ဖူးစငုံစ ပန်းလေး များ အခူး ခံ ရ လျှင် ( ငယ်ငယ် ရွယ် ရွယ် အိမ်ထောင်ပြု လျှင်) ဒီလိုတွေ ဖြစ်တတ်ပါတယ်

အိမ်ထောင်ရေးဆိုတာ လောကကြီးအတွက် အရေးကြီးတဲ့ အခန်းကဏ္ဍမှ ပါဝင်နေပေမယ့် ယနေ့ခေတ်လူငယ်များဟာ ဆယ်ကျော်သက်အရွယ်မှာတင် အိမ်ထောင်ရေးလောကထဲကို ဝင်နေကြတာ လွန်စွာနှမြောဖွယ်ကောင်းလှပါတယ်။ “အချိန်တန် အရွယ်ရောက်” ဟူသောစကားရှိရာ အရွယ်ရောက်တယ်ဆိုတာ လူ့ခန္ဓာကိုယ်တွင် ကြီးကောင်ဝင်ခြင်းကိုဆိုလိုပြီး အချိန်တန်တယ်ဆိုတာ ပညာစုံလင်ကာ မိဘကိုလုပ်ကျွေးပြုစုပြီး အိမ်ထောင်ပြုချိန်တန်ပြီလို့ ဆိုလိုပါတယ်။ “သီးချိန်တန်သီး၊ပွင့်ချိန်တန်ပွင့်” ဆိုပေမယ့် ယနေ့ခေတ်တွင်မူ “ပွင့်ချိန်တန်သီး၊ သီးချိန်တန်လန်” ဖြစ်နေပါတယ်။ ယခုဖော်ပြပေးမယ့်အကြောင်းကတော့ အရွယ်မတိုင်ခင် အိမ်ထောင်ပြုခြင်းရဲ့ ဆိုးကျိုး(၁ဝ) ချက်ပဲ ဖြစ်ပါတယ်။

၁။ အချင်းချင်း နားလည်မှုမရှိခြင်း

ငယ်ငယ်ရွယ်ရွယ်အိမ်ထောင်ပြုခြင်းဟာ စိတ်ဓာတ်ပိုင်းဆိုင်ရာ ရင့်ကျက်မှုအားနည်းသေးတဲ့အတွက် တစ်ဦးကိုတစ်ဦး နားလည်စိတ်နည်းကာ ပဋိပက္ခများ အလွယ်တကူဖြစ်နိုင်ပါတယ်။ ကလေးစိတ်မကုန်သေးတဲ့အတွက် လူ့လောကအကြောင်း ဘာမှနားမလည်းသေးဘဲ နောက်ဆုံးတွင် ငိုပွဲနှင့်အဆုံးသတ်နိုင်ပါတယ်။

၂။ အခက်အခဲအမျိုးမျိုး ကြုံတွေ့ရခြင်း

အသက် ၁၆နှစ်၊ ၁၇နှစ် အရွယ်တွင် အိမ်ထောင်ကျထားတဲ့ ယောက်ျားလေးတစ်ယောက်အဖို့ လူငယ်ဘဝတွင် ကြိုးစားလိုစိတ်ရှိပေမယ့် မိန်းမနှင့် အစစအရာရာ နောက်ဆံတင်းကာ အောင်မြင်ပျော်ရွှင်တဲ့ ဘဝကို ပိုင်ဆိုင်ဖို့ မလွယ်ကူလှပါ။ မိန်းကလေးအတွက်လည်း အသက်ငယ်ရွယ်သေးတဲ့အတွက် အိမ်ထောင်မှုကိစ္စနိုင်နင်းဖို့ မဖြစ်နိုင်ပါ။ “ဘူးသီး အမွှေးသပ်” ထားသလိုဖြစ်ပြီး လူ့ဘဝတွင် အောင်မြင်ပျော်ရွှင်ဖို့ ရုန်းကန်ရမှာ သေချာပါတယ်။

၃။ သဟဇာတမဖြစ်ခြင်း

အိမ်ထောင်သည်အများစုဟာ တစ်ယောက်ကိုတစ်ယောက် နားလည်မပေးဘဲ အတိုင်အဖောက်မညီတဲ့အတွက် ပြိုကွဲရပါတယ်။ တစ်ယောက်အကျင့်စရိုက်ကို တစ်ယောက်မသိဘဲ လူငယ်အချင်းချင်း တစ်အိုးတစ်အိမ်ထူထောင်ဖို့ဆိုတာ လုံးဝအံဝင်ခွင်ကျဖြစ်မည် မဟုတ်ပါ။

