နေ့တိုင်း ချင်းပြုတ်ရည်သောက်ရင် သင့်ခန္ဓာကိုယ် မှာ ဘယ်လို ဖြစ်လာမလဲ

အခုလိုကိုဗစ်ကာလမှာ ချင်းပြုတ်ရည်က လူတော်တော် များများ သောက်သုံးနေကြတာပါ။ ချင်းက ဆေးဖက်ဝင်တဲ့အတွက် သူ့ရဲ့အကျိုးကျေးဇူးကတော့ လုံးဝအံ့မခန်းပါပဲ။ ချင်းပြုတ်ရည်က မြန်မာနိုင်ငံအပါအဝင် အာရှနိုင်ငံတွေရဲ့လက်ဆွဲလို့ပြောလို့ရပါတယ်။ ချင်းပြုတ်ရည်ရဲ့ဘေးထွက်ဆိုးကျိုးကတော့ မရှိသလောက်ပါပဲ။ ချင်းပြုတ်ရည်ရဲ့ကျန်းမာရေး အကျိုးကျေးဇူးကြောင့် နေ့တိုင်း ချင်းပြုတ်ရည်ပူပူလေးကို သောက်ပေးဖို့ ကျွမ်းကျင်ပညာရှင်တွေနဲ့ဆရာဝန်တွေက ထောက်ခံပေးလာကြပါတယ်။ နေ့တိုင်း ချင်းပြုတ်ရည် သောက်ပေးမယ်ဆိုရင် သင့်ခန္ဓာကိုယ်မှာ ပြောင်းလဲမှုတွေဖြစ်လာနိုင်ပါတယ်။ ချင်းပြုတ်ရည်သောက်ပေးရင် ဘယ်လိုဖြစ်လာမလဲ ဆိုတာကို မျှဝေပေးလိုက်ရပါတယ်။

နှလုံးရောဂါမဖြစ်အောင် ကာကွယ်ပေးပါတယ် – ချင်းပြုတ်ရည်ရဲ့အစွမ်းသတ္တိကို သိရဖို့အတွက် သုတေသီတွေက လေ့လာမှုတွေပြုလုပ်ခဲ့ကြပါတယ်။ ချင်းပြုတ်ရည်က နှလုံးရောဂါကို ကာကွယ်ပေးနိုင်စွမ်းရှိတယ်လို့ သိရပါတယ်။ ချင်းပြုတ်ရည်က နှလုံးရောဂါမဖြစ်အောင် မကောင်းတဲ့ကိုလက်စထရောတွေကို လျော့ချပေးပြီး ကောင်းတဲ့ကိုလက်စထရောတွေကို မြှင့်တင်ပေးတဲ့အပြင် သွေးဖိအားကိုလည်း ထိန်းညှိပေးနိုင်စွမ်းရှိပါတယ်။ ကိုယ်အလေးချိန်ကို ထိန်းပေးတယ် – ကိုယ်အလေးချိန်များတဲ့သူတွေရဲ့ (၅) မိနစ် တစ်ခါ စားချင်နေတဲ့စိတ်က သူတို့ရဲ့ကိုယ်အလေးချိန်ကို မထိန်းနိုင်တဲ့အကြောင်းအရင်းတွေထဲက တစ်ခုဖြစ်နိုင်ပါတယ်။ အဲဒီလူမျိုးတွေအတွက် ချင်းပြုတ်ရည်က အကူအညီပေးနိုင်ပါတယ်။ ချင်းပြုတ်ရည်က ဆာလောင်မွတ်သပ်မှုကို လျော့ချပေးတဲ့အပြင် ဗိုက်ပြည့်အင်နေသလိုခံစားရစေတယ်လို့လည်း လေ့လာချက်တွေမှာ တွေ့ရှိခဲ့ရပါတယ်။

သွေးအတွင်း သကြားဓာတ်ကို ထိန်းညှိပေးတယ် – ဆီးချိုရောဂါသည်တွေက သွေးအတွင်းသကြားဓာတ်မြင့်မားကြတယ်ဆိုတာ လူတိုင်းသိကြမှာပါ။ ဆီးချိုရောဂါသည်တွေအတွက် ချင်းပြုတ်ရည်ကလည်း ကောင်းကျိုးရှိပါတယ်။ နေ့တိုင်း ချင်းပြုတ်ရည်သောက်ပေးမယ်ဆိုရင် ဆီးချိုရောဂါရဲ့ရှုပ်ထွေးတဲ့ပြဿနာတွေကို လျော့ချပေးနိုင်တယ်လို့ သုတေသီတွေက လေ့လာတွေ့ရှိထားပါတယ်။ ဒူးနာတာကို သက်သာစေနိုင်တယ် – ချင်းရဲ့ဆောင်ပုဒ်ကို ဒူးနာတာတွေ ကင်းဝေးလို့တောင် သတ်မှတ်လို့ရနိုင်ပါတယ်။ ချင်းပြုတ်ရည်ကို (၆) လ သောက်ပေးမယ်ဆိုရင် ဒူးနာတဲ့သူတွေ သိသိသာသာ ဒူးနာတာပျောက်သွားတာကို ခံစားမိကြပါလိမ့်မယ်နော်။ ကင်ဆာရောဂါကို ကာကွယ်ပေးတယ် – ချင်းက အသည်းကင်ဆာလို ကင်ဆာရောဂါအမျိုးမျိုးကို ကာကွယ်ပေးနိုင်စွမ်းရှိတယ်လို့ ဆိုပါတယ်။ သုတေသီတွေက ချင်းပြုတ်ရည်ဟာ ကင်ဆာရောဂါတွေကို ကာကွယ်ပေးနိုင်တယ်ဆိုတာကို အခိုင်အမာလေ့လာတွေ့ရှိခဲ့တာပါ။

