အလန်းစား ဖက်ရှင်လေး နဲ့ သီချင်းတွေဆိုပြ လိုက်တဲ့ သဇင်ဦး ရဲ့ ဗီဒီယို

မော်ဒယ်လ်သဇင်ဦး ကတော့ ပရိသတ်တွေကြားမှာ ရေပန်းစားလျက်ရှိနေတဲ့ အနုပညာရှင် တစ်ယောက်ဖြစ်ပြီး အနုပညာအလုပ်တွေကို လုပ်ကိုင်လျက်ရှိနေကာ ကြော်ငြာတွေကိုလည်း ရိုက်ကူးလျက်ရှိပါတယ်။ ဆွဲဆောင်မှုရှိပြီး အချိုးအစားပြေပြစ်ကာ သွယ်လျလှပတဲ့ အမိုက်စားကောက်ကြောင်းအလှကို ပိုင်ဆိုင်ထားနိုင်တဲ့ သူမ ကတော့ ဖိတ်ကြားခံရတဲ့ ပွဲတွေကိုလည်း တက်ရောက်လျက်ရှိနေတာပဲဖြစ်ပါတယ်။

ချစ်စရာကောင်းလွန်းတဲ့ အပြုံးလေးတွေ ကို ပိုင်ဆိုင် ထားနိုင်ခဲ့တဲ့ သူမကတော့ ပရိသတ်တွေရဲ့ ချစ်ခင် အားပေးမှုကို အခိုင်အမာရယူထားနိုင်ခဲ့ပြီး အမိုက်စားပုံစံလေးနဲ့ လှပနေတဲ့ ပုံရိပ်လေးတွေကို လူမှုကွန်ယက်စာမျက်နှာထက် တင်ပေးလေ့ရှိပါတယ်။ သူမကတော့ အထာကျကျပုံစံလေးနဲ့ TIKTOK လေတွေကိုလည်း ဆော့ကစားလေ့ရှိပြီး အဆိုပါ tiktok လေးတွေဟာ ကြည့်ရူသူတွေ များပြားလျက်ရှိပါတယ်။

ပရိသတ်တွေ အချစ်ပိုရတဲ့ သူမကတော့ ယခုမှာအိမ်နေရင်းပုံစံလေး နဲ့တောင် ဆွဲဆောင်မှုရှိနေပြီး တစ်မူထူးခြားတဲ့အသံလေးနဲ့ အဆွေးသီချင်းလေးကို အပီအပြင်သီဆိုနေတဲ့ Tiktokဗီဒီယိုဖိုင်လေးချပြလာခဲ့ပါတယ်။ ချစ်ပရိသတ်တွေအတွက် မော်ဒယ်လ်သဇင်ဦးရဲ့ အမိုက်စားပုံစံလေးနဲ့ သီဆိုနေတဲ့ Tiktokဗီဒီယိုလေးကို ပြန်လည်ဖော်ပြပေးလိုက်ပြီး အဆိုပါ ဗီဒီယိုဖိုင်လေးကို အောက်မှာကြည့်နိုင်ပါတယ်။

Source : Thazin Oo ‘ s Tiktok Acc

zawgyi



