Q စင်တာ ကနေ Negative နဲ့ ဆင်းလာပြီး (၅) ရက်ကြာမှ ကိုဗစ် လက္ခဏာတွေ ပြလာတဲ့ အဖြစ်

“ကိုဗစ်ရဲ့ အသံတိတ်လူသတ်လက်နက်ကနေ ကျွန်မအဖေ အသက်လုလိုက် ရတာမို့ အားလုံး သတိထားဖို့ တင်ပေးတာပါ။” (မဲကိစ္စ လည်းသတိမလွတ်ဘဲ စောင့်ကြည့်ရင်း ဒါလေးကို အားလုံးသေချာဖတ်ပေးဖို့ပါ။) ဒါလေးမြန်မြန် ရေးတာက ဖတ်ရင်ဖတ်မိသလောက် အသက်ကယ်နိုင်အောင်လို့ပါ။ ကျွန်မရဲ့ House Surgeon ဘဝမှာ Medicine သင်ကြားပေးတဲ့ အမ Prof Dr အေးအေးအောင် ရဲ့ သင်ပေးလိုက်တဲ့ စကားတစ်ခွန်းကြောင့် အဖေ့အသက်ရှင်ရတာပါ။ ကျေးဇူးပါအမ အမသင်ပေးတာက “Test results ကိုမကုနဲ့လူနာရဲ့ခံစားရတဲ့လက္ခဏာကိုကု “တဲ့ ပြောချင်တဲ့အဓိပ္ပါယ်က ဆေးစစ်ချက်အဖြေတွေက ကောင်းနေလည်း လူနာက မသက်သာမခြင်းကုပါ ဆိုတာမျိုးပါ။ ဒီစကားလေးနဲ့ အဖေ့အသက်ကိုကူညီနိုင်တာပါ။ ကျွန်မအဖေဟာ Q မှာ Neg ထွက်လို့ Oct 30 မှာပြန်လာတာပါ။ ကျွန်မက ကုသမှုခံယူပြီးလို့ OCt 31 မှာပြန်ရောက်ပါတယ်။ အဖေနဲ့က အိမ်မှာ သပ်သပ်စီနေတာပါ။ NOV 5ရက်နေ့အရောက်မှာ အဖေ့ပုံစံက အသက်ရှုတာ တစ်မျိုးဖြစ်နေပါတယ်။ ဘာဖြစ်လဲမေးတော့ မောလို့နားနေတာလို့ပဲဖြေပါတယ်။

ခဏနေတော့သူသက်သာသွားပြီလို့ပြောပါတယ်။ အဲ့ဒီမှာ သူငယ်ချင်း Physician DrPhyo Thandar ခဏခဏသတိပေးနေတဲ့ Silent hypoxia ဖြစ်မှာစိုးလို့ SpO2 ကောက်တိုင်းလိုက်တဲ့အချိန်မှာ တကယ်ကို အောက်ဆီဂျင်ကျနေပါပြီ 89 အမြင့်ဆုံးမှ 93 ပါ ကျကျသွားပါတယ်။လူကနေလို့ရရင်တောင် အောက်ဆီဂျင်က လှုပ်တာနဲ့ကျကျသွားပါတယ်။ အဖေက လူကနေလို့ရတော့ ဆေးရုံမသွားချင်ပါဘူး။ ကျွန်မက ညတွင်းချင်း ဧရာစင်တာကိုဖုန်းဆက်တော့ မနက်လာစစ်ဖို့ ကူညီပေးပါတယ်။ အရမ်းကျေးဇူးတင်မိပါတယ်။(ကိုယ်က Positive လူနာဖြစ်ရင်း ဆရာတွေကို တတ်နိုင်တာလေးနည်းနည်းပဲကူညီနိုင်တာတောင် စင်တာက ကျွန်မကိုမှတ်မိပြီးကူပေးတာပါ) အရမ်းကျေးဇူးတင်ပါတယ်။

လိုတဲ့ဆေးထိုးပေးကာတစ်ညလုံး အောက်ဆီဂျင် ရှုခိုင်းထားပြီး ကိုယ်တိုင်လည်းမနက်အမေနိုးလာမှ အိပ်ပါတယ်။ Nov 6ရက်မနက် စင်တာမှာ ထပ်စစ်တော့ Neg ထပ်ထွက်ပါတယ်။ စင်တာက ဆရာတွေကVolunteer တွေအကုန်အရမ်းကူညီကြပါတယ်။ စစ်ပေးသူတွေရဲ့အမှားလုံးဝလုံးဝမဟုတ်ပါ။ စစ်ဆေးတဲ့ test တွေကို လှည်ဖျားနိုင်တဲ့ ကိုဗစ်ရဲ့ မာယာကြောင့်ပါ။ False Negative ဖြစ်တတ်တဲ့သဘောကြောင့်ပါ။ False Negative ဆိုတာ ရောဂါရှိတဲ့သူကို မရှိဘူး အဖြေထွက်တာကိုဆိုလိုတာပါ။ ကိုယ်တွေ ဆရာကြီး Patho Prof ကို inform တော့ ဆရာက လည်း မအားတာတောင်အကြံသေချာပေးပါတယ်။ အဲ့ဒါနဲ့ အမ မဇင် ခေါ် Juno Mayက အင်းစိန်ဆေးရုံက အမ SCS ကို ပြောပေးပြီး ဧရာစင်တာကနေ အင်းစိန်ဆေးရုံ အရေးပေါ်ကို တန်းသွားပါတယ်။ အမတို့ကိုကျေးဇူးအရမ်းတင်ပါတယ်။

