မဖြစ်မနေ သိ ထား သင့် တဲ့ ဝဋ်ကြွေး ၁၉ချက် အကြောင်း

၁။ ဒီဘဝမှာ လက်ဝတ်ရတနာများ နှင့် အဝတ်ကောင်းများဝတ်ဆင်နိုင်ခြင်းဟာ အရင်ဘဝက သင်ဟာ ဘုန်းတော်ကြီးများကို သင်္ကန်းကပ်လှူခဲ့ခြင်းကြောင့် ဖြစ်ပါသည်။

၂။ ဘာလို့ ဒီဘဝမှာ အစားအသောက် ကောင်းများဖြင့် နေရပါသလဲဆိုတော့ အရင်ဘဝက ဆွမ်းလှူခြင်း၊ မရှိဆင်းရဲသားတွေကို ပေးကမ်းလှုဒါန်း ခြင်းကြောင့် ဖြစ်သည်။

၃။ ဘာဖြစ်လို့ ဒီဘဝမှာ ဆင်းရဲပြီး အဝတ်ကောင်းတွေ မဝတ်နိုင်ရသလဲဆိုတော့ အရင်ဘဝက နှမြောတွန့်တိုခြင်း၊ မစ ္ဆရိယ စိတ်များ၍ ပေးကမ်း လှူဒါန်းမှု မရှိခြင်း၊ အလှူမလုပ်ခြင်း ကြောင့်ဖြစ်သည်။

၄။ ဒီဘဝမှာ ကိုယ်ပိုင်တိုက်ကြီး ခြံကြီးများနှင့် နေနိုင်ခြင်းဟာ အရင်ဘဝက ဒါနကောင်းမှု အစုစုနှင့် ဘုန်းကြီးကျောင်းတွေမှာ ဆန်အလှုပေးခြင်းကြောင့် ဖြစ်သည်။

၅။ ဘာလို့ ဒီဘဝမှာ တိုးတက်အောင်မြင်ပြီး ပျော်ရွှင်မှုတွေ ပိုင်ဆိုင်နေရသလဲဆိုတော့ အရင်ဘဝက ဘုန်းကြီးကျောင်း ဆောက်ဖို့ ငွေလှုဒါန်းခြင်း၊ပစ္စည်းလေးပါးလှူဒါန်းခြင်း တို့ကြောင့် ဖြစ်သည်။

၆။ ဘာလို့ ဒီဘဝမှာ သင်ဟာ လှပကျော့မော့နေရပါသလဲ ဆိုရင်တော့ အရင်ဘဝမှာ သင်ဟာ ဘုရားရွှေသင်္ကန်းကပ်ခြင်း၊ သံဃာတော်များကို သင်္ကန်းလှူ ဒါန်းဆပ်ကပ်ခြင်း၊မရှိတဲ့သူတွေကို အဝတ်ပေးလှူ ခြင်း ၊ ဘုရားပန်း ကပ်လှုခြင်း စသည်တို့ကြောင့် ဖြစ်သည်။

၇။ ဘာလို့ ဒီဘဝမှာ ပညာရည်မြင့်မားနေရသလဲဆိုတော့ အရင်ဘဝမှာ သင်ဟာ သက်သတ်လွှတ်စားသည့် အပြင် ဘုရားတရားများနှင့် ပျော်မွေ့နေသူလည်း ဖြစ်သည်။ ဆီမီးလှူ ဒါန်း၊ ပညာဉာဏ်အလင်းရောင်ပေးလှူ ခြင်း၊ ပဋ္ဌာန်းရွတ်ဖတ်ပူဇော်ခြင်းတို့ဖြစ်သည်။

