ပရိသတ်တွေ မမြင်ဘူးသေး တဲ့ တစ်ချိန်က ပုံဟောင်းလေးတွေ ထုတ်ပြ လိုက်တဲ့ ခိုင်သင်းကြည်

ပရိသတ်တွေ မမြင်ဘူးသေး တဲ့ တစ်ချိန်က ပုံဟောင်းလေးတွေ ထုတ်ပြ လိုက်တဲ့ ခိုင်သင်းကြည်

သရုပ်ဆောင် မင်းသမီးချော ခိုင်သင်းကြည် ကတော့ အနုပညာလောက မှာ လျှမ်းလျှမ်းတောက် အောင်မြင်နေတဲ့ ပရိသတ်အချစ်တော်တစ်ယောက်ပဲ ဖြစ်ပါတယ်။ စကားပြောပွင့်လင်းပြီး ဟန်ဆောင်မှုကင်းကင်းနေတတ်တဲ့ မခိုင်လေးရဲ့စတိုင်ကြောင့်လည်း ပရိသတ်တွေက ကြွေနေရတာ ဖြစ်ပါတယ်။ ဒါ့အပြင် မခိုင်လေးက အခုချိန် အထိ ခေတ်ရေစီးကြောင်း အတိုင်း လိုက်လျောညီထွေစွာ နေထိုင်တတ်သူလည်း ဖြစ်ပါတယ်။

မခိုင်လေးအနေနဲ့ သမီးလေး တစ်ယောက် ပိုင်ဆိုင်ထားတဲ့ ကလေးတစ်ယောက် မိခင်ဖြစ်ပေမယ့်လည်း သူမရဲ့ အရွယ်တင်နုပျိုမှုက အံ့အားသင့်လောက်တာ ဖြစ်ပါတယ်။ မခိုင်လေးက ကျန်းမာရေးလိုက်စားသူဖြစ်တာကြောင့် ခန္ဓာကိုယ်လေးကလည်း အဆီပိုမရှိဘဲ ကျစ်လစ်လှပနေတာ ဖြစ်ပါတယ်။ အခုလည်း အရင်က ပုံဟောင်းလေးတွေကို အမှတ်တရဖော်ပြထားကာ ပရိသတ်တွေ မြင်တွေ့ရမှာ ဖြစ်ပါတယ်။

ပုံလေးတွေတိုင်းမှာ မခိုင်လေး တစ်ယောက်အရမ်းချစ်ဖို့ကောင်းနေတာကြောင့် ပရိသတ်တွေ အချစ်ပိုစေမှာ အမှန်ပါပဲနော်။ ကဲ ချစ်ပရိသတ်တွေအတွက် မင်းသမီးချောလေး ခိုင်သင်းကြည်ရဲ့ အရင်က အလှပုံရိပ်လေးတွေကို ပြန်လည်မျှဝေပေးလိုက်ပါတယ်နော်။

Credit – Cele Zone
Photo – Khine Thin Kyi

Add a Comment

Your email address will not be published. Required fields are marked *

two × 1 =