၆) ဖွဲ့ လျာထားလျက် ရှိကြောင်း ပို့ဆောင်ရေး စီမံကိန်း ဦးစီးဌာနမှ ဒုတိယ ညွှန်ကြားရေးမှူးချုပ်၏ ပြောကြားချက်အရ သိရပါတယ်။ ၎င်းမြို့သစ် စီမံကိန်းကို တရုတ် ကုမ္ပဏီ တစ်ခု ဖြစ်သည့် (CCCC) ကုမ္ပဏီမှ ဒီဇိုင်းရေးဆွဲကာ တင်သွင်းခွင့် ရရှိထားပြီး ရန်ကုန်မြို့၏ အနောက်ဘက်ကမ်းတွင် စတင် တည်ဆောက်မည့် မြို့သစ် အကျယ်အဝန်းမှာ စင်္ကာပူနိုင်ငံထက် (၂) ဆခန့် ကျယ်ဝန်းမည် ဟု ဆိုပါတယ်။

အဆိုပါ စီမံကိန်းအတွက် စိတ်ဝင်စား သည့် ကုမ္ပဏီများ အနေဖြင့် အဆိုပြုလွှာ တင်သွင်းရေး ကို အောက်တိုဘာ (၁၅) ရက်နေ့က Swiss Challenge တင်ဒါကော်မတီမှ ဖိတ်ခေါ်ခဲ့ပြီး အောက်တိုဘာ (၂၂) ရက်နေ့တွင် လျှောက်လွှာ ပိတ်သိမ်းခဲ့ပါတယ်။ (Swiss Challenge) တင်ဒါကော်မတီတွင် ကော်မတီဝင် (၅) ဦးပါဝင်ပြီး ဥက္ကဌအဖြစ် ပို့ဆောင်ရေးနှင့် ဆက်သွယ်ရေး ဝန်ကြီးဌာန၊ စီမံကိန်း နှင့် ဘဏ္ဍာ‌ရေး ဝန်ကြီးဌာန၊ ရင်းနှီးမြှုပ်နှံမှုနှင့် နိုင်ငံခြား စီးပွား ဆက်သွယ်ရေး ဝန်ကြီးဌာန၊ ရန်ကုန်တိုင်း ဒေသကြီး အစိုးရအဖွဲ့ စီမံကိန်းနှင့် ဘဏ္ဍာရေး ဝန်ကြီးဌာနနှင့် ရန်ကုန်မြို့တော် စည်ပင်သာယာရေး ကော်မတီ တို့မှ တာ၀န်ရှိ သူများက အဖွဲ့ဝင်အဖြစ် တာဝန်ယူ ဆောင်ရွက်လျက် ရှိပါတယ်။

တင်ဒါအောင်မြင်သည့် ကုမ္ပဏီများ အနေဖြင့် မြို့သစ် စီမံကိန်း၏ သုံးပုံတပုံကို လုပ်ကိုင်ခွင့် ရရှိမည် ဖြစ်ပြီး လယ်ယာလျှော်ကြေး ပေးခြင်းများ၊ ရေ၊ မီး၊ လမ်းနှင့် တံတားများကို စတင် အကောင်အထည်ဖော် တည်ဆောက်ပေးနိုင်မည် ဖြစ်ပါတယ်။ ၎င်းစီမံကိန်း တစ်ခုလုံးအတွက် အမေရိကန် ဒေါ်လာ ငါးဘီလီယံ နှင့် အထက် ကုန်ကျမည်ဟု ခန့်မှန်းထားပြီး မြန်မာလုပ်သား (၂) သန်းကျော် အတွက်လည်း အလုပ်အကိုင် အခွင့်အလမ်းများ ဖန်တီး ပေးနိုင်လိမ့်မည်ဟု ရန်ကုန်တိုင်း ဝန်ကြီးချုပ်မှ ပြောကြားထားပါတယ်။