၈။ ဘာလို့ ဒီဘဝမှာ သင်က ချစ်ခင်သူပေါများပြီး သူငယ်ချင်းအခြွေအရံများနှင့် ပြည့်စုံနေရပါသလဲ ဆိုရင်တော့ အရင်ဘဝမှာ ကောင်းကျိုးများဖြင့်သာ ကူညီခဲ့ခြင်း၊သူတစ်ပါးချစ်ခြင်းကို မခွဲခဲ့ခြင်း၊သင့်မြတ်အောင်ပြောဆိုပေးခြင်း တို့ ကြောင့် ဖြစ်သည်။

၉။ ဘာလို့ ဒီဘဝမှာ မိဆုံဖဆုံဖြင့် နေရသလဲဆိုရင်တော့ အရင်ဘဝမှာ ရိုသေလေးစားပြီး အကူညီပေးတတ်သူနှင့် ဘက်မလိုက်ခြင်း၊သူတစ်ပါးအသိုက်အမြုံကို မဖျက်စီးခဲ့ခြင်းတို့ကြောင့် ဖြစ်သည်။

၁၀။ ဘာလို့ ဒီဘဝမှာ မိဘမဲ့ကလေး ဖြစ်နေရသလဲဆိုတော့ အရင်ဘဝက ငှက်ပစ် ၊ ငါးမျှား ၊တိရိစ္ဆာန်တွေရဲ့ အသိုက်အမြုံများကို ဖြို ချ ဖျက်စီးခဲ့ ခြင်းကြောင့် ဖြစ်သည်။

၁၁။ဘာလို့ ဒီဘဝမှာ သက်ရှည်ကျန်းမာ နေရသလဲဆိုတော့ အရင်ဘဝမှာ ငှက်လွှတ်၊ ငါးလွှတ်၊နွား စသည့် သက်ရှိ သတ္တဝါလေးတွေကို လွှတ်ပေးခြင်းကြောင့် ဖြစ်သည်။

၁၂။ ဘာကြောင့် ဒီဘဝမှာ အသက်တိုရသလဲ ဆိုတော့ အရင်ဘဝက သူတစ်ပါး အသက်၊တိရိစ္ဆာန်များကို သတ်ထားခဲ့ခြင်းကြောင့် ဖြစ်သည်။

၁၃။ ဒီဘဝမှာ ဘာလို့ သူတစ်ပါးရဲ့ အခိုင်းစေအဖြစ်နေရပါသလဲ ဆိုရင် အရင်ဘဝမှာ မရှိဆင်းရဲသားများကို နှိမ်ထားခဲ့ခြင်းကြောင့် ဖြစ်သည်။

၁၄။ ဘာ့ကြောင့် သင့်မျက်လုံးက ဒီဘဝမှာ လှပနေရသလဲဆိုတော့ အရင်ဘဝက ဘုရားမှာ ဆီမီးပူဇော်ခဲ့ခြင်းကြောင့် ဖြစ်သည်။

၁၅။ ဘာလို့ ဒီဘဝမှာ အသိပညာမဲ့ ၊ နားမကြား သူတစ်ယောက် ဖြစ်ရပါသလဲဆိုရင် အရင်ဘဝက မိဘရှေ့တွင် ကြမ်းတမ်းစွာ ဆဲဆိုခဲ့ခြင်းကြောင့် ဖြစ်သည်။

၁၆။ အဘယ့်ကြောင့် ဒီဘဝမှာ အဆိပ်နှင့် ပတ်သက်၍ သေရသလဲဆိုရင် အရင်ဘဝက စမ်းရေ ၊ သောက်သုံးရေများကို အဆိပ်ခတ်ခဲ့ခြင်းကြောင့် ဖြစ်သည်။

၁၇။ ဘာကြောင့် ဒီဘဝမှာ ဆွဲကြိုးချပြီး သေဆုံးရပါသလဲဆိုရင် အရင်ဘဝကသက်ရှိလူ၊ တိရိစ္ဆာန်များကို ထိုနည်းကဲ့သို့ ပြုလုပ်ခဲ့ခြင်းကြောင့် ဖြစ်သည်။

