ချစ်သူ ဖြိုးလေးကို သိန်း(၉၀၀)တန်ဖိုး ရှိ ဘယက်ကြီး ဝယ်ပေး ဖို့ ပူဆာခဲ့တဲ့ ဝါဆိုမိုးဦး
အဆိုတော် ဖြိုးလေးနဲ့ သရုပ်ဆောင် မင်းသမီးချောလေး ဝါဆိုမိုးဦး တို့စုံတွဲကတော့ ရန်ဖြစ်လိုက် ပြန်ချစ်လိုက်နဲ့ ပျော်ရွှင်စရာကောင်းတဲ့ အချစ်ခရီးလမ်းကို ဖြတ်သန်းလျှောက်လှမ်းနေကြသူတွေဖြစ်ပါတယ်။ သူတို့နှစ်ယောက်လုံးဟာ ဝါသနာပါရာ အနုပညာအလုပ်တွေကို လုပ်ကိုင်ကြရင်းနဲ့ ပရိသတ်တွေ အခိုင်အမာရရှိထားကြတာပဲ ဖြစ်ပါတယ်။ သူတို့နှစ်ယောက်ဟာ ဘယ်သွားသွား အမြဲမခွဲအတူတူ ရှိတတ်ကြတာကြောင့်လည်း
ပရိသတ်တွေက အားကျနေကြတာလည်း ဖြစ်ပါတယ်။ လတ်တလောမှာလည်း ဝါဆိုတစ်ယောက် တန်ဖိုးကြီး ရတနာဆိုင်က ပစ္စည်းတွေကို Live လွှင့်ကာ ရောင်းချပေးနေတာလည်း ဖြစ်ပါတယ်။ မကြာသေးခင် မိနစ်ပိုင်းလောက်ကလည်း ဖြိုးလေးရဲ့ Facebook Story မှာ ဗီဒီယိုလေး တစ်ခု တင်ထားတာပဲ ဖြစ်ပါတယ်။ ဒါကတော့ ချစ်သူကိုသိန်း၉၀၀ကျော်တန်တဲ့ ဘယက်ကြီးဝယ်ပေးဖို့ ပူဆာလိုက်တဲ့ ဝါဆိုမိုးဦးရဲ့ Video လေးပဲ ဖြစ်ပါတယ်။ ဖြိုးလေးကလည်း
လကုန်ထီပေါက်လို့ အစိုးရဆီကပိုက်ဆံရရင် ဝယ်ပေးမယ်လို့ ပြောထားပါသေးတယ်။ ပရိသတ်တွေလည်း ကြည့်ရှုခံစားနိုင်အောင် ဒီဗီဒီယိုလေးကို တစ်ဆင့် ပြန်လည် ကူးယူတင်ဆက်ပေးလိုက် ရပါတယ်နော်။
crd
zawgyi