မောင့်ကို ရုံးခန်းထဲမှာစောင့်နေမယ်နော် လို့ ဆိုလိုက်တဲ့ နန်းမွေစံ ရဲ့ အလန်စား ပုံများ

ဆရာဝန်တစ်ယောက်ဖြစ်ပေမယ့် အနုပညာအလုပ်ကို ဝါသနာကြီးသူဖြစ်လို့ စွန့်လွတ်ကာ မော်ဒယ်လ် အလုပ်ကိုပဲ ကြိုးစားလုပ်ကိုင်ခဲ့တဲ့ သူလေးကတော့ နန်းမွေစံပဲ ဖြစ်ပါတယ်။ သူမရဲ့ ကောက်ကြောင်းအလှတွေက ရင်ဖိုလှိုက်မောဖွယ်ရာကောင်းလွန်းနေပြီး ဖက်ရှင်တွေကလည်း ကြည့်မိသူတိုင်း ထိမိသွားရလောက်အောင် ဝတ်ဆင်တတ်သူဖြစ်လို့ ပုရိသယောကျာ်းလေး ပရိသတ်တွေရဲ့ အားပေး ဝန်းရံမှုကို တစ်ခဲနက်ရရှိထားသူပါနော်။

အချိုးအစားပြေပြစ်လွန်းတဲ့ ကောက်ကြောင်းအလှတွေအပြင် Sexyဆန်ဆန်ပုံရိပ်လေးတွေကို လူမှု ကွန်ယက် စာမျက်နှာတွေဖြစ်ကြတဲ့ Facebook, Instagram ရိုက်ကူးမျှဝေပေးလေ့ရှိနေတာဖြစ်လို့ နန်းမွေစံရဲ့ ပုံလေးတွေက ပရိသတ်တွေကြား လူသိများ ရေပန်းစားနေတာပါနော်။ ဒါ့အပြင် စကားလုံးအဆန်းလေးတွေသုံးပြီး ခြွေချတတ်တဲ့ သူမက ယနေ့မှာလည်း ပိုစ့်တစ်ခု တင်ပေးလာပြန်ပါတယ်။

ဒါကတော့ အရောင်သစ်လွင်တဲ့ လုံလုံခြုံခြုံဖက်ရှင်လေးနဲ့ ကောက်ကြောင်း အလှတွေပေါ်လွင်အောင် ဓာတ်ဖမ်းထားတဲ့ အလန်းစားပုံရိပ်လေးတွေကို တင်ပေးလာရင်း ” မောင့်ကို ရုံးခန်းထဲမှာစောင့်နေမယ်နော် ” ဆိုတဲ့ စာသားလေးကိုလည်း ရေးသားထားတာဖြစ်လို့ ချစ်ပရိသတ်တွေ ကြည့်ရှု အကြိုက်တွေ့မိစေမှာ အသေအချာပဲ ဖြစ်လို့ ပြန်လည်တင်ဆက်ပေးလိုက်ပါရစေနော် ။ ပုံလေးတွေကို ကြည့်ပြီး ပရိသတ်တွေက အသည်းလေးတွေပေးခဲ့ဖို့ မမေ့လိုက်ပါနဲ့နော်…… ။

Source & Photo credit – Nang Mwe San’s Facebook Page

zawgyi