၁၈။ အကယ်၍ ဒီဘဝမှာ သူတစ်ပါးအသက်ကို သတ်ဖြတ်ညှင်းဆဲတဲ့သူသည်၊နောင်ဘဝမှာ တူသောအကျိုး ကိုယ့်ကို တစ်ခါအသတ်ခံရလိမ့်မည်။ ဘယ်တော့မှ မဆုံးနိုင်တဲ့ သံသရာဆက်ကွင်း ဖြစ်ပါလိမ့်မည်။သံသရာလည်နေမည်။

၁၉။ ဒီဘဝမှာ ဓမ္မမိတ်ဆွေတို့လည်း ဒီသံသရာအကြောင်းတွေ၊တရားအကြောင်းတွေ ဆက်ပြီးပြောပြသွားနိုင်မယ် ဆိုရင် နောက်ဘဝမှာ ကောင်းကြောင်းနဲ့ လူတွေရဲ့ ရိုသေလေးစားခြင်းကို ခံရပါလိမ့်မယ်။

ဓမ္မစာပေများကို မြတ်နိုးသော မိတ်ဆွေများအတွက် မေတ္တာဖြင့် ဗုဒ္ဓ၏ ဓမ္မစမ်းရေ စေတနာမေတ္တာဖြင့်..စာသားများဖြည့်စွက်ပူဇော်ပါ၏ ။ဓမ္မဒါနပြန်လည်စုစည်း တင်ပြအပ်ပါသည်။ – ငရဲမှ အပ၊ဝဋ်အမြဲ

မူရင်းရေးသားသူ

zawgyi

၁။ ဒီဘဝမွာ လက္ဝတ္ရတနာမ်ား ႏွင့္ အဝတ္ေကာင္းမ်ားဝတ္ဆင္ႏိုင္ျခင္းဟာ အရင္ဘဝက သင္ဟာ ဘုန္းေတာ္ႀကီးမ်ားကို သကၤန္းကပ္လႉခဲ့ျခင္းေၾကာင့္ ျဖစ္ပါသည္။

၂။ ဘာလို႔ ဒီဘဝမွာ အစားအေသာက္ ေကာင္းမ်ားျဖင့္ ေနရပါသလဲဆိုေတာ့ အရင္ဘဝက ဆြမ္းလႉျခင္း၊ မရွိဆင္းရဲသားေတြကို ေပးကမ္းလႈဒါန္း ျခင္းေၾကာင့္ ျဖစ္သည္။

၃။ ဘာျဖစ္လို႔ ဒီဘဝမွာ ဆင္းရဲၿပီး အဝတ္ေကာင္းေတြ မဝတ္ႏိုင္ရသလဲဆိုေတာ့ အရင္ဘဝက ႏွေျမာတြန႔္တိုျခင္း၊ မစ ၦရိယ စိတ္မ်ား၍ ေပးကမ္း လႉဒါန္းမႈ မရွိျခင္း၊ အလႉမလုပ္ျခင္း ေၾကာင့္ျဖစ္သည္။

၄။ ဒီဘဝမွာ ကိုယ္ပိုင္တိုက္ႀကီး ၿခံႀကီးမ်ားႏွင့္ ေနႏိုင္ျခင္းဟာ အရင္ဘဝက ဒါနေကာင္းမႈ အစုစုႏွင့္ ဘုန္းႀကီးေက်ာင္းေတြမွာ ဆန္အလႈေပးျခင္းေၾကာင့္ ျဖစ္သည္။

၅။ ဘာလို႔ ဒီဘဝမွာ တိုးတက္ေအာင္ျမင္ၿပီး ေပ်ာ္႐ႊင္မႈေတြ ပိုင္ဆိုင္ေနရသလဲဆိုေတာ့ အရင္ဘဝက ဘုန္းႀကီးေက်ာင္း ေဆာက္ဖို႔ ေငြလႈဒါန္းျခင္း၊ပစၥည္းေလးပါးလႉဒါန္းျခင္း တို႔ေၾကာင့္ ျဖစ္သည္။

