ကျွန်တော့် ညီမလေး နဲ့ အမေက ရှေ့ဆင့် နောက်ဆင့် . .ဆယ်ရက်ပဲ ကွာတယ်တဲ့ (ကိုဗစ် ဖြစ်ရပ်မှန် ဖြစ်ရပ် တခု)

မော်နီတာ စက်ပေါ်က အောက်စီဂျင်ရာခိုင်နှုန်းတွေ ၄၀-၅၀ ထိုးကျ သွားတာမျိုး အရင်က မမြင်ဘူးလို့ ဓါတ်ပုံရိုက်ထားလိုက်မိတာ။ ဒီ ဓါတ်ပုံက သူ့အတွက် နောက်ဆုံးမှတ်တမ်း ဖြစ်မယ်လို့ ဘယ်ထင်မိမလဲ။ ကိုယ်ကတော့ ပြန်တက်လာနိုးနဲ့ စောင့်နေတာ။ ဒါပေမယ့် ပြန်မတက်လာတော့ဘူး။ အပြီး ပျောက်သွား တော့တာ။ တချို့က ကိုဗစ်ကို တကယ် မရှိဘူး ထင်ကြတယ် … ကိုဗစ်ကို ကြောက်ရကောင်းမှန်း မသိတဲ့ သူတွေ ရှိသလို လုံးဝ ဂရုမစိုက်သူတွေလည်း ထုနဲ့ဒေး … တကယ်တော့ ကိုဗစ်က တော်တော် ရက်စက်ပါတယ် .. ထင်မှတ် မထားလောက်အောင်ကို ဆိုးဝါးပါတယ် … ကာကွယ်ဆေး မပေါ်သေးသလို အရှင်းပျောက်အောင် ကုသနိုင်တဲ့ ဆေးလည်း မရှိသေးဘူး …

မနက်ခင်းမှာ ကောင်းကောင်းမွန်မွန် ရှိနေတဲ့သူက ညနေရောက်တော့ အောက်စီဂျင်တွေ ထိုးကျပြီး ဘာမှ ကူမရနိုင်ဘဲ Expired ဖြစ်သွားတဲ့သူတွေ အများကြီး ရှိတယ် … သေဆုံးကြောင်း လက်မှတ်ဆိုတာ ဂျူတီ အဝင်/အထွက် လက်မှတ်ထိုးနေသလို ရေးရတာ … ပြီးတော့ လူနာအိမ်ကို အကြောင်းကြားပေးရတယ် (မလုပ်ချင်ဆုံး အလုပ်ပဲ)။ ဒါပေမယ့် ခနခန ဆက်နေ ရတာပဲ။ ကိုယ်ဆက်ခဲ့တဲ့ ‌call တွေထဲက တခုဆိုရင် … မိသားစု ၃ ယောက်ရှိတယ်။ အမေရယ်၊ အကိုရယ် ၊ ညီမရယ်။ လူနာရှင် အိမ်ကို လူနာ ဆုံးသွားကြောင်း ဖုန်းဆက်တော့ အကို ဖြစ်သူ ဖုန်းကိုင်တယ်။ အကို ဖြစ်သူက အမေနဲ့ အတူနေတယ်။ အမေက positive ဆိုတော့ သူလည်း ကွာရန်တင်း ဝင်နေရတယ်။ ကိုယ်က သူ့ ညမ အကြောင်း ပြောပြတော့ ..

