အသည်း ယားစရာကောင်းလောက်အောင် ဆော့ကစားထား တဲ့ မမဆောင်း ရဲ့ ဗီဒီယို
မမဆောင်းလို့ အများက ချစ်စနိုးနဲ့ ခေါ်ကြတဲ့ မင်းသမီးကြီး ဆောင်းအိန္ဒြေထွန်း ကတော့ အနုပညာနယ်ပယ်ထဲကို တဖန်ပြန်လည်ဝင်ရောက်လာခဲ့ပြီး အောင်မြင်မှုတွေကို တစ်ခဲနက်ရရှိနေပြီလည်း ဖြစ်ပါတယ်။ ဗီဒီယိုဇာတ်ကားများစွာကို အကောင်းဆုံး ပါဝင်သရုပ်ထားတဲ့အပြင် ကြော်ငြာတွေကိုလည်း ဆက်တိုက် ရိုက်ကူးနေရသူပါ။ Covid တွေကြောင့် အပြင်မထွက်ရတဲ့ သူမက ပိုင်ဆိုင်တဲ့ ခြံဝန်း အကျယ်ကြီးထဲမှာ ကြော်ငြာတွေကို နေ့တိုင်းဆိုသလို လက်ခံရိုက်ကူးနေရတာကိုလည်း တွေ့ရပါတယ်။
မမဆောင်းက အသက်ကြီးသွားပေမယ့်လည်း ရှိရင်းစွဲ အသက်ထက် ငယ်ရွယ်နုပျိုနေကာ ချောမော လှပနေတုန်းပဲ ဖြစ်ပါတယ်။ ဒါ့အပြင် အချိုးအစားပြေပြစ်တဲ့ လုံးကြီးပေါက်လှ ကိုယ်လုံးလေးကို ပိုင်ဆိုင်ထားတာကြောင့် ဘယ်လိုဖက်ရှင်တွေပဲ ဖြစ်ဖြစ်လိုက်ဖက်လှပနေတာကိုလည်း တွေ့မြင်ရပါတယ်။ ယခုမှာလည်း ဆောင်းအိန္ဒြေထွန်းက ပရိသတ်တွေ ချစ်အားပိုလောက်မယ့် အမူအရာလေးတွေနဲ့ ဆော့ကစား ထားတဲ့ Tiktok ဗီဒီယိုလေးတစ်ခုကို တင်ပေးလာပြန်ပါတယ်။
မမဆောင်းက ကြီးမားလှတဲ့ ကားကြီးကို မှီကာ ချွဲချွဲနွဲ့နွဲ့ ဟန်ပန် အမူအရာလေးတွေနဲ့ အသည်းယားစရာကောင်းလောက်အောင် ဆော့ကစားထားတာပါ။ သီချင်းတွေကိုလည်း ကိုယ်တိုင်လိုက်ဆိုကာ ဆော့ကစားထားတဲ့ မမဆောင်းရဲ့ Tiktok တွေက ကြည့်မိသူတိုင်း ရင်ကို ထိမိသွားစေမှာဖြစ်လို့ ချစ်ပရိသတ်တွေ ကြည့်ရှုအချစ်ပိုစေရန်အတွက် Myanmarload မှ ပြန်လည်ဖော်ပြပေး လိုက်ပါတယ်နော်။
Source & Photo credit – Saung Eaindray Tun’s Facebook Account
crd