ဆေးရုံအရေးပေါ်မှာ အဖေအပါအဝင် အောက်ဆီဂျင်ကျပြီးလာတဲ့လူနာတွေကို ချက်ချင်းအောက်ဆီဂျင်ပေးထားပြီး ဓာတ်မှန်ရိုက်ပြီး ထိုလူနာတွေကိုဆေးရုံကြပ်မတ်ဆောင်မှာ တစ်ခန်းထဲ ထားပြီးသေချာကုသပေးထားပါတယ်။ ဒီနေ့ ညနေပိုင်း အဖြေရမှ P ဖြစ်တာပါ။ အောက်ဆီဂျင်ရှုဆဲဖြစ်ပေမယ့် အခြေအနေက ၇၀ရာနှုန်းကောင်းသွားပါတယ်။အချိန်မီတဲ့အတွက်။ အဖေ့တို့ ၆ယောက်ဆံအခန်းထဲမှာ နောက်ကျရောက်လာလို့ အသက်မမီလိုက်တာ ဒီနေ့ပါဆို ၃ယောက်ရှိပါပြီ။ အဖေက အချိန်မီသိလို့ အသက်မီတာပါ။ ကျွန်မတို့မိသားစုဆိုရင် အကုန် Neg ထွက်ထားတာပါ။ LD ဖြေတာတောင် တစ်မိသားစုလုံးမထွက်ပါဘူး။ မဲပေးတာတောင် LD ဖြေကာစမို့ လူရှင်းတုန်း့ကြိုတင်မဲပေးဖို့တောင်းပေမယ့် LD က လည်းဖြေထား အဖေအပါအဝင် အားလုံးလိုလိုလည်းအကြိမ်ကြိမ် Negative မို့ အဖေနဲ့အမေကလွဲကျန်တဲ့သူ ကြိုတင်မဲမရပါဘူး။မဲဥပဒေကစည်းစနစ်ကျပါတယ်။ ကိုဗစ်ကသာမာယာများတာပါ။

အားလုံး ကိုဗစ်ရဲ့အသံတိတ်လူသတ်လက်နက်ဖြစ်တဲ့ Silent hypoxia ခေါ် ( တိတ်တဆိတ် အောက်ဆီဂျင်ကျတာကို) အထူးသတိထားကြပါ။ အဖေဖြစ်တာက Nov 5 ကိုယ်ဖြစ်တာက Oct 21 မှာ ဆိုတော့ ၁၆ရက်ကွာပါတယ်။ ကိုယ်ကလည်း ကုသရေးစင်တာမှာဆိုတော့ ကိုယ့်ဆီကလည်းဖြစ်နိုင်သလို Q ကကူးတာလည်းဖြစ်ကောင်းဖြစ်နိုင်ပါတယ်။ ဒါကြောင့် Qစင်တာမှာနေလျှင်လည်း တသီးတသန့် နေကြဖို့ တိုက်တွန်းလိုက်ပါတယ်။ အောက်ဆီဂျင်ကျလာတာနဲ့ချက်ချင်း နီးစပ်ရာအစိုးရဆေးရုံကြီးတွေရဲ့အရေးပေါ်ဌာနကိုသွားပါ။ Negative ဖြစ်ထားလျှင်တောင်ယခုလိုပဲ ကုသပေးမှာဖြစ်ပြီးထပ်မံဆေးစစ်ကာ အချိန်မီ အသက်ကယ်နိုင်ခွင့်ရဖို့ အခွင့်အလမ်းရမှာဖြစ်ပါတယ်။

အချိန်မီကူညီပေးသော ကိုမြင့်နိုင်တို့ Ambulance ကူညီမှုအဖွဲ့အား လည်းကျေးဇူးတင်ပါတယ်။ အောက်ဆီဂျင်လိုတာက အစ ကူညီပေးတဲ့ရပ်ကွက်က အနှေးယာဉ်ဆရာကြီးတွေနှင့်တကွရပ်ကွက်သူရပ်ကွက်သားတွေကိုလည်းကျေးဇူးတင်ပါတယ်။ ကိုယ်ကတော့ရောက်တဲ့နေရာတိုင်း အောက်ဆီဂျင်ရအောင်ရှာတာ။ ဧရာမှာ result စောင့်နေတုန်းလည်းရှာပြီးတ ပ်ပေးထားတယ်။ ဧရာမှ Prof ဆရာကြီး, Dr သင်းသီရိစိုး, Dr အောင်ချမ်းငြိမ်း test အဖြေစောင့်နေတုန်းကူညီပေးသူ ဆရာဝန်ဆရာမများနှင့်တကွ test စစ်ကူညီပေးသူတွေအားလုံးကို ကျေးဇူးတင်ပါတယ်။

