အရမ်းပျော်လို့ ဆိုပြီး သူမရဲ့အကျႌဆိုင်လေး ရှေ့မှာ Live လွှင့်ကာ ကကွက်မျိုးစုံနဲ့ အပီအပြင် ကပြနေတဲ့ စူးရှထက် ရဲ့ ဗီဒီယို

မော်ဒယ်လ်မလေး စူးရှထက်ကတော့ အမိုက်စားပုံရိပ်တွေ နဲ့ ပုရိသတွေကြားမှာ ရေပန်းစား အောင်မြင်ခဲ့တာ ဖြစ်ပါတယ် ။ နောက်ပိုင်းမှာတော့ စူးရှထက်က သီချင်းဗီဒီယိုတွေမှာပါ ပါဝင်သရုပ်ဆောင်ရင်း အရင်ကထက်ပိုပြီး လူသိများလာခဲ့တာ ဖြစ်ပါတယ် ။ လက်ရှိမှာတော့ စူးရှထက်က အနုပညာအလုပ်တွေကို ရပ်နားထားတာ အချိန်အနည်းငယ်တောင် ကြာနေပြီလည်း ဖြစ်ပါတယ် ။

စူးရှထက်က သူမရဲ့ကိုယ်ပိုင်စီးပွားရေးလုပ်ငန်းအဖြစ် ဖက်ရှင်ဆိုင်လေး တစ်ဆိုင်ကို ဖွင့်လှစ်ထားတာ ဖြစ်ပါတယ် ။ ဒီဆိုင်လေးကို စူးရှထက်က သူမကိုယ်တိုင်ဦးစီးလုပ်ကိုင်သလို Online ကတစ်ဆင့် အခြားပစ္စည်းတွေကိုလည်း ရောင်းချနေတာ ဖြစ်ပါတယ် ။ အလုပ်တွေနဲ့မအားမလပ်ဖြစ်နေတဲ့ စူးရှထက်က ဒီနေ့မှာတော့ ပရိသတ်တွေအတွက် Facebook မှာ Live လွှင့်ပေးခဲ့တာ ဖြစ်ပါတယ် ။

စူးရှထက်ကတော့ “စူး အောင်ပွဲခံနေသည်” ဆိုပြီး ဆိုင်ရှေ့ထွက်ကာ ပျော်ပျော် ပါးပါးကနေတာပဲ ဖြစ်ပါတယ် ။ စူးရှထက်က သီချင်းတွေဖွင့်ပြီး ကကွက်မျိုးစုံနဲ့ အပီအပြင်ကပြရင်း သူမရဲ့ပရိသတ်တွေပါပျော်ရွှင်ရအောင် လူမှုကွန်ယက်စာမျက်နှာထက်ကတစ်ဆင့်ဖျော်ဖြေတင်ဆက်ပေးခဲ့တာ ဖြစ်ပါတယ် ။ ကဲ ဆိုင်မှာနေရင်း Live လွှင့်ပြီး အားရပါးရကနေတဲ့ စူးရှထက်ရဲ့ ဗီဒီယိုလေးကို ချစ်ပရိသတ်တွေအတွက် ပြန်လည်မျှဝေပေးလိုက်ပါတယ်နော် ။

Source & Video Credit-Zar Chi’s FB Acc

zawgyi