ကိုယ်ခံအားစနစ်ကို မြှင့်တင်ပေးတယ် – ခဏခဏဖျားနာရတာကလည်း ကိုယ်ခံအားစနစ်အားနည်းတဲ့ အတွက်ကြောင့်လည်းဖြစ်ပါတယ်။ သင်က ခဏခဏဖျားနာတတ်တယ်ဆိုရင် ကိုယ်ခံအားစနစ်မြှင့်တင်ပေးဖို့အတွက် ချင်းပြုတ်ရည်ကို နေ့တိုင်းသောက်ပေးလို့ရပါတယ်။ နေ့တိုင်း ချင်းပြုတ်ရည်သောက်ပေးမယ်ဆိုရင် (၂၁) ရက်မှာ ကိုယ်ခံအားစနစ် သိသိသာသာကောင်းလာတာကို ကြုံတွေ့ရနိုင်ပါတယ်။ ကိုယ်ခံအားစနစ်ကောင်းလာတဲ့အတွက် ရောဂါပိုးမွှားအလွယ်တကူဝင်ရောက်လာခြင်းလည်း လျော့နည်းသွားမှာဖြစ်ပါတယ်။

Ref: Brightside “What Happens to Your Body If You Drink Ginger Tea Everyday”

zawgyi

အခုလိုကိုဗစ္ကာလမွာ ခ်င္းျပဳတ္ရည္က လူေတာ္ေတာ္ မ်ားမ်ား ေသာက္သုံးေနၾကတာပါ။ ခ်င္းက ေဆးဖက္ဝင္တဲ့အတြက္ သူ႔ရဲ႕အက်ိဳးေက်းဇူးကေတာ့ လုံးဝအံ့မခန္းပါပဲ။ ခ်င္းျပဳတ္ရည္က ျမန္မာႏိုင္ငံအပါအဝင္ အာရွႏိုင္ငံေတြရဲ႕လက္ဆြဲလို႔ေျပာလို႔ရပါတယ္။ ခ်င္းျပဳတ္ရည္ရဲ႕ေဘးထြက္ဆိုးက်ိဳးကေတာ့ မရွိသေလာက္ပါပဲ။ ခ်င္းျပဳတ္ရည္ရဲ႕က်န္းမာေရး အက်ိဳးေက်းဇူးေၾကာင့္ ေန႔တိုင္း ခ်င္းျပဳတ္ရည္ပူပူေလးကို ေသာက္ေပးဖို႔ ကြၽမ္းက်င္ပညာရွင္ေတြနဲ႔ဆရာဝန္ေတြက ေထာက္ခံေပးလာၾကပါတယ္။ ေန႔တိုင္း ခ်င္းျပဳတ္ရည္ ေသာက္ေပးမယ္ဆိုရင္ သင့္ခႏၶာကိုယ္မွာ ေျပာင္းလဲမႈေတြျဖစ္လာႏိုင္ပါတယ္။ ခ်င္းျပဳတ္ရည္ေသာက္ေပးရင္ ဘယ္လိုျဖစ္လာမလဲ ဆိုတာကို မွ်ေဝေပးလိုက္ရပါတယ္။

