အမေရိကန်မှာ မဲရေတွက်တာ ဘာလို့ ကြာနေတာလဲ?

Joe Biden နဲ့ Trump ဘယ်သူနိုင်သလဲရလဒ်ကို ပြတ်ပြတ်သားသား မကြေညာနိုင်တာ ၃ ရက်ရှိပါပြီ။ ပြည်နယ်အချို့မှာ မြန်မြန်နီ၊ တစ်ချို့မှာ မြန်မြန်ပြာပြီး လူတွေသိချင်တဲ့ပြည်နယ်တွေကျမှ အရောင်နုတွေကနေ အရောင်ရင့်မလာတော့ဘူး။

Biden က 264 – Trump က 214 နဲ့ တက်မလာတော့ပဲ ဝမ်းချုပ်ပြီး တစ်သလိုတစ်နေတာ ၃ ရက်လောက်ရှိတော့နေမထိထိုင်မသာအတော်ဖြစ်ရပါတယ်။အမေရိကန်ရွေးကောက်ပွဲနေ့ဟာ နိုဝင်ဘာလ ၃ ရက်နေ့ဖြစ်ပါတယ်။ သို့သော်အဲ့ဒီနေ့မှာအပြီးရေတွက်ပြီးရလဒ်ကိုကြေညာရမယ်လို့ မဟုတ်ပါဘူး။ပြဿနာကပြည်နယ်တစ်ခုနဲ့တစ်ခု #အဝေးရောက်မဲလက်ခံရက်မတူကြတာဖြစ်ပါတယ်။ အဝေးရောက်မဲတွေနဲ့ စာတိုက်ကမဲပေးကြတာကလည်း အကြောင်းရှိပါတယ်။ ပြည်ပရောက်နေသူတွေ၊ စစ်တပ်ထဲကလူတွေ၊ ကိုဗစ်ကိုကြောက်လို့လူကိုယ်တိုင်ရွေးကောက်ပွဲနေ့မှာ မဲရောမပေးချင်သူတွေက စာတိုက်ကနေမဲပို့ပေးလို့ရပါတယ်။

absentee ballots လို့ခေါ်ပါတယ်။ လူကိုယ်တိုင်မလာရောက်နိုင်သူတွေရဲ့မဲတွေပေါ့။အမေရိကန်က မဲပေးသူ သန်း 160 မှာ 65.2 သန်းက စာတိုက်ကနေမဲပေးခဲ့ပါသတဲ့။California မှာ အင်္ဂါနေ့ ရွေးကောက်ပွဲနေ့မှာ သတင်းဌာနတွေက မြန်မြန်ကြေညာပြီး အပြာရောင်ပြလိုက်ပါတယ်။ အဲ့ဒါအကြမ်းဖျင်းပဲမှန်ပြီး #တရားဝင်ရလဒ်မဟုတ် သေးပါ။ California ကိုပြန်ကြည့်ရင် 66% ပဲရေတွက်လို့ပြီးပါသေးတယ်။ မဲတွေထပ်ရေတွက်ဖို့ကျန်နေပါသေးတယ်။သို့သော် မဲအရေအတွက်က ကွာလွန်းတော့သိသာတယ်ပေါ့။ မဲမကွာတဲ့ပြည်နယ်တွေကျတော့ နောက်ဆုံးမဲတစ်မဲအထိအသေအချာရေတွက်ရပါတယ်။

ဒါကြောင့် Google ခေါက်လိုက်ရင် Biden က 264 – Trump က 214 နဲ့တစ်နေရတာပါ။ သိပြီလား။North Carolina မှာ ဥပဒေအရ နိုဝင်ဘာလ ၁၂ ရက်နေ့အထိရောက်လာတဲ့မဲကို ရေတွက်ပေးရပါတယ်။Nevada မှာဆိုရင် မဲဟာ နိုဝင်ဘာ ၃ ရက် ရွေးကောက်ပွဲနေ့ စာတိုက်လက်ခံတံဆိပ်တုံးပါပြီး နိုဝင်ဘာလ ၁၀ ရက်နေ့ရောက်လာရင် ထည့်ရေတွက်ပေးရပါတယ်။