crd

zawgyi

ရန္ကုန္ၿမိဳ႕သစ္ စီမံကိန္း တြင္ ရင္းႏွီးျမႇပ္ႏွံရန္ အတြက္ စကၤာပူ၊ ဂ်ပန္၊ အီတလီႏွင့္ ျပင္သစ္ႏိုင္ငံ အပါအ၀င္ ႏိုင္ငံေပါင္း (၉) ႏိုင္ငံမွ အဖြဲ႕အစည္း (၁၆) ဖြဲ႕ လ်ာထားလ်က္ ရွိေၾကာင္း ပို႔ေဆာင္ေရး စီမံကိန္း ဦးစီးဌာနမွ ဒုတိယ ၫႊန္ၾကားေရးမႉးခ်ဳပ္၏ ေျပာၾကားခ်က္အရ သိရပါတယ္။ ၎ၿမိဳ႕သစ္ စီမံကိန္းကို တ႐ုတ္ ကုမၸဏီ တစ္ခု ျဖစ္သည့္ (CCCC) ကုမၸဏီမွ ဒီဇိုင္းေရးဆြဲကာ တင္သြင္းခြင့္ ရရွိထားၿပီး ရန္ကုန္ၿမိဳ႕၏ အေနာက္ဘက္ကမ္းတြင္ စတင္ တည္ေဆာက္မည့္ ၿမိဳ႕သစ္ အက်ယ္အဝန္းမွာ စကၤာပူႏိုင္ငံထက္ (၂) ဆခန္႔ က်ယ္ဝန္းမည္ ဟု ဆိုပါတယ္။

အဆိုပါ စီမံကိန္းအတြက္ စိတ္ဝင္စား သည့္ ကုမၸဏီမ်ား အေနျဖင့္ အဆိုျပဳလႊာ တင္သြင္းေရး ကို ေအာက္တိုဘာ (၁၅) ရက္ေန႔က Swiss Challenge တင္ဒါေကာ္မတီမွ ဖိတ္ေခၚခဲ့ၿပီး ေအာက္တိုဘာ (၂၂) ရက္ေန႔တြင္ ေလွ်ာက္လႊာ ပိတ္သိမ္းခဲ့ပါတယ္။ (Swiss Challenge) တင္ဒါေကာ္မတီတြင္ ေကာ္မတီဝင္ (၅) ဦးပါဝင္ၿပီး ဥကၠဌအျဖစ္ ပို႔ေဆာင္ေရးႏွင့္ ဆက္သြယ္ေရး ဝန္ႀကီးဌာန၊ စီမံကိန္း ႏွင့္ ဘ႑ာ‌ေရး ဝန္ႀကီးဌာန၊ ရင္းႏွီးျမႇဳပ္ႏွံမႈႏွင့္ ႏိုင္ငံျခား စီးပြား ဆက္သြယ္ေရး ဝန္ႀကီးဌာန၊ ရန္ကုန္တိုင္း ေဒသႀကီး အစိုးရအဖြဲ႕ စီမံကိန္းႏွင့္ ဘ႑ာေရး ဝန္ႀကီးဌာနႏွင့္ ရန္ကုန္ၿမိဳ႕ေတာ္ စည္ပင္သာယာေရး ေကာ္မတီ တို႔မွ တာ၀န္ရွိ သူမ်ားက အဖြဲ႕ဝင္အျဖစ္ တာဝန္ယူ ေဆာင္႐ြက္လ်က္ ရွိပါတယ္။

တင္ဒါေအာင္ျမင္သည့္ ကုမၸဏီမ်ား အေနျဖင့္ ၿမိဳ႕သစ္ စီမံကိန္း၏ သုံးပုံတပုံကို လုပ္ကိုင္ခြင့္ ရရွိမည္ ျဖစ္ၿပီး လယ္ယာေလွ်ာ္ေၾကး ေပးျခင္းမ်ား၊ ေရ၊ မီး၊ လမ္းႏွင့္ တံတားမ်ားကို စတင္ အေကာင္အထည္ေဖာ္ တည္ေဆာက္ေပးႏိုင္မည္ ျဖစ္ပါတယ္။ ၎စီမံကိန္း တစ္ခုလုံးအတြက္ အေမရိကန္ ေဒၚလာ ငါးဘီလီယံ ႏွင့္ အထက္ ကုန္က်မည္ဟု ခန္႔မွန္းထားၿပီး ျမန္မာလုပ္သား (၂) သန္းေက်ာ္ အတြက္လည္း အလုပ္အကိုင္ အခြင့္အလမ္းမ်ား ဖန္တီး ေပးႏိုင္လိမ့္မည္ဟု ရန္ကုန္တိုင္း ဝန္ႀကီးခ်ဳပ္မွ ေျပာၾကားထားပါတယ္။