” ဟုတ်လား ဆရာ ” တဲ့ ပြီးတော့ ဆက်ပြောတယ် ” ကျနော့် ညီမက အမေ နဲ့ ဆယ်ရက်ပဲ ကွာတာ ” တဲ့ …. “အမေလည်း လွန်ခဲ့တဲ့ ဆယ်ရက်ကပဲ ကိုဗစ် နဲ့ ဆုံးသွားတာ ” လို့ ပြန်ဖြေတော့ … ကိုယ်လည်း ဘာဆက်ပြောရမှန်း မသိ။ ဒါနဲ့ ကျနော်လည်း စိတ်မကောင်းပါဘူး အစချီလို့ ပြောစရာရှိတာတွေ ခပ်မြန်မြန်ပဲ ပြောလိုက်တော့တယ်။ လူဆိုတာ သေမျိုးလို့ ပြောကြတယ်။ သေတာ ဘာဆန်းလို့လဲလို့ ပြန်မေးရင် … ကိုဗစ်ဖြစ်လို့ သေရတာက ဆန်းတယ်၊ ပြီးတော့ တခြား အကြောင်းကြောင့် သေရတာတွေ နဲ့ အင်မတန် ကွာတယ်။ လူဆိုတာ မွေးလာတုန်းကလည်း တယောက်တည်း သေတော့လည်း တယောက်တည်း ဘာများထူးဆန်းလဲ လို့ အထွန့်တက် ချင်တက်ပေါ့။ ကိုဗစ်နဲ့ သေရင်တော့ တကယ် တယောက်တည်း သေရတယ်။ ဆွေမျိုး အသိုင်းအဝိုင်း လည်း လာလို့မရဘူး။ ကုန်ကုန်ပြောရရင် နောက်ဆုံး အချိန်မှာ မိန်းမ/ယောက်င်္ကျား/သားသမီး မျက်နှာတောင် မြင်ခွင့်ရမှာ မဟုတ်ဘူး။ တကယ်ကို တယောက်တည်းပဲ။ မသေခင် မှာလည်း အထီးကျန်ရသလို သေတော့လည်း တယောက်တည်း သွားရတာ။ဆိုတော့ မပေါ့ကြနဲ့ဗျို့။ နောက်ကေ့စ်တွေလည်း အချိန်ရသလို ရေးပြဦးမယ်။

crd

zawgyi

ေမာ္နီတာ စက္ေပၚက ေအာက္စီဂ်င္ရာခိုင္ႏႈန္းေတြ ၄၀-၅၀ ထိုးက် သြားတာမ်ိဳး အရင္က မျမင္ဘူးလို႔ ဓါတ္ပုံ႐ိုက္ထားလိုက္မိတာ။ ဒီ ဓါတ္ပုံက သူ႔အတြက္ ေနာက္ဆုံးမွတ္တမ္း ျဖစ္မယ္လို႔ ဘယ္ထင္မိမလဲ။ ကိုယ္ကေတာ့ ျပန္တက္လာႏိုးနဲ႔ ေစာင့္ေနတာ။ ဒါေပမယ့္ ျပန္မတက္လာေတာ့ဘူး။ အၿပီး ေပ်ာက္သြား ေတာ့တာ။ တခ်ိဳ႕က ကိုဗစ္ကို တကယ္ မရွိဘူး ထင္ၾကတယ္ … ကိုဗစ္ကို ေၾကာက္ရေကာင္းမွန္း မသိတဲ့ သူေတြ ရွိသလို လုံးဝ ဂ႐ုမစိုက္သူေတြလည္း ထုနဲ႔ေဒး … တကယ္ေတာ့ ကိုဗစ္က ေတာ္ေတာ္ ရက္စက္ပါတယ္ .. ထင္မွတ္ မထားေလာက္ေအာင္ကို ဆိုးဝါးပါတယ္ … ကာကြယ္ေဆး မေပၚေသးသလို အရွင္းေပ်ာက္ေအာင္ ကုသႏိုင္တဲ့ ေဆးလည္း မရွိေသးဘူး …

