ကြည့်မိသူ မိန်းကလေးတိုင်း အပြုံးတွေ နဲ့ တင် အခါခါ သေဆုံးသွား နိုင်တဲ့ စိုင်းစိုင်းခမ်းလှိုင် ရဲ့ TIK TOK ဗီဒီယို
|ကြည့်မိသူ မိန်းကလေးတိုင်း အပြုံးတွေ နဲ့ တင် အခါခါ သေဆုံးသွား နိုင်တဲ့ စိုင်းစိုင်းခမ်းလှိုင် ရဲ့ TIK TOK ဗီဒီယို
အနုပညာလောကမှာ နှစ်ပေါင်း များစွာ အောင်မြင်မှုအပောင်း သရဖူဆောင်း ထားတဲ့ အဆိုတော်၊ သရုပ်ဆောင် စိုင်းစိုင်းခမ်းလှိုင် က တစ်နိုင်ငံလုံးက ပရိသတ်တွေ ရဲ့ အားပေးချစ်ခင်မှုကို တစ်ခဲနက် ရရှိထားပါတယ်။ စိုင်းစိုင်းခမ်းလှိုင်က သူ့ရဲ့ အနုပညာသက်တမ်း တစ်လျှောက် တေးသီချင်းခွေ များစွာနဲ့ ရုပ်ရှင်၊ ဗီဒီယိုဇာတ်ကားတွေ များစွာကို ထုတ်လုပ်နိုင်ခဲ့တာ ဖြစ်ပါတယ်။ စိုင်းစိုင်းခမ်းလှိုင်က လက်ရှိ အသက်(၄၀) ကျော်သွားတဲ့တိုင် အနုပညာလုပ်ငန်းတွေကို အားတက်သရော လုပ်ဆောင်နေဆဲ ဖြစ်ပါတယ်။
Stay Home ကာလမှာ ပရိသတ် တွေ မပျင်းရအောင် တစ်နေ့တစ်မျိုး ဖန်တီးပေးနေတဲ့ စိုင်းစိုင်းခမ်းလှိုင်က ဒီတစ်ခါမှာလည်း သူ့ရဲ့ သီချင်းလေး နဲ့သူ ပြန်ပြီး Tik Tok ရိုက်ကူးခဲ့တာကို တွေ့ရပါတယ်။ စိုင်းစိုင်းက သူနဲ့ သီရိဆွေရဲ့ အောင်မြင်ခဲ့တဲ့ သီချင်းတစ်ပုဒ်ဖြစ်တဲ့ “အမြဲတမ်း ယုံကြည်တယ်” သီချင်းလေး နဲ့ အခုလိုပဲ Tik Tok ဗီဒီယိုလေး ပြုလုပ်ခဲ့တာ ဖြစ်ပါတယ်။
စိုင်းစိုင်းခမ်းလှိုင် ကတော့ Tik Tok ကို ရံဖန်ရံခါမှသာ အသုံးပြုတတ်သူတစ်ယောက်ဖြစ်တာမို့ ဒီဗီဒီယို လေးကတော့ ထူးထူး ခြားခြားပါပဲ။ ပရိသတ်ကြီးလည်း စိုင်းစိုင်းရဲ့ Tik Tok ဗီဒီယိုလေး ကို သဘောကျကြမယ်လို့ မျှော်လင့်ပါတယ်နော်။
Source: Sai Sai Kham Leng’s fb