၆။ ဘာလို႔ ဒီဘဝမွာ သင္ဟာ လွပေက်ာ့ေမာ့ေနရပါသလဲ ဆိုရင္ေတာ့ အရင္ဘဝမွာ သင္ဟာ ဘုရားေ႐ႊသကၤန္းကပ္ျခင္း၊ သံဃာေတာ္မ်ားကို သကၤန္းလႉ ဒါန္းဆပ္ကပ္ျခင္း၊မရွိတဲ့သူေတြကို အဝတ္ေပးလႉ ျခင္း ၊ ဘုရားပန္း ကပ္လႈျခင္း စသည္တို႔ေၾကာင့္ ျဖစ္သည္။

၇။ ဘာလို႔ ဒီဘဝမွာ ပညာရည္ျမင့္မားေနရသလဲဆိုေတာ့ အရင္ဘဝမွာ သင္ဟာ သက္သတ္လႊတ္စားသည့္ အျပင္ ဘုရားတရားမ်ားႏွင့္ ေပ်ာ္ေမြ႕ေနသူလည္း ျဖစ္သည္။ ဆီမီးလႉ ဒါန္း၊ ပညာဉာဏ္အလင္းေရာင္ေပးလႉ ျခင္း၊ ပ႒ာန္း႐ြတ္ဖတ္ပူေဇာ္ျခင္းတို႔ျဖစ္သည္။

၈။ ဘာလို႔ ဒီဘဝမွာ သင္က ခ်စ္ခင္သူေပါမ်ားၿပီး သူငယ္ခ်င္းအေႁခြအရံမ်ားႏွင့္ ျပည့္စုံေနရပါသလဲ ဆိုရင္ေတာ့ အရင္ဘဝမွာ ေကာင္းက်ိဳးမ်ားျဖင့္သာ ကူညီခဲ့ျခင္း၊သူတစ္ပါးခ်စ္ျခင္းကို မခြဲခဲ့ျခင္း၊သင့္ျမတ္ေအာင္ေျပာဆိုေပးျခင္း တို႔ ေၾကာင့္ ျဖစ္သည္။

၉။ ဘာလို႔ ဒီဘဝမွာ မိဆုံဖဆုံျဖင့္ ေနရသလဲဆိုရင္ေတာ့ အရင္ဘဝမွာ ႐ိုေသေလးစားၿပီး အကူညီေပးတတ္သူႏွင့္ ဘက္မလိုက္ျခင္း၊သူတစ္ပါးအသိုက္အၿမဳံကို မဖ်က္စီးခဲ့ျခင္းတို႔ေၾကာင့္ ျဖစ္သည္။

၁၀။ ဘာလို႔ ဒီဘဝမွာ မိဘမဲ့ကေလး ျဖစ္ေနရသလဲဆိုေတာ့ အရင္ဘဝက ငွက္ပစ္ ၊ ငါးမွ်ား ၊တိရိစာၦန္ေတြရဲ႕ အသိုက္အၿမဳံမ်ားကို ၿဖိဳ ခ် ဖ်က္စီးခဲ့ ျခင္းေၾကာင့္ ျဖစ္သည္။

၁၁။ဘာလို႔ ဒီဘဝမွာ သက္ရွည္က်န္းမာ ေနရသလဲဆိုေတာ့ အရင္ဘဝမွာ ငွက္လႊတ္၊ ငါးလႊတ္၊ႏြား စသည့္ သက္ရွိ သတၱဝါေလးေတြကို လႊတ္ေပးျခင္းေၾကာင့္ ျဖစ္သည္။

