သူမရဲ့ လှလွန်းတဲ့ ကောက်ကြောင်း ‌ပေါ်လွင်အောင် မိမိုက်လွန်းနေ တဲ့ သဇင်ဦး ရဲ့ ဗီဒီယို

ပရိသတ်ကြီးရေ ဆက်ဆီ မော်ဒယ်လ် သဇင်ဦးကတော့ အနုပညာလောကထဲကို ဝင်ရောက်လာတာ မကြာသေးပေမယ့် ပရိသတ်တွေနဲ့ မိတ်ဆက်ပေးစရာမလိုလောက်အောင် ရင်းနှီးပြီးသားဖြစ်မှာ အသေအချာပါပဲနော်။ သဇင်ဦးက သူမရဲ့ အမိုက်စားခန္ဓာကိုယ်ကောက်ကြောင်းအလှတွေကို ပေါ်အောင်ရိုက်ကူးထားတဲ့ အလန်းစားပုံရိပ်လေးတွေကို လူမှုကွန်ယက် ဆိုရှယ် မီဒီယာတွေဖြစ်ကြတဲ့ Facebook , Instagramစတာတွေမှာ တင်ပေးရင်း လူသိများအောင်မြင်လာတဲ့ သူတစ်ယောက်ပဲဖြစ်ပါတယ်…..။

သူမရဲ့ ပုံရိပ်လေးတွေကြောင့် ပုရိသပရိသတ်တွေ များစွာရဲ့ အားပေးဝန်းရံခြင်း ကိုလည်း အခိုင်အမာရရှိထားတဲ့ သူလည်းဖြစ်ပါတယ်။ သဇင်ဦးက စကားပြောဆိုပွင့်လင်းပြီး လူအများအပေါ်မှာလည်း ဖော်ဖော်ရွေရွေနဲ့ ပြောဆိုဆက်ဆံတတ်သူဖြစ်တာကြောင့် ပရိသတ်တွေက အချစ်ပိုနေကြတာလည်းဖြစ်ပါတယ်။ သဇင်ဦးက လတ်တလောမှာတော့ အနုပညာလှုပ်ရှားမှုတွေကို ဖြည်းဖြည်းနဲ့ မှန်မှန်သာ လုပ်ဆောင်နေပြီး Photo shooting တွေနဲ့ ကြော်ငြာတွေကို လက်ခံရိုက်ကူးနေရတဲ့ သူတစ်ယောက်ပါ……။

အနုပညာ လှုပ်ရှားမှု အားလပ်တဲ့အချိန်လေးတွေမှာတော့ အပျင်းပြေ Tiktok ဆော့ကစားလေ့ရှိတာဖြစ်ပြီး ယနေ့မှာလည်း ဆွဲဆောင်မှုရှိလှတဲ့ အသားကပ် ဂါဝန်တိုလေးကို ဝတ်ဆင်ထားပြီး ခါတိုင်းနဲ့မတူအောင် ဆော့ကစားထားတဲ့ ဗီဒီယိုလေးတစ်ခုကို တင်ပေးလာတာပါ။ မြူးမြူးကြွကြွတီးလုံးလေးကို ခါတိုင်းနဲ့ မတူအောင် လှုပ်လှုပ်ယွယွလေး ကပြထားတဲ့ သဇင်ဦး ရဲ့ Tiktok ဗီဒီယိုဖိုင်လေးကို ပရိသတ်တွေ ကြည့်ရှုအချစ်ပိုစေရန်အတွက် ပြန်လည်တင်ဆက်ပေးလိုက်ပါရစေနော်…… ။

Source & Photo credit – Ei Sabal ‘s Fb Account

zawgyi