၄။ မိဘနေရာကို ငယ်ငယ်ရွယ်ရွယ်ရောက်ရှိခြင်း

ကလေးမွေးတာက လွယ်ပေမယ့် ကိုယ့်သားသမီးကို ဘယ်လိုအောင်မြင်အောင် ပြုစုပျိုးထောင်ရမလဲဆိုတာက မိဘရဲ့အရည်အချင်းအပေါ်မှာပဲ မူတည်ပါတယ်။ မိဘကိုယ်တိုင်က ငယ်ရွယ်တာကြောင့် ကိုယ့်သားသမီးနောင်ရေးအတွက် ငွေကြေးကိစ္စကို လုံလောက်စွာ ထောက်ပံ့မပေးနိုင်ဘူးဆိုရင် ကိုယ့်သားသမီးသာ မျက်နှာငယ်ရမှာပါ။ မိဘကိုယ်တိုင်ကလည်း မရင့်ကျက်သေးတာကြောင့် သားသမီးအနာဂတ်အတွက် ဘယ်လိုဆုံးဖြတ်ရမလဲဆိုတာ နားမလည်ပါဘူး။

၅။ ငွေကြေးကိစ္စ တိုင်ပတ်မယ်။

မိဘကိုယ်တိုင် ပညာရေးဆုံးခန်းမတိုင်ဘဲ လက်ထပ်ထားတဲ့အတွက် စီးပွားရေးရှာရာမှာ အခက်အခဲဖြစ်မှာ သေချာပါတယ်။ လစာကောင်းတဲ့ အလုပ်အကိုင် ၊ ရာထူးမျိုး မရဘဲ ရရစားစားဖြစ်ကာ နောက်ဆုံးတွင် ငွေကြေးဥစ္စာမပြည့်စုံဘဲ အများအလယ်တွင် မျက်နှာငယ်ရတတ်ပါတယ်။

ဒီအချက်တွေကြောင့် အပျိုကြီး ဖြစ်နေတာ

၆။ လေးနက်မှုအားနည်းခြင်း

ငယ်ငယ်ရွယ်ရွယ်အိမ်ထောင်ပြုတဲ့အတွက် တည်ကြည်လေးနက်မှုအားနည်းပြီး အိမ်ထောင်ရေးမှာ အဆင်မပြေနိုင်ပါ။ ကလေးစိတ်မကုန်သေးတဲ့အပြင် အတွေ့အကြုံနုနယ်သေးတာကြောင့် အိမ်ထောင်မှုအခက်အခဲများကို ဖြေရှင်းနိုင်စွမ်း အားနည်းပါတယ်။

၇။ ပန်းကောင်း အညွှန့်ကျိုးဖြစ်ခြင်း

ငယ်ငယ်ရွယ်ရွယ်နှင့်ပင် လိင်ကိစ္စရင်းနှီးကျွမ်းဝင်နေခြင်းဟာလည်း ကျန်းမာရေးရှုထောင့်မှ ကြည့်မယ်ဆိုရင် မကောင်းလှပါဘူး။ ငယ်ရွယ်လွန်းတဲ့အတွက် ကျန်းမာရေးထိခိုက်ကာ မလိုလားအပ်တဲ့ ရောဂါမျိုးစုံ ခံစားရနိုင်ပါတယ်။

၈။ ပညာရေးဆုံးခန်း မတိုင်ခြင်း

ငယ်ငယ်ရွယ်ရွယ် အိမ်ထောင်ကျထားတဲ့စုံတွဲအများစုဟာ ပညာရေးဆုံးခန်းမတိုင်ကြပါဘူး။ ပညာရည်မမြင့်မားဘဲ ဘဝမှာ အောင်မြင်ဖို့ဆိုတာ မလွယ်ကူပါ။ မိမိကိုယ်တိုင် ပညာရေးဘက်မှာ အားနည်းတာကြောင့် မိမိမျိုးဆက်များကို အနာဂတ်မှာ အောင်မြင်စေရန် မထိန်းကြောင်းနိုင်တာလည်း သေချာပါတယ်။