၁၂။ ဘာေၾကာင့္ ဒီဘဝမွာ အသက္တိုရသလဲ ဆိုေတာ့ အရင္ဘဝက သူတစ္ပါး အသက္၊တိရိစာၦန္မ်ားကို သတ္ထားခဲ့ျခင္းေၾကာင့္ ျဖစ္သည္။

၁၃။ ဒီဘဝမွာ ဘာလို႔ သူတစ္ပါးရဲ႕ အခိုင္းေစအျဖစ္ေနရပါသလဲ ဆိုရင္ အရင္ဘဝမွာ မရွိဆင္းရဲသားမ်ားကို ႏွိမ္ထားခဲ့ျခင္းေၾကာင့္ ျဖစ္သည္။

၁၄။ ဘာ့ေၾကာင့္ သင့္မ်က္လုံးက ဒီဘဝမွာ လွပေနရသလဲဆိုေတာ့ အရင္ဘဝက ဘုရားမွာ ဆီမီးပူေဇာ္ခဲ့ျခင္းေၾကာင့္ ျဖစ္သည္။

၁၅။ ဘာလို႔ ဒီဘဝမွာ အသိပညာမဲ့ ၊ နားမၾကား သူတစ္ေယာက္ ျဖစ္ရပါသလဲဆိုရင္ အရင္ဘဝက မိဘေရွ႕တြင္ ၾကမ္းတမ္းစြာ ဆဲဆိုခဲ့ျခင္းေၾကာင့္ ျဖစ္သည္။

၁၆။ အဘယ့္ေၾကာင့္ ဒီဘဝမွာ အဆိပ္ႏွင့္ ပတ္သက္၍ ေသရသလဲဆိုရင္ အရင္ဘဝက စမ္းေရ ၊ ေသာက္သုံးေရမ်ားကို အဆိပ္ခတ္ခဲ့ျခင္းေၾကာင့္ ျဖစ္သည္။

၁၇။ ဘာေၾကာင့္ ဒီဘဝမွာ ဆြဲႀကိဳးခ်ၿပီး ေသဆုံးရပါသလဲဆိုရင္ အရင္ဘဝကသက္ရွိလူ၊ တိရိစာၦန္မ်ားကို ထိုနည္းကဲ့သို႔ ျပဳလုပ္ခဲ့ျခင္းေၾကာင့္ ျဖစ္သည္။

၁၈။ အကယ္၍ ဒီဘဝမွာ သူတစ္ပါးအသက္ကို သတ္ျဖတ္ညႇင္းဆဲတဲ့သူသည္၊ေနာင္ဘဝမွာ တူေသာအက်ိဳး ကိုယ့္ကို တစ္ခါအသတ္ခံရလိမ့္မည္။ ဘယ္ေတာ့မွ မဆုံးႏိုင္တဲ့ သံသရာဆက္ကြင္း ျဖစ္ပါလိမ့္မည္။သံသရာလည္ေနမည္။

၁၉။ ဒီဘဝမွာ ဓမၼမိတ္ေဆြတို႔လည္း ဒီသံသရာအေၾကာင္းေတြ၊တရားအေၾကာင္းေတြ ဆက္ၿပီးေျပာျပသြားႏိုင္မယ္ ဆိုရင္ ေနာက္ဘဝမွာ ေကာင္းေၾကာင္းနဲ႔ လူေတြရဲ႕ ႐ိုေသေလးစားျခင္းကို ခံရပါလိမ့္မယ္။

ဓမၼစာေပမ်ားကို ျမတ္ႏိုးေသာ မိတ္ေဆြမ်ားအတြက္ ေမတၱာျဖင့္ ဗုဒၶ၏ ဓမၼစမ္းေရ ေစတနာေမတၱာျဖင့္..စာသားမ်ားျဖည့္စြက္ပူေဇာ္ပါ၏ ။ဓမၼဒါနျပန္လည္စုစည္း တင္ျပအပ္ပါသည္။ – ငရဲမွ အပ၊ဝဋ္အၿမဲ

မူရင္းေရးသားသူ