ႏွလုံးေရာဂါမျဖစ္ေအာင္ ကာကြယ္ေပးပါတယ္ – ခ်င္းျပဳတ္ရည္ရဲ႕အစြမ္းသတၱိကို သိရဖို႔အတြက္ သုေတသီေတြက ေလ့လာမႈေတြျပဳလုပ္ခဲ့ၾကပါတယ္။ ခ်င္းျပဳတ္ရည္က ႏွလုံးေရာဂါကို ကာကြယ္ေပးႏိုင္စြမ္းရွိတယ္လို႔ သိရပါတယ္။ ခ်င္းျပဳတ္ရည္က ႏွလုံးေရာဂါမျဖစ္ေအာင္ မေကာင္းတဲ့ကိုလက္စထေရာေတြကို ေလ်ာ့ခ်ေပးၿပီး ေကာင္းတဲ့ကိုလက္စထေရာေတြကို ျမႇင့္တင္ေပးတဲ့အျပင္ ေသြးဖိအားကိုလည္း ထိန္းညႇိေပးႏိုင္စြမ္းရွိပါတယ္။ ကိုယ္အေလးခ်ိန္ကို ထိန္းေပးတယ္ – ကိုယ္အေလးခ်ိန္မ်ားတဲ့သူေတြရဲ႕ (၅) မိနစ္ တစ္ခါ စားခ်င္ေနတဲ့စိတ္က သူတို႔ရဲ႕ကိုယ္အေလးခ်ိန္ကို မထိန္းႏိုင္တဲ့အေၾကာင္းအရင္းေတြထဲက တစ္ခုျဖစ္ႏိုင္ပါတယ္။ အဲဒီလူမ်ိဳးေတြအတြက္ ခ်င္းျပဳတ္ရည္က အကူအညီေပးႏိုင္ပါတယ္။ ခ်င္းျပဳတ္ရည္က ဆာေလာင္မြတ္သပ္မႈကို ေလ်ာ့ခ်ေပးတဲ့အျပင္ ဗိုက္ျပည့္အင္ေနသလိုခံစားရေစတယ္လို႔လည္း ေလ့လာခ်က္ေတြမွာ ေတြ႕ရွိခဲ့ရပါတယ္။

ေသြးအတြင္း သၾကားဓာတ္ကို ထိန္းညႇိေပးတယ္ – ဆီးခ်ိဳေရာဂါသည္ေတြက ေသြးအတြင္းသၾကားဓာတ္ျမင့္မားၾကတယ္ဆိုတာ လူတိုင္းသိၾကမွာပါ။ ဆီးခ်ိဳေရာဂါသည္ေတြအတြက္ ခ်င္းျပဳတ္ရည္ကလည္း ေကာင္းက်ိဳးရွိပါတယ္။ ေန႔တိုင္း ခ်င္းျပဳတ္ရည္ေသာက္ေပးမယ္ဆိုရင္ ဆီးခ်ိဳေရာဂါရဲ႕ရႈပ္ေထြးတဲ့ျပႆနာေတြကို ေလ်ာ့ခ်ေပးႏိုင္တယ္လို႔ သုေတသီေတြက ေလ့လာေတြ႕ရွိထားပါတယ္။ ဒူးနာတာကို သက္သာေစႏိုင္တယ္ – ခ်င္းရဲ႕ေဆာင္ပုဒ္ကို ဒူးနာတာေတြ ကင္းေဝးလို႔ေတာင္ သတ္မွတ္လို႔ရႏိုင္ပါတယ္။ ခ်င္းျပဳတ္ရည္ကို (၆) လ ေသာက္ေပးမယ္ဆိုရင္ ဒူးနာတဲ့သူေတြ သိသိသာသာ ဒူးနာတာေပ်ာက္သြားတာကို ခံစားမိၾကပါလိမ့္မယ္ေနာ္။ ကင္ဆာေရာဂါကို ကာကြယ္ေပးတယ္ – ခ်င္းက အသည္းကင္ဆာလို ကင္ဆာေရာဂါအမ်ိဳးမ်ိဳးကို ကာကြယ္ေပးႏိုင္စြမ္းရွိတယ္လို႔ ဆိုပါတယ္။ သုေတသီေတြက ခ်င္းျပဳတ္ရည္ဟာ ကင္ဆာေရာဂါေတြကို ကာကြယ္ေပးႏိုင္တယ္ဆိုတာကို အခိုင္အမာေလ့လာေတြ႕ရွိခဲ့တာပါ။

ကိုယ္ခံအားစနစ္ကို ျမႇင့္တင္ေပးတယ္ – ခဏခဏဖ်ားနာရတာကလည္း ကိုယ္ခံအားစနစ္အားနည္းတဲ့ အတြက္ေၾကာင့္လည္းျဖစ္ပါတယ္။ သင္က ခဏခဏဖ်ားနာတတ္တယ္ဆိုရင္ ကိုယ္ခံအားစနစ္ျမႇင့္တင္ေပးဖို႔အတြက္ ခ်င္းျပဳတ္ရည္ကို ေန႔တိုင္းေသာက္ေပးလို႔ရပါတယ္။ ေန႔တိုင္း ခ်င္းျပဳတ္ရည္ေသာက္ေပးမယ္ဆိုရင္ (၂၁) ရက္မွာ ကိုယ္ခံအားစနစ္ သိသိသာသာေကာင္းလာတာကို ႀကဳံေတြ႕ရႏိုင္ပါတယ္။ ကိုယ္ခံအားစနစ္ေကာင္းလာတဲ့အတြက္ ေရာဂါပိုးမႊားအလြယ္တကူဝင္ေရာက္လာျခင္းလည္း ေလ်ာ့နည္းသြားမွာျဖစ္ပါတယ္။

Ref: Brightside “What Happens to Your Body If You Drink Ginger Tea Everyday”