




Source:wikipedia

unicode

ဒီနေ့မေလ (၈)ရက်နေ့မှာ ပဲ အသက်(၅၀)ပြည့်သွား ခဲ့ပြီဖြစ်တဲ့ နိုင်ငံကျော်ရုပ်ရှင် သရုပ်ဆောင်ထက်ထက်မိုးဦး

ဒီနေ့မေလ (၈)ရက်နေ့ကတော့ နိုင်ငံကျော်ရုပ်ရှင် သရုပ်ဆောင်တစ်ယောက်ဖြစ်တဲ့ ထက်ထက်မိုးဦး ရဲ့ မွေးနေ့လေးပဲဖြစ်ပါတယ်။ သူမကိုတော့ ၁၉၇၀-ပြည့်နှစ်၊ မေလတွင် အဖဦးခင်မောင်ကြည်(မြတ်နိုင်-အနုပညာ)နှင့် အမိဒေါ်ခင်မျိုးမြင့်တို့မှ မိုးကုတ်မြို့၊မြို့မရပ်တွင်မွေးဖွား ခဲ့ပါတယ်။ ဒီနေ့ မှာတော့ ထက်ထက်မိုးဦးဟာ အသက်(၅၀)ပြည့်သွားခဲ့ပါပြီ။ ထက်ထက်မိုးဦး ကတော့ တချိန်ကကြော်ငြာလောကမှာ သူမတူအောင်သရုပ်ဆောင်နိုင်တဲ့ ကြော်ငြာဘုရင်မတစ်ပါးပဲဖြစ်ပါတယ်။

သရုပ်ဆောင်ပိုင်းမှာလည်း အပီပြင်ဆုံးဖြစ်အောင် ပိုင်ပိုင်နိုင်နိုင်သရုပ်ဆောင်နိုင်သူတစ်ယောက်ဖြစ် တာကြောင့် ၁၉၉၆ ခုနှစ်တွင် “ပန်းသခင်” ရုပ်ရှင်ဇာတ်ကားဖြင့်လည်းကောင်း၊ ၂၀၀၁ ခုနှစ်တွင် “သမီးမိုက်” ရုပ်ရှင်ဇာတ်ကားဖြင့်လည်းကောင်း အမျိုးသမီးဇာတ်ဆောင်ထူးချွန်ဆုများကို ထိုက်ထိုက် တန်တန်နဲ့ သိမ်းပိုက်ရရှိခဲ့ပါတယ်။ထက်ထက်မိုးဦးကတော့ လက်ရှိအချိန်အထိပရိသတ်အားပေးမှုကို အပြည့်အဝ ရရှိနေဆဲဖြစ်ပါတယ်။

ပရိသတ်ကြီးရေ ဒီနေ့မှာကျရောက်သော နိုင်ငံကျော်ရုပ်ရှင် သရုပ်ဆောင်တစ်ယောက်ဖြစ်တဲ့ ထက်ထက်မိုးဦး ရဲ့မွေးနေ့အတွက် မွေးနေ့ဆုတောင်း စကားလေးတွေပြောပြခဲ့ပါဦးနော်…။

Source:wikipedia

Add a Comment

Your email address will not be published. Required fields are marked *

14 − one =