ညီမလေး စိတ်ကျေနပ်ဖို့ အတွက် တက်တက်ကြွကြွ ကပြနေ တဲ့ ဘေဘီမောင် ရဲ့ ဗီဒီယိုဖိုင်

Model၊သရုပ်ဆောင် ဘေဘီမောင်နဲ့သံစဉ်မောင်တို့ ညီအစ်မ နှစ်ယောက်ကတော့ အနုပညာအလုပ်တွေ လုပ်ကိုင်ရင်း ပရိသတ်မေတ္တာကို ရရှိထားကြတာဖြစ်ပါတယ်။ဘေဘီမောင်ကတော့ မိသားစုထဲမှာ သမီးအကြီးဆုံးဖြစ်လို့ မိသားစုဝင်တွေကို ဂရုစိုက်စောင့်ရှောက်ပေးပြီး လိုလေသေးမရှိအောင်ထားပေးတာဖြစ်ပါတယ်။ဘေဘီမောင်က စိတ်သဘောထားပြည့်ဝပြီး စကားပြောရင် လည်းပွင့်လင်းလို့ ပရိသတ်တွေက ချစ်နေရတာဖြစ်ပါတယ်နော်။

ဘေဘီမောင်က မောင်နှမတွေအပေါ်မှာလည်း အစ်မကြီးအမိရာပီပီ သွန်သင်ဆုံးမပေးပြီး ရှေ့ကနေ မားမားမတ်မတ် ရပ်တည်ပေးနိုင်တာဖြစ်ပါတယ်။ဘေဘီမောင်တို့မိသားစုလေးက စည်းစည်းလုံးလုံးရှိကြလို့ ပျော်ရွှင်စရာတွေနဲ့ပြည့်နှက်နေတဲ့ မိသားစုလေးဖြစ်ပါတယ်။သံစဉ်မောင်ကတော့ သူမကိုအရမ်းချစ်ပြီး ဂရုစိုက်ပေးတဲ့ အစ်မကြီးတစ်ယောက်ရှိလို့ အရမ်းကံကောင်းပါတယ်နော်။

အခုဆိုရင်လည်း ဘေဘီမောင်က ညီမလေးစိတ်ပျော်ရွှင်ဖို့အတွက် ကပြနေတာဖြစ်ပါတယ်‌နော်။သံစဉ်မောင်ကလည်း”ညီမက ကပြဆို သူ့ညီမစိတ်ကျေနပ်အောင်ကပြတဲ့ ဒီလိုချစ်စရာကောင်းတဲ့အစ်မမျိုးရှိပြီလားရှင့်”ဆိုပြီး ဒီလိုအစ်မမျိုးရှိလို့ အရမ်းဂုဏ်ယူနေတာဖြစ်ပါတယ်။Project Kသီချင်းလေးနဲ့ ချစ်စရာကောင်းအောင် ကပြနေတဲ့ ဘေဘီမောင်ရဲ့ ဗီဒီယိုဖိုင်လေးကို ချစ်ပရိသတ်ကြီးအတွက် ပြန်လည်မျှဝေပေး လိုက်ပါတယ်နော်။

Photo Credit:Baby Maung’s Facebook Account
Source&Video Credit:Than Sin Maung’s Facebook Account

zawgyi



