ဗိုက်ကြီးနေ တဲ့ ခင်ပွန်းဖြစ်သူ က မကြာခင် မွေးဖွားတော့ မှာဖြစ်လို့ ပျော်ရွှင်နေ တဲ့ မော်ဒယ်မလေး

ဗိုက်ကြီးနေ တဲ့ ခင်ပွန်းဖြစ်သူ က မကြာခင် မွေးဖွားတော့ မှာဖြစ်လို့ ပျော်ရွှင်နေ တဲ့ မော်ဒယ်မလေး

Trans-model Danna Sultana တစ်ယောက် ဟာ သူ့ ခင်ပွန်းရဲ့ ရှစ်လအရွှယ် ကိုယ်ဝန်ဗိုက်က‌လေးကိုနမ်းနေသည့် နွေးထွေးဖွယ်ဓါတ်ပုံများကိုမျှဝေခဲ့ ပါတယ်။Danna Sultana ဟာ ယောကျာ်းလေးအဖြစ်ကနေ မိန်းကလေးအဖြစ်သို့ ကူးပြောင်းထားသူဖြစ်ပါတယ်။ ယောကျာ်းလေးမွေးရန် မျှော်လင့်နေသော သူမရဲ့ခင်ပွန်း Esteban Landrauဟာလည်း မိန်းကလေး ကနေ ယောကျာ်းလေးအဖြစ်သို့ပြောင်းလဲထားသူတစ်ဦးပါ။ထိုColombian မော်ဒယ်ဟာ သူ့ရဲ့Instagram ရှိ followers 218000 အား ‘Love is Love’ ဟုရေး သားပြီး ဓာတ်ပုံများကိုမျှ‌ ဝေခဲ့ပါတယ်။ Esteban ရဲ့ဝမ်းဗိုက် ဟာကျုံ့နေသောကြောင့် အချိန်မတန်ဘဲ မွေးဖွားလာနိုင်တယ်ဟုထင်ကာ စုံတွဲနှစ်ဦး လုံးဆေးရုံသို့အမြန်ပြေးသွားခဲ့ရပါတယ်။ကိုယ်ဝန်ဆောင်ကာလ ရှစ်လအရွယ်မှာ ဖြစ်လေ့ဖြစ်ထ ရှိတဲ့ ပုံမှန်လဏ္ခာ ဖြစ်ပြီး ကလေးက ကြီးထွားလာသောကြောင့်ဖြစ် ပါတယ် ဟု ဆရာဝန်က ရှင်းပြခဲ့ပါသည်။

Danna နှင့် Esteban တို့ဟာ စိတ်သက်သာရာ ရသွားခဲ့ပြီး အိမ်သို့ပြန်လာကာ ကလေးလေး မွေးဖွားမည့် နေ့ရက်လေးကိုစောင့်ဆိုင်း‌နေကြပါတယ်။ဒေသခံမီဒီယာများ‌က Danna နှင့် Esteban တို့ဟာ သဘာဝအတိုင်း ကလေးကိုကိုယ်ဝန်ဆောင်ခဲ့ကြတယ်လို့ဆိုပါတယ်။ Danna ဟာ မေလ၂၅ရက်၊ တနင်္လာနေ့ မှာသူမ၏ Instagram ပေါ်တွင် သူ့ ခင်ပွန်းရဲ့ ဗိုက်ကလေး ပေါ်ကပ်လျက် ‘We almost have our beloved’ ဟုရေးသားတင်ခဲ့ပါသည်။သူတို့နှစ်ယောက်ဟာ သူတို့ရဲ့ကိုယ်ဝန်နဲ့ပတ်သက်တဲ့ သတင်းကို February လောက်ကကြေငြာခဲ့စဉ်က အလွန်ပြုံး ပျော်နေကြပီး Danna ဟာ ကိုယ်ဝန်စစ်ဆေးတဲ့အတံကို ကိုင်ထားတဲ့ ကြည်နူးဖွယ် ဓာတ်ပုံတွင် “Dream do come true”ဟဟုရေးသားခဲ့ပါသေးတယ်။Danna ရဲ့ intragam မှာလည်း သူတို့နှစ်‌ယောက်အတွက်အားပေး ထောက်ခံမှု အများအပြား ရရှိခဲ့ပါတယ်။ သူတို့ရဲ့ ပရိသတ်တစ်ဦးက ” သူတို့စုံတွဲ ဟာ အရမ်းလှပပြီး ထောင်ပေါင်းများစွာသော Trans Coupleတွေအတွက်ရဲစွမ်းသတ္တိ ခွန်အားတွေပေးစေပါတယ်”ဟုရေးသားခဲ့ပါတယ်။

တစ်စုံတစ်ယောက်ကလည်း Esteban ကို ကောင်းစွာမွေးဖွား ရန်ဆုတောင်းပေး ပြီး “သူတို့မိသားစုလေးက ချစ်ခြင်းမေတ္တာတွေ စိတ်ထဲကျန်‌ရှိ‌ နေစေပါတယ်။ ကလေးမွေးဖွားခြင်းဟာ အရာရာတိုင်းအတွက်အကောင်းဆုံးသော ခွန်အားများရရှိစေပါတယ်” ဟုလည်းရေးသားခဲ့ပါသေးသည်။အချစ်က ဘယ်လို အခြေနေပင်ဖြစ်‌ နေပါစေ အရေးမကြီးပါဘူး။ ကမ္ဘာပေါ်မှာ လူပေါင်းများစွာရှိပေမဲ့ ကိုယ်ချစ်မြတ်နိုးသည့် သူနဲ့ အတူရှိခွင့်ရတာက နှစ်သက်ဖွယ်အကောင်းဆုံးဖြစ်ပါတယ်။ ချစ်မြတ်နိုးသူနှင့်အတူ ဘဝကိုအတူတကွဖြတ်သန်း ဖို့နှလုံးသားက ရွှေးချယ်ခြင်းပင်ဖြစ်ပါတယ်။ ကလေးလေးဟာရက်သတ္တပတ်အနည်းငယ်အတွင်းမှာပဲ မွေးဖွားရောက်ရှိလာလိမ့်မယ်လို့မျှော်လင့်ရပြီး သူတို့နှစ်ယောက်ဟာကလေးလေးကို Ariel လို့နာမည်ပေးဖို့စီစဉ်နေကြပါတယ်။

Credit နေ့စဉ်သတင်းနှင့်သုတရသအဖြာဖြာ

Add a Comment

Your email address will not be published. Required fields are marked *

4 − 3 =