စပိန် မှာ ပြီးခဲ့တဲ့ (၂၄) နာရီအတွင်း ကိုဗစ်ကြောင့် သေဆုံးသူမရှိခဲ့ကြောင်း ပထမဆုံးအကြိမ် မှတ်တမ်းတင်

စပိန် မှာ ပြီးခဲ့တဲ့ (၂၄) နာရီအတွင်း ကိုဗစ်ကြောင့် သေဆုံးသူမရှိခဲ့ကြောင်း ပထမဆုံးအကြိမ် မှတ်တမ်းတင်

ပြီးခဲ့တဲ့ ၂၄ နာရီအတွင်း စပိန်နိုင်ငံ မှာ ပထမဆုံးအကြိမ်အဖြစ် COVID-19 ကြောင့် သေဆုံးသူ တစ်ဦးမျှ မရှိခဲ့ ဘူးလို့ သိရပါတယ်။ အဲဒါဟာ စပိန်နိုင်ငံအတွက်တော့ မတ်လနောက်ပိုင်းမှာ ပထမဆုံးအကြိမ် ဖြစ်ပါတယ်။

ဥရောပမှာ ကိုဗစ်ကူးစက်မှုဒဏ်ကို အဆိုးရွား ဆုံးခံစားခဲ့ရတဲ့ နိုင်ငံတွေထဲမှာ အပါအဝင်ဖြစ်တဲ့ စပိန်နိုင်ငံဟာ ပြီးခဲ့တဲ့ကာလတွေတုန်းဟာ COVID-19 ကူးစက်မှုနဲ့ သေဆုံးမှုမြင့်တက်နေခဲ့ပြီး ကိုဗစ်ကြောင့် သေဆုံးမှု စုစုပေါင်း ၂၇၀၀၀ ကျော်အထိ ရှိခဲ့ပါတယ်။ ကူးစက်မှုဟာလည်း ၂ သိန်း ၈ သောင်း ကျော် ရှိပြီး ကမ္ဘာမှာ စတုတ္ထမြောက် ကိုဗစ်ကူးစက်မှုအများဆုံး နိုင်ငံလည်း ဖြစ်ပါတယ်။

အခုနောက်ပိုင်းမှာတော့ ကူးစက်မှုနဲ့ သေဆုံးမှု တဖြည်းဖြည်းလျော့ကျလာပြီဖြစ်တဲ့ စပိန်နိုင်ငံဟာ ပြီးခဲ့တဲ့ ၂၄ နာရီအတွင်းမှာတော့ သေဆုံးမှု ထပ်မရှိခဲ့ကြောင်း စပိန်နိုင်ငံ ကျန်းမာရေးဝန်ကြီးဌာနက ကြေညာခဲ့ပါတယ်။ အဲဒါဟာ စပိန်ရဲ့ ကိုဗစ်တိုက်ပွဲမှာတော့ မျှော်လင့်ချက်ရောင်ခြည် သန်းလာတဲ့ ခြေလှမ်း တစ်ခုလို့ ဆိုနိုင်ပါတယ်။

ကိုဗစ်ကူးစက်မှုပျံ့နှံ့မှုကြောင့် သတ်မှတ်ကြေညာထားရတဲ့ စပိန်ရဲ့ နိုင်ငံတွင်းအရေး ပေါ်ကာလဟာ လာမယ့် ဇွန်လ ၂၁ ရက်နေ့မှာ အဆုံးသတ် တော့မှာ ဖြစ်ပါတယ်။ ပြီးခဲ့တဲ့ကာလအတွင်းမှာ စပိန်အနေနဲ့ အရေးပေါ် ကာလ အချိန်တိုးမြှင့်မှုကို ၆ ကြိမ်တိုင် ပြုလုပ်ခဲ့ရတာပါ။စပိန်ဟာ ပြီးခဲ့တဲ့ မေလ အစောပိုင်းကတည်းက lockdown ဖြေလျှော့ မှုတွေကို စတင်ခဲ့တာလည်း ဖြစ်ပါတယ်။

အခုဆိုရင်တော့ အခြေအနေကောင်းတဲ့ဘက် ရောက် လာဟန်တူတဲ့ စပိန် မှာတော့ လာမယ့် ၂၁ ရက်နေ့ဆိုရင် သတ်မှတ်ချက်တွေဖြေလျှော့ပြီး နိုင်ငံသားတွေအနေနဲ့ ပုံမှန်အတိုင်း သွားလာ လှုပ်ရှားနိုင်တော့မှာ ဖြစ်ပါတယ်။

crd : panpyoelat