Wisconsin မှာ ရွေးကောက်ပွဲနေ့မှာ တစ်ချိန်လုံးနီနေရာက ညပိုင်းမှကပ်ပြာသွားပြီး Biden နိုင်သွားပါတယ်။ အဲ့ဒါကျတော့အတည်ဖြစ်ပါတယ်။ အဲ့ဒီပြည်နယ်မှာ Supreme Court က ရွေးကောက်ပွဲနေ့မှာရတဲ့မဲသာလျှင် ထည့်သွင်းရေတွက်လို့ပါ။ Pennsylvania ပြည်နယ်မှာ ရီပါဘလစ်ကင်ကဦးဆောင်တဲ့ ဥပဒေပြုသူတွေက ရွေးကောက်ပွဲရက်မတိုင်ခင် ရွေးကော်ကို ကြိုတင်မရေတွက်ဖို့တားမြစ်ထားပါတယ်။Pennsylvania မှာ Trump ကမ်ပိန်းအဖွဲ့က မဲရေတွက်တာရပ်တန့်ဖို့ Supreme Court ကိုတောင်းဆိုခဲ့ပါတယ်။
အဲ့ဒီမှာ ရီပါဘလစ်ကင်တွေက ရွေးကောက်ပွဲနေ့နောက်ဆုံးထားပြီး စာတိုက်တံဆိပ်တုံးပါဖို့ သောကြာနေ့နောက်ဆုံးထားရောက်ဖို့ လနဲ့ချီတောင်းဆိုခဲ့တာပါ။

အဲ့ဒီတော့ အရမ်းကိုမဲအရေအတွက်ကပ်နေတဲ့ အကြိတ်အနယ်ပြည်နယ်တွေမှာ စာတိုက်မဲတွေကို ပြည်နယ်ဥပဒေကလက်ခံသ၍ နောက်ဆုံးရက်အထိလက်ခံရေတွက်ရတာမို့ အခုထိတစ်ဆို့ဆို့ဖြစ်နေတာဖြစ်ပါကြောင်း။

CRD – Richard Myo Thant

zawgyi

Joe Biden နဲ႔ Trump ဘယ္သူႏိုင္သလဲရလဒ္ကို ျပတ္ျပတ္သားသား မေၾကညာႏိုင္တာ ၃ ရက္ရွိပါၿပီ။ ျပည္နယ္အခ်ိဳ႕မွာ ျမန္ျမန္နီ၊ တစ္ခ်ိဳ႕မွာ ျမန္ျမန္ျပာၿပီး လူေတြသိခ်င္တဲ့ျပည္နယ္ေတြက်မွ အေရာင္ႏုေတြကေန အေရာင္ရင့္မလာေတာ့ဘူး။

Biden က 264 – Trump က 214 နဲ႔ တက္မလာေတာ့ပဲ ဝမ္းခ်ဳပ္ၿပီး တစ္သလိုတစ္ေနတာ ၃ ရက္ေလာက္ရွိေတာ့ေနမထိထိုင္မသာအေတာ္ျဖစ္ရပါတယ္။အေမရိကန္ေ႐ြးေကာက္ပြဲေန႔ဟာ ႏိုဝင္ဘာလ ၃ ရက္ေန႔ျဖစ္ပါတယ္။ သို႔ေသာ္အဲ့ဒီေန႔မွာအၿပီးေရတြက္ၿပီးရလဒ္ကိုေၾကညာရမယ္လို႔ မဟုတ္ပါဘူး။ျပႆနာကျပည္နယ္တစ္ခုနဲ႔တစ္ခု #အေဝးေရာက္မဲလက္ခံရက္မတူၾကတာျဖစ္ပါတယ္။ အေဝးေရာက္မဲေတြနဲ႔ စာတိုက္ကမဲေပးၾကတာကလည္း အေၾကာင္းရွိပါတယ္။ ျပည္ပေရာက္ေနသူေတြ၊ စစ္တပ္ထဲကလူေတြ၊ ကိုဗစ္ကိုေၾကာက္လို႔လူကိုယ္တိုင္ေ႐ြးေကာက္ပြဲေန႔မွာ မဲေရာမေပးခ်င္သူေတြက စာတိုက္ကေနမဲပို႔ေပးလို႔ရပါတယ္။