၉။ ကိုယ်ဝန်ပျက်ကျနိုင်တယ်။

“ငယ်ငယ်ရွယ်ရွယ် ကိုယ်ဝန်ဆောင်ကြတဲ့ မိခင်လောင်းတွေဟာ ကိုယ်ဝန်ပျက်နှုန်းပိုများတယ်” လို့ ကျန်းမာရေးသုတေသနပညာရှင်တွေက ဆိုပါတယ်။ သန္ဓေသား ကျန်းမာဖို့ အာဟာရကို ဘယ်လိုစားသောက်ရမယ်၊ ကိုယ်လက်လေ့ကျင့်ခန်း ဘယ်လိုလုပ်ရမယ်ဆို နားမလည်သေးလို့ပဲ ဖြစ်ပါတယ်။

၁၀။ အကြောင်းအကျိုး၊အကောင်းအဆိုး ခွဲခြားနားမလည်ခြင်း

လူတိုင်းမှာ မိမိတို့ကြုံတွေ့ရတဲ့ ဘဝသင်ခန်းစာများအပေါ်မူတည်ပြီး ဆင်ခြင်တုံတရားရှိကြပါတယ်။ ကလေးစိတ်မကုန်သေးတဲ့ အိမ်ထောင်ရှင်စုံတွဲအဖို့ ဘဝအခက်အခဲများကို ဘယ်ကွေ့ဆိုလျင် ဘယ်တက်နဲ့ လှော်မယ်ဆိုတာ ကြိုတင်ဆုံးဖြတ်နိုင်စွမ်း အားနည်းပါတယ်။ အချုပ်အားဖြင့်ဆိုသော် အိမ်ထောင်ပြုခြင်းဟာ စမတ်ဖုန်းဝယ်ခြင်းနှင့် ဆင်တူပြီး နောက်ကျလေ မော်ဒယ်မြင့်လေဖြစ်တဲ့အတွက် “လက်ဖက်ကောင်းစားချင်ရင် ပလောင်တောင်တက်နှေး” ကြပါလို့ အကြံပြုလိုပါတယ်။

ကျော်စိုးအောင် (အခရာ)

unicode

အိမ္ေထာင္ေရးဆိုတာ ေလာကႀကီးအတြက္ အေရးႀကီးတဲ့ အခန္းက႑မွ ပါဝင္ေနေပမယ့္ ယေန႔ေခတ္လူငယ္မ်ားဟာ ဆယ္ေက်ာ္သက္အ႐ြယ္မွာတင္ အိမ္ေထာင္ေရးေလာကထဲကို ဝင္ေနၾကတာ လြန္စြာႏွေျမာဖြယ္ေကာင္းလွပါတယ္။ “အခ်ိန္တန္ အ႐ြယ္ေရာက္” ဟူေသာစကားရွိရာ အ႐ြယ္ေရာက္တယ္ဆိုတာ လူ႔ခႏၶာကိုယ္တြင္ ႀကီးေကာင္ဝင္ျခင္းကိုဆိုလိုၿပီး အခ်ိန္တန္တယ္ဆိုတာ ပညာစုံလင္ကာ မိဘကိုလုပ္ေကြၽးျပဳစုၿပီး အိမ္ေထာင္ျပဳခ်ိန္တန္ၿပီလို႔ ဆိုလိုပါတယ္။ “သီးခ်ိန္တန္သီး၊ပြင့္ခ်ိန္တန္ပြင့္” ဆိုေပမယ့္ ယေန႔ေခတ္တြင္မူ “ပြင့္ခ်ိန္တန္သီး၊ သီးခ်ိန္တန္လန္” ျဖစ္ေနပါတယ္။ ယခုေဖာ္ျပေပးမယ့္အေၾကာင္းကေတာ့ အ႐ြယ္မတိုင္ခင္ အိမ္ေထာင္ျပဳျခင္းရဲ႕ ဆိုးက်ိဳး(၁ဝ) ခ်က္ပဲ ျဖစ္ပါတယ္။

၁။ အခ်င္းခ်င္း နားလည္မႈမရွိျခင္း

ငယ္ငယ္႐ြယ္႐ြယ္အိမ္ေထာင္ျပဳျခင္းဟာ စိတ္ဓာတ္ပိုင္းဆိုင္ရာ ရင့္က်က္မႈအားနည္းေသးတဲ့အတြက္ တစ္ဦးကိုတစ္ဦး နားလည္စိတ္နည္းကာ ပဋိပကၡမ်ား အလြယ္တကူျဖစ္ႏိုင္ပါတယ္။ ကေလးစိတ္မကုန္ေသးတဲ့အတြက္ လူ႔ေလာကအေၾကာင္း ဘာမွနားမလည္းေသးဘဲ ေနာက္ဆုံးတြင္ ငိုပြဲႏွင့္အဆုံးသတ္ႏိုင္ပါတယ္။

