ရန်ကုန်မြို့လယ်ခေါင် မှာ နောက်ထပ် တိုက် (၁) လုံး ပြိုကျ ပြန်ပြီ

ရန်ကုန်မြို့လယ်ခေါင် မှာ နောက်ထပ် တိုက် (၁) လုံး ပြိုကျ ပြန်ပြီ

ရန်ကုန်မြို့လယ် (၃)ခန်းတွဲ နှစ်ထပ်တိုက် ရဲ့ အနောက်ဘက် ဘယ်ဘက် အခြမ်းပြိုကျမှု ဖြစ်ပွားခဲ့တယ် လို့ မီးသတ်ဦးစီးဌာနက သိရပါတယ်။

ပြိုကျတဲ့တိုက်ဟာ ပန်းပဲတန်းမြို့နယ် (၂၉)လမ်းနဲ့ လမ်း(၃၀)ကြား၊ မဟာဗန္ဓုလမ်းပေါ် ကဖြစ်ပြီး လူထိခိုက်မှုမရှိဘူးလို့ သိရပါတယ်။

မနေ့ညနေကလည်း အင်းစိန်မြို့နယ်၊ ပိန္နဲကုန်းရပ်ကွက်၊ ဗောဓိလမ်းက နှစ် ၈၀ လောက် သက်တမ်း ရှိတဲ့ ၂ ထပ်တိုက်တလုံး ပြိုကျခဲ့ပါတယ်။ စမ်းချောင်းမြို့နယ်၊ နန္ဒဝန်လမ်းမှာလည်း မေ ၃၀ ရက် ညပိုင်းက ၄ ထပ်တိုက်တလုံးရဲ့ မျက်နှာစာပြိုကျခဲ့ပါသေးတယ်။

ဒါ့အပြင် မေ ၂၁ ရက် မနက် အစောပိုင်း ကလည်း တာမွေမြို့နယ်၊ အရိုးကုန်း ရပ်ကွက်၊ ဦးလွန်းလမ်းမှာ ၄ ထပ်တိုက်တလုံးပြိုကျခဲ့ပြီး လူတချို့ ဒဏ်ရာရခဲ့ ပါတယ်။

crd : whitesone

Add a Comment

Your email address will not be published. Required fields are marked *

three × four =