ညအိပ်ဝတ်စုံ အပါးသားလေးဝတ်ပြီး အိပ်ရာထက်မှာ အကြမ်းစားပို့စ်ပေးနေတဲ့ ပုံရိပ်တွေကို ချပြလာတဲ့ အိချောပို

မင်းသမီးချောလေး အိချောပိုကတော့ အချိုးအစား ပြေပြစ်တဲ့ ခန္ဓာကိုယ်လေးနဲ့ ဆွဲဆောင်မှုရှိတဲ့ပင်ကိုယ်အလှကို ပိုင်ဆိုင် ထားတာ ဖြစ်ပါတယ် ။ ယောက်ျားလေးပရိသတ်တွေရဲ့နှုတ်ဖျားမှာ အထူးရေပန်းစားလေ့ရှိတဲ့ အိချောပိုက ရုပ်ရည်ရော အသားအရေပါ အပြစ်ပြောစရာမရှိအောင် လှနေတာလည်း ဖြစ်ပါတယ် ။ သရုပ်ဆောင်လည်းတော်တဲ့ အိချောပိုက ရုပ်ရှင် ဇာတ်ကားကြီးတွေမနားတမ်းရိုက်ကူးရင်း အောင်မြင်မှု တွေရရှိနေတာပဲ ဖြစ်ပါတယ် ။

အိချောပိုက ပုရိသတွေငေးမောရလောက်အောင် လှပရုံသာမကဘဲ မိန်းကလေးအချင်းချင်းပါ အားကျရလောက်အောင်ကို ခေါင်းအစခြေအဆုံးထိ ပြီးပြည့်စုံတဲ့အလှတွေကို ပိုင်ဆိုင်ထားတာ ဖြစ်ပါတယ် ။ ကိုယ်လုံးကိုယ်ပေါက်လှပသူဖြစ်တဲ့ အိချောပိုက ဘယ်လိုဖက်ရှင်မျိုးနဲ့မဆို စွဲမက်ဖွယ်ကောင်းနေတာလည်း ဖြစ်ပါတယ် ။ အခုလည်း အိချောပိုက အိပ်ရာထက် မှာ အကြမ်းစားပို့စ်ပေးကာ ဓာတ်ဖမ်းထားတဲ့ပုံရိပ်တွေကို ချပြလိုက်တာပဲ ဖြစ်ပါတယ် ။

အိချောပိုက “Your Beautiful Nightmare” ဆိုပြီး ညအိပ်ဝတ်စုံ အပါးသားလေးနဲ့ အပြတ်လန်းနေတဲ့ ပုံလေးတွေကို တင်ထားတာ ဖြစ်ပါတယ် ။ အိချောပိုကတော့ ပရိသတ်တွေ မမြင်ဖူးသေးတဲ့ပုံစံလေးနဲ့ အရမ်းကို ဆွဲဆောင်မှုရှိစွာလှနေတာဖြစ်ပြီး ခန္ဓာကိုယ်အလှတရားတွေ ပေါ်လွင်နေတာလည်း ဖြစ်ပါတယ် ။ ကဲ ချစ်ပရိသတ်တွေအတွက် မင်းသမီးချောလေး အိချောပိုရဲ့ အသစ်စက်စက် အမိုက်စားပုံရိပ်တွေကို ပြန်လည်မျှဝေပေး လိုက်ပါတယ်နော် ။

Source & Photo Credit-“Ei Chaw Po-စူစူ” FB Page & Ei Thiri Cho Maung

zawgyi



