ဖက်ရှင် အလန်းလေး နဲ့ ပုရိသတွေ ကြွေသွားစေ မယ့် ရွှေအိမ်စည် ရဲ့ ပုံရိပ်များ

ပရိသတ်ကြီးရေ.. ကျော့ရှင်းပြီး မြင်သူငေးရလောက်အောင် စမတ်ကျပြီး ယုံကြည်မှုတွေအမြဲရှိတဲ့ ပြည်သူ့အချစ်တော်လေးကတော့ အလှမယ် မော်လ်ဒယ် သရုပ်ဆောင်မင်းသမီးချောလေး ရွှေအိမ်စည်ပဲ ဖြစ်ပါတယ်နော်..။ဆွဲဆောင်မှုရှိတဲ့ အလှတရားတွေကို ပိုင်ဆိုင်ထားတဲ့အပြင် စကားပြောပွင်လင်းသူလေးမို့လည်း ပရိသတ်တွေ က အမြဲအချစ်ပို အားပေးနေကြတာလည်း ဖြစ်ပါတယ်နော်..။

သူမရဲ့လှုပ်ရှားမှုလေးတွေကို အမြဲမျှဝေလေ့ရှိတဲ့ အိမ်စည်လေးကတော့ အခုတစ်ခါ မှာလည်း ဓာတ်ဖမ်းထားတဲ့ သူမရဲ့ ပုံရိပ်လေးတွေကို ဝေမျှလာပါတယ်နော်..။သူမရဲ့ ပုံရိပ်လေးတွေနဲ့အတူ ချစ်ရသူနဲ့ဝိုင်အတူသောက်ခဲ့တဲ့ နေရာလေးကို သွားရောက်ရင်း သတိရလွမ်းဆွတ်နေတဲ့အကြောင်းလေးကိုလည်း အိမ်စည်လေးက ပြောပြထားပါသေးတယ်နော်..။

“ဒီနေရာလေးမှာ မင်းနဲ့တူတူ ဝိုင်သောက်ခဲ့တာလေးတွေ သတိရနေတုန်းပဲ..” ဆိုပြီး ဆွဲဆောင်မှု ရှိစွာ ဓာတ်ဖမ်းထားတဲ့ သူမရဲ့ ပုံရိပ်လေးတွေကို အိမ်စည်လေးက ဝေမျှထားတာ ဖြစ်ပါတယ်နော်..။အဲ့ဒီ့ပို့စ်ရဲ့အောက်မှာတော့ ပရိသတ်တွေကလည်း အိမ်စည်လေးကို အားပေးချစ်ခင်နေကြတဲ့အကြောင်းလေးတွေကို Comment လေးတွေ ရေးသားထား ကြတာလည်း တွေ့ရပါတယ်နော်..။

Source & Photo Credit – Shwe Eain Si’s Fb Acc

zawgyi