မနက္ခင္းမွာ ေကာင္းေကာင္းမြန္မြန္ ရွိေနတဲ့သူက ညေနေရာက္ေတာ့ ေအာက္စီဂ်င္ေတြ ထိုးက်ၿပီး ဘာမွ ကူမရႏိုင္ဘဲ Expired ျဖစ္သြားတဲ့သူေတြ အမ်ားႀကီး ရွိတယ္ … ေသဆုံးေၾကာင္း လက္မွတ္ဆိုတာ ဂ်ဴတီ အဝင္/အထြက္ လက္မွတ္ထိုးေနသလို ေရးရတာ … ၿပီးေတာ့ လူနာအိမ္ကို အေၾကာင္းၾကားေပးရတယ္ (မလုပ္ခ်င္ဆုံး အလုပ္ပဲ)။ ဒါေပမယ့္ ခနခန ဆက္ေန ရတာပဲ။ ကိုယ္ဆက္ခဲ့တဲ့ ‌call ေတြထဲက တခုဆိုရင္ … မိသားစု ၃ ေယာက္ရွိတယ္။ အေမရယ္၊ အကိုရယ္ ၊ ညီမရယ္။ လူနာရွင္ အိမ္ကို လူနာ ဆုံးသြားေၾကာင္း ဖုန္းဆက္ေတာ့ အကို ျဖစ္သူ ဖုန္းကိုင္တယ္။ အကို ျဖစ္သူက အေမနဲ႔ အတူေနတယ္။ အေမက positive ဆိုေတာ့ သူလည္း ကြာရန္တင္း ဝင္ေနရတယ္။ ကိုယ္က သူ႔ ညမ အေၾကာင္း ေျပာျပေတာ့ ..

” ဟုတ္လား ဆရာ ” တဲ့ ၿပီးေတာ့ ဆက္ေျပာတယ္ ” က်ေနာ့္ ညီမက အေမ နဲ႔ ဆယ္ရက္ပဲ ကြာတာ ” တဲ့ …. “အေမလည္း လြန္ခဲ့တဲ့ ဆယ္ရက္ကပဲ ကိုဗစ္ နဲ႔ ဆုံးသြားတာ ” လို႔ ျပန္ေျဖေတာ့ … ကိုယ္လည္း ဘာဆက္ေျပာရမွန္း မသိ။ ဒါနဲ႔ က်ေနာ္လည္း စိတ္မေကာင္းပါဘူး အစခ်ီလို႔ ေျပာစရာရွိတာေတြ ခပ္ျမန္ျမန္ပဲ ေျပာလိုက္ေတာ့တယ္။ လူဆိုတာ ေသမ်ိဳးလို႔ ေျပာၾကတယ္။ ေသတာ ဘာဆန္းလို႔လဲလို႔ ျပန္ေမးရင္ … ကိုဗစ္ျဖစ္လို႔ ေသရတာက ဆန္းတယ္၊ ၿပီးေတာ့ တျခား အေၾကာင္းေၾကာင့္ ေသရတာေတြ နဲ႔ အင္မတန္ ကြာတယ္။ လူဆိုတာ ေမြးလာတုန္းကလည္း တေယာက္တည္း ေသေတာ့လည္း တေယာက္တည္း ဘာမ်ားထူးဆန္းလဲ လို႔ အထြန႔္တက္ ခ်င္တက္ေပါ့။ ကိုဗစ္နဲ႔ ေသရင္ေတာ့ တကယ္ တေယာက္တည္း ေသရတယ္။ ေဆြမ်ိဳး အသိုင္းအဝိုင္း လည္း လာလို႔မရဘူး။ ကုန္ကုန္ေျပာရရင္ ေနာက္ဆုံး အခ်ိန္မွာ မိန္းမ/ေယာက္က်ၤား/သားသမီး မ်က္ႏွာေတာင္ ျမင္ခြင့္ရမွာ မဟုတ္ဘူး။ တကယ္ကို တေယာက္တည္းပဲ။ မေသခင္ မွာလည္း အထီးက်န္ရသလို ေသေတာ့လည္း တေယာက္တည္း သြားရတာ။ဆိုေတာ့ မေပါ့ၾကနဲ႔ဗ်ိဳ႕။ ေနာက္ေက့စ္ေတြလည္း အခ်ိန္ရသလို ေရးျပဦးမယ္။