စိတ်မရှည်ရင် ယောက်ျားလေးတွေ ကို ကိုယ့်ဘက်က စပြီးပြောလိုက်တယ် ဆိုတဲ့ The Voice Myanmar ပြိုင်ပွဲဝင် G

ပရိတ်သတ်ကြီးရေG( ခေါ် ) သက်ရတနာကျော်ဝင်း ဟာ The Voice Myanmar (Season 3) Blind Auditions သီချင်းဆိုပြိုင်ပွဲမှာ “It Will Rain” သီချင်းနဲ့ ဝင်ရောက်ယှဉ်ပြိုင်ခဲ့တာဖြစ်ပြီး ပရိသတ်တွေကြား လူသိများလာခဲ့တာဖြစ်ပါတယ် သူမဟာ ချမ်းသာသူ မိဘ ၂ ပါးက ဆင်းသက်လာပေမယ့် မောက်မာမှုမရှိဘဲ ပရဟိတအလုပ်တွေကိုသာ တစိုက်မက်မက် လုပ်ကိုင်နေတာကြောင့် ပရိသတ်တွေရဲ့ ချစ်ခြင်းကို ရရှိလာခဲ့သူပါနော်။G ကယခုရက်ပိုင်း မီဒီယာတွေ့ဆုံမှုတစ်ခုမှာတော့ G က ယောက်ကျားလေးတွေကို ကိုယ့်ဘက်က စပြီး ရည်းစားစကား ပြောဖြစ်ကြောင်း ပြောပြလာခဲ့တာဖြစ်ပါတယ်။

သူ့ကို Lesbian လို့ထင်ကြတာ နဲ့ ပတ်သတ်ပြီးG က “ညီမကို Straight လားဆိုပြီးမေးကြတဲ့သူတွေရှိတယ် အဲ့ဒါထင်ချင်စရာပဲ အရင်တုန်းက ဆံပင်ခါးလောက်ထိ ရှိနေတုန်းကဆိုရင် ယောကျာ်းလေးလိုနေပေမယ့်လည်း သိသာတယ်ပေါ့ မိန်းကလေးဆိုတာ အဲ့လို Lesbian မဟုတ်ဘူးဆိုတာ ဒါမဲ့ ထင်ချင်လည်းထင်ပေါ့ အဲ့ဒါအရေးမကြီးပါဘူး ဒါပေမယ့် ညီမက ယောကျာ်းလေးတွေပဲ ကြိုက်တာပါ” လို့ဆိုလာခဲ့တာပါ

“ငယ်ငယ်တုန်းကတော့ ရည်းစား စကားလာပြောတာခံရဖူးတယ် ဒီ ဗမာပြည်က ယောကျာ်းလေးများသောအားဖြင့်ဆိုရင် ရည်းစားစကားပြောဖို့ကို အကြာကြီးတွေလုပ်နေတာရှိတယ် သူကြိုက်နေတာလည်းသိတယ်ဆိုရင် ညီမတခါတလေ စိတ်မရှည်ရင် ကိုယ့်ဟာကိုယ်ပဲ အရင်ပြောလိုက်တယ် ရှုပ်လို့ အဲ့လို့ပဲ”ဘာလို့လဲဆိုတာညီမ မရှင်းပြတတ်ဘူး ရည်းစားစကားပြောတာက ငယ်ငယ်တုန်းကပဲဖြစ်တာ နောက်ပိုင်း ယောကျာ်းလေးဘက်ကစရင်တောင်မှ အဲ့လိုကြီး နင့်ကို ကြိုက်တယ် မပြောဘူး သူ့ဟာသူ ဖြစ်ဖြစ်သွားတာ အဲ့တော့မရှင်းပြတတ်ဘူး ညီမဘက်ကစရင်လည်း ဒီတိုင်းဖြစ်ဖြစ်သွားတာပဲ ရည်းစားကလေ ဟိုလိုကြီး ငါ့ကိုပြန်ကြိုက် လားတို့ ဘာတို့ထိမပြောဘူး လို့ထင်တယ်”လို့ ဆိုလာခဲ့တာဖြစ်ပါတယ်။G ကတော့ ပွင့်လင်းရိုးသားသူပီပီ ယောက်ကျားလေးတွေကို ကိုယ့်ဘက်က စပြီး ရည်းစားစကား ပြောဖြစ်ကြောင်း ပြောပြလာခဲ့တာဖြစ်ပါတယ်နော် အဆုံးထိဖတ်ရှုပေးကြတဲ့အတွက် ကျေးဇူးတင်ပါတယ်နော်။ပရိတ်သတ်ကြီးအတွက်G ရဲ့ interview videoလေး ကိုလည်း တင်ဆက်ပေးလိုက်ရပါတယ်နော်။

crd

zawgyi




crd