၂။ အခက္အခဲအမ်ိဳးမ်ိဳး ႀကဳံေတြ႕ရျခင္း

အသက္ ၁၆ႏွစ္၊ ၁၇ႏွစ္ အ႐ြယ္တြင္ အိမ္ေထာင္က်ထားတဲ့ ေယာက္်ားေလးတစ္ေယာက္အဖို႔ လူငယ္ဘဝတြင္ ႀကိဳးစားလိုစိတ္ရွိေပမယ့္ မိန္းမႏွင့္ အစစအရာရာ ေနာက္ဆံတင္းကာ ေအာင္ျမင္ေပ်ာ္႐ႊင္တဲ့ ဘဝကို ပိုင္ဆိုင္ဖို႔ မလြယ္ကူလွပါ။ မိန္းကေလးအတြက္လည္း အသက္ငယ္႐ြယ္ေသးတဲ့အတြက္ အိမ္ေထာင္မႈကိစၥႏိုင္နင္းဖို႔ မျဖစ္ႏိုင္ပါ။ “ဘူးသီး အေမႊးသပ္” ထားသလိုျဖစ္ၿပီး လူ႔ဘဝတြင္ ေအာင္ျမင္ေပ်ာ္႐ႊင္ဖို႔ ႐ုန္းကန္ရမွာ ေသခ်ာပါတယ္။

၃။ သဟဇာတမျဖစ္ျခင္း

အိမ္ေထာင္သည္အမ်ားစုဟာ တစ္ေယာက္ကိုတစ္ေယာက္ နားလည္မေပးဘဲ အတိုင္အေဖာက္မညီတဲ့အတြက္ ၿပိဳကြဲရပါတယ္။ တစ္ေယာက္အက်င့္စ႐ိုက္ကို တစ္ေယာက္မသိဘဲ လူငယ္အခ်င္းခ်င္း တစ္အိုးတစ္အိမ္ထူေထာင္ဖို႔ဆိုတာ လုံးဝအံဝင္ခြင္က်ျဖစ္မည္ မဟုတ္ပါ။

၄။ မိဘေနရာကို ငယ္ငယ္႐ြယ္႐ြယ္ေရာက္ရွိျခင္း

ကေလးေမြးတာက လြယ္ေပမယ့္ ကိုယ့္သားသမီးကို ဘယ္လိုေအာင္ျမင္ေအာင္ ျပဳစုပ်ိဳးေထာင္ရမလဲဆိုတာက မိဘရဲ႕အရည္အခ်င္းအေပၚမွာပဲ မူတည္ပါတယ္။ မိဘကိုယ္တိုင္က ငယ္႐ြယ္တာေၾကာင့္ ကိုယ့္သားသမီးေနာင္ေရးအတြက္ ေငြေၾကးကိစၥကို လုံေလာက္စြာ ေထာက္ပံ့မေပးႏိုင္ဘူးဆိုရင္ ကိုယ့္သားသမီးသာ မ်က္ႏွာငယ္ရမွာပါ။ မိဘကိုယ္တိုင္ကလည္း မရင့္က်က္ေသးတာေၾကာင့္ သားသမီးအနာဂတ္အတြက္ ဘယ္လိုဆုံးျဖတ္ရမလဲဆိုတာ နားမလည္ပါဘူး။

၅။ ေငြေၾကးကိစၥ တိုင္ပတ္မယ္။

မိဘကိုယ္တိုင္ ပညာေရးဆုံးခန္းမတိုင္ဘဲ လက္ထပ္ထားတဲ့အတြက္ စီးပြားေရးရွာရာမွာ အခက္အခဲျဖစ္မွာ ေသခ်ာပါတယ္။ လစာေကာင္းတဲ့ အလုပ္အကိုင္ ၊ ရာထူးမ်ိဳး မရဘဲ ရရစားစားျဖစ္ကာ ေနာက္ဆုံးတြင္ ေငြေၾကးဥစၥာမျပည့္စုံဘဲ အမ်ားအလယ္တြင္ မ်က္ႏွာငယ္ရတတ္ပါတယ္။