absentee ballots လို႔ေခၚပါတယ္။ လူကိုယ္တိုင္မလာေရာက္ႏိုင္သူေတြရဲ႕မဲေတြေပါ့။အေမရိကန္က မဲေပးသူ သန္း 160 မွာ 65.2 သန္းက စာတိုက္ကေနမဲေပးခဲ့ပါသတဲ့။California မွာ အဂၤါေန႔ ေ႐ြးေကာက္ပြဲေန႔မွာ သတင္းဌာနေတြက ျမန္ျမန္ေၾကညာၿပီး အျပာေရာင္ျပလိုက္ပါတယ္။ အဲ့ဒါအၾကမ္းဖ်င္းပဲမွန္ၿပီး #တရားဝင္ရလဒ္မဟုတ္ ေသးပါ။ California ကိုျပန္ၾကည့္ရင္ 66% ပဲေရတြက္လို႔ၿပီးပါေသးတယ္။ မဲေတြထပ္ေရတြက္ဖို႔က်န္ေနပါေသးတယ္။သို႔ေသာ္ မဲအေရအတြက္က ကြာလြန္းေတာ့သိသာတယ္ေပါ့။ မဲမကြာတဲ့ျပည္နယ္ေတြက်ေတာ့ ေနာက္ဆုံးမဲတစ္မဲအထိအေသအခ်ာေရတြက္ရပါတယ္။

ဒါေၾကာင့္ Google ေခါက္လိုက္ရင္ Biden က 264 – Trump က 214 နဲ႔တစ္ေနရတာပါ။ သိၿပီလား။North Carolina မွာ ဥပေဒအရ ႏိုဝင္ဘာလ ၁၂ ရက္ေန႔အထိေရာက္လာတဲ့မဲကို ေရတြက္ေပးရပါတယ္။Nevada မွာဆိုရင္ မဲဟာ ႏိုဝင္ဘာ ၃ ရက္ ေ႐ြးေကာက္ပြဲေန႔ စာတိုက္လက္ခံတံဆိပ္တုံးပါၿပီး ႏိုဝင္ဘာလ ၁၀ ရက္ေန႔ေရာက္လာရင္ ထည့္ေရတြက္ေပးရပါတယ္။

Wisconsin မွာ ေ႐ြးေကာက္ပြဲေန႔မွာ တစ္ခ်ိန္လုံးနီေနရာက ညပိုင္းမွကပ္ျပာသြားၿပီး Biden ႏိုင္သြားပါတယ္။ အဲ့ဒါက်ေတာ့အတည္ျဖစ္ပါတယ္။ အဲ့ဒီျပည္နယ္မွာ Supreme Court က ေ႐ြးေကာက္ပြဲေန႔မွာရတဲ့မဲသာလွ်င္ ထည့္သြင္းေရတြက္လို႔ပါ။ Pennsylvania ျပည္နယ္မွာ ရီပါဘလစ္ကင္ကဦးေဆာင္တဲ့ ဥပေဒျပဳသူေတြက ေ႐ြးေကာက္ပြဲရက္မတိုင္ခင္ ေ႐ြးေကာ္ကို ႀကိဳတင္မေရတြက္ဖို႔တားျမစ္ထားပါတယ္။Pennsylvania မွာ Trump ကမ္ပိန္းအဖြဲ႕က မဲေရတြက္တာရပ္တန႔္ဖို႔ Supreme Court ကိုေတာင္းဆိုခဲ့ပါတယ္။
အဲ့ဒီမွာ ရီပါဘလစ္ကင္ေတြက ေ႐ြးေကာက္ပြဲေန႔ေနာက္ဆုံးထားၿပီး စာတိုက္တံဆိပ္တုံးပါဖို႔ ေသာၾကာေန႔ေနာက္ဆုံးထားေရာက္ဖို႔ လနဲ႔ခ်ီေတာင္းဆိုခဲ့တာပါ။

အဲ့ဒီေတာ့ အရမ္းကိုမဲအေရအတြက္ကပ္ေနတဲ့ အႀကိတ္အနယ္ျပည္နယ္ေတြမွာ စာတိုက္မဲေတြကို ျပည္နယ္ဥပေဒကလက္ခံသ၍ ေနာက္ဆုံးရက္အထိလက္ခံေရတြက္ရတာမို႔ အခုထိတစ္ဆို႔ဆို႔ျဖစ္ေနတာျဖစ္ပါေၾကာင္း။

CRD – Richard Myo Thant