ဂါဝန်လွင့်လွင့်လေး နဲ့ အထာကျကျ ညို့အား ပြင်းပြင်း လန်းနေ တဲ့ နန်းခင်ဇေယျာ

ချစ်ပရိသတ်ကြီးရေ ချစ်စရာ ဟန်ပန် အမူအရာလေးတွေရယ် အမိုက်စားခန္ဓာကိုယ်လေးရယ် ပိုင်ဆိုင်ထားတဲ့ နန်းခင်ဇေယျာကတော့ ခုချိန်ထိပရိသတ်တွေရဲ့ရင်ထဲမှာ ရှိနေတုန်းပဲဖြစ်ပါတယ်။နန်းခင်ဇေယျာကို ပရိသတ်တွေက ဗီဒီယိုဇာတ်ကားလေးတွေ ကြော်ငြာလေးတွေကနေ စတင်သတိထားမိလာပြီး ချစ်ခင်အားပေးလာကြတာပဲဖြစ်ပါတယ်။ နန်းခင်ဇေယျာကတော့ အခုချိန်ထိလည်း အနုပညာအလုပ်တွေကို ဖြည်းဖြည်းမှန်မှန်လုပ်ဆောင်နေပြီး ပရိသတ်တွေရဲ့အချစ်ကို အခိုင်မာရရှိထားတာဖြစ်ပါတယ်။

သူမကတော့ ပြည်တွင်းပြည်ပခရီးစဉ်တွေ ထွက်ရတာ ဝါသနာပါ သူလေးလည်းဖြစ်ရာ ခရီးစဉ်တစ်လျှောက် အမှတ်တရ ပုံရိပ်တွေကိုလည်းဖော်ပြခဲ့တာလည်းတွေ့ရပါတယ်။လတ်တလောမှာတော့ ဂါဝန်လွင့်လွင့်လေးကိုဝတ်ဆင်ကာ သဘာဝအတိုင်းလေးဆွဲဆောင်မှုရှိရှိလှရက်လွန်းနေတဲ့ ပုံလေးတွေကို ဖော်ပြထားတာတွေ့ရပါတယ်။ပုံလေးတွေတိုင်းမှာ ဆွဲဆောင်မှုရှိရှိ နဲ့ အခါခါပြန်ကြည့်မိအောင်ကို လှရက်လွန်းနေတာဖြစ်ပါတယ်။

ဒီနေ့မှာတော့ သူမရဲ့ ချစ်စရာ ပုံရိပ်လေးတွေကို ချစ်ပရိသတ်တွေ ကြည့်ရှုနိုင် စေရန်အတွက် ပြန်လည်မျှဝေပေးလိုက်ပါတယ်။အနုပညာအလုပ်တွေ နည်းပါးနေပေမယ့်လည်း သူမရဲ့နေ့စဉ်လှုပ်ရှားမှု ပုံရိပ်လေးတွေကို ဖေ့ဘွတ်စာမျက်နှာပေါ်တွင် ဖော်ပြပေးလျက်ရှိပါတယ်။ချစ်ပရိသတ်ကြီးလည်း နန်းရဲ့ ပုံရိပ်လေးတွေကို ကြိုက်နှစ်သက်လိမ့်မယ်ထင်ပါတယ်။

Source & Photo Credit : Nang Khin Zay Yar Facebook Page

zawgyi