ဒီအခ်က္ေတြေၾကာင့္ အပ်ိဳႀကီး ျဖစ္ေနတာ

၆။ ေလးနက္မႈအားနည္းျခင္း

ငယ္ငယ္႐ြယ္႐ြယ္အိမ္ေထာင္ျပဳတဲ့အတြက္ တည္ၾကည္ေလးနက္မႈအားနည္းၿပီး အိမ္ေထာင္ေရးမွာ အဆင္မေျပႏိုင္ပါ။ ကေလးစိတ္မကုန္ေသးတဲ့အျပင္ အေတြ႕အႀကဳံႏုနယ္ေသးတာေၾကာင့္ အိမ္ေထာင္မႈအခက္အခဲမ်ားကို ေျဖရွင္းႏိုင္စြမ္း အားနည္းပါတယ္။

၇။ ပန္းေကာင္း အၫႊန႔္က်ိဳးျဖစ္ျခင္း

ငယ္ငယ္႐ြယ္႐ြယ္ႏွင့္ပင္ လိင္ကိစၥရင္းႏွီးကြၽမ္းဝင္ေနျခင္းဟာလည္း က်န္းမာေရးရႈေထာင့္မွ ၾကည့္မယ္ဆိုရင္ မေကာင္းလွပါဘူး။ ငယ္႐ြယ္လြန္းတဲ့အတြက္ က်န္းမာေရးထိခိုက္ကာ မလိုလားအပ္တဲ့ ေရာဂါမ်ိဳးစုံ ခံစားရႏိုင္ပါတယ္။

၈။ ပညာေရးဆုံးခန္း မတိုင္ျခင္း

ငယ္ငယ္႐ြယ္႐ြယ္ အိမ္ေထာင္က်ထားတဲ့စုံတြဲအမ်ားစုဟာ ပညာေရးဆုံးခန္းမတိုင္ၾကပါဘူး။ ပညာရည္မျမင့္မားဘဲ ဘဝမွာ ေအာင္ျမင္ဖို႔ဆိုတာ မလြယ္ကူပါ။ မိမိကိုယ္တိုင္ ပညာေရးဘက္မွာ အားနည္းတာေၾကာင့္ မိမိမ်ိဳးဆက္မ်ားကို အနာဂတ္မွာ ေအာင္ျမင္ေစရန္ မထိန္းေၾကာင္းႏိုင္တာလည္း ေသခ်ာပါတယ္။

၉။ ကိုယ္ဝန္ပ်က္က်ႏိုင္တယ္။

“ငယ္ငယ္႐ြယ္႐ြယ္ ကိုယ္ဝန္ေဆာင္ၾကတဲ့ မိခင္ေလာင္းေတြဟာ ကိုယ္ဝန္ပ်က္ႏႈန္းပိုမ်ားတယ္” လို႔ က်န္းမာေရးသုေတသနပညာရွင္ေတြက ဆိုပါတယ္။ သေႏၶသား က်န္းမာဖို႔ အာဟာရကို ဘယ္လိုစားေသာက္ရမယ္၊ ကိုယ္လက္ေလ့က်င့္ခန္း ဘယ္လိုလုပ္ရမယ္ဆို နားမလည္ေသးလို႔ပဲ ျဖစ္ပါတယ္။

၁၀။ အေၾကာင္းအက်ိဳး၊အေကာင္းအဆိုး ခြဲျခားနားမလည္ျခင္း

လူတိုင္းမွာ မိမိတို႔ႀကဳံေတြ႕ရတဲ့ ဘဝသင္ခန္းစာမ်ားအေပၚမူတည္ၿပီး ဆင္ျခင္တုံတရားရွိၾကပါတယ္။ ကေလးစိတ္မကုန္ေသးတဲ့ အိမ္ေထာင္ရွင္စုံတြဲအဖို႔ ဘဝအခက္အခဲမ်ားကို ဘယ္ေကြ႕ဆိုလ်င္ ဘယ္တက္နဲ႔ ေလွာ္မယ္ဆိုတာ ႀကိဳတင္ဆုံးျဖတ္ႏိုင္စြမ္း အားနည္းပါတယ္။ အခ်ဳပ္အားျဖင့္ဆိုေသာ္ အိမ္ေထာင္ျပဳျခင္းဟာ စမတ္ဖုန္းဝယ္ျခင္းႏွင့္ ဆင္တူၿပီး ေနာက္က်ေလ ေမာ္ဒယ္ျမင့္ေလျဖစ္တဲ့အတြက္ “လက္ဖက္ေကာင္းစားခ်င္ရင္ ပေလာင္ေတာင္တက္ေႏွး” ၾကပါလို႔ အႀကံျပဳလိုပါတယ္။

ေက်ာ္စိုးေအာင္ (အခရာ)