Myat Htoo

crd

zawgyi

“ကိုဗစ္ရဲ႕ အသံတိတ္လူသတ္လက္နက္ကေန ကြၽန္မအေဖ အသက္လုလိုက္ ရတာမို႔ အားလုံး သတိထားဖို႔ တင္ေပးတာပါ။” (မဲကိစၥ လည္းသတိမလြတ္ဘဲ ေစာင့္ၾကည့္ရင္း ဒါေလးကို အားလုံးေသခ်ာဖတ္ေပးဖို႔ပါ။) ဒါေလးျမန္ျမန္ ေရးတာက ဖတ္ရင္ဖတ္မိသေလာက္ အသက္ကယ္ႏိုင္ေအာင္လို႔ပါ။ ကြၽန္မရဲ႕ House Surgeon ဘဝမွာ Medicine သင္ၾကားေပးတဲ့ အမ Prof Dr ေအးေအးေအာင္ ရဲ႕ သင္ေပးလိုက္တဲ့ စကားတစ္ခြန္းေၾကာင့္ အေဖ့အသက္ရွင္ရတာပါ။ ေက်းဇူးပါအမ အမသင္ေပးတာက “Test results ကိုမကုနဲ႔လူနာရဲ႕ခံစားရတဲ့လကၡဏာကိုကု “တဲ့ ေျပာခ်င္တဲ့အဓိပၸါယ္က ေဆးစစ္ခ်က္အေျဖေတြက ေကာင္းေနလည္း လူနာက မသက္သာမျခင္းကုပါ ဆိုတာမ်ိဳးပါ။ ဒီစကားေလးနဲ႔ အေဖ့အသက္ကိုကူညီႏိုင္တာပါ။ ကြၽန္မအေဖဟာ Q မွာ Neg ထြက္လို႔ Oct 30 မွာျပန္လာတာပါ။ ကြၽန္မက ကုသမႈခံယူၿပီးလို႔ OCt 31 မွာျပန္ေရာက္ပါတယ္။ အေဖနဲ႔က အိမ္မွာ သပ္သပ္စီေနတာပါ။ NOV 5ရက္ေန႔အေရာက္မွာ အေဖ့ပုံစံက အသက္ရႈတာ တစ္မ်ိဳးျဖစ္ေနပါတယ္။ ဘာျဖစ္လဲေမးေတာ့ ေမာလို႔နားေနတာလို႔ပဲေျဖပါတယ္။

ခဏေနေတာ့သူသက္သာသြားၿပီလို႔ေျပာပါတယ္။ အဲ့ဒီမွာ သူငယ္ခ်င္း Physician DrPhyo Thandar ခဏခဏသတိေပးေနတဲ့ Silent hypoxia ျဖစ္မွာစိုးလို႔ SpO2 ေကာက္တိုင္းလိုက္တဲ့အခ်ိန္မွာ တကယ္ကို ေအာက္ဆီဂ်င္က်ေနပါၿပီ 89 အျမင့္ဆုံးမွ 93 ပါ က်က်သြားပါတယ္။လူကေနလို႔ရရင္ေတာင္ ေအာက္ဆီဂ်င္က လႈပ္တာနဲ႔က်က်သြားပါတယ္။ အေဖက လူကေနလို႔ရေတာ့ ေဆး႐ုံမသြားခ်င္ပါဘူး။ ကြၽန္မက ညတြင္းခ်င္း ဧရာစင္တာကိုဖုန္းဆက္ေတာ့ မနက္လာစစ္ဖို႔ ကူညီေပးပါတယ္။ အရမ္းေက်းဇူးတင္မိပါတယ္။(ကိုယ္က Positive လူနာျဖစ္ရင္း ဆရာေတြကို တတ္ႏိုင္တာေလးနည္းနည္းပဲကူညီႏိုင္တာေတာင္ စင္တာက ကြၽန္မကိုမွတ္မိၿပီးကူေပးတာပါ) အရမ္းေက်းဇူးတင္ပါတယ္။

လိုတဲ့ေဆးထိုးေပးကာတစ္ညလုံး ေအာက္ဆီဂ်င္ ရႈခိုင္းထားၿပီး ကိုယ္တိုင္လည္းမနက္အေမႏိုးလာမွ အိပ္ပါတယ္။ Nov 6ရက္မနက္ စင္တာမွာ ထပ္စစ္ေတာ့ Neg ထပ္ထြက္ပါတယ္။ စင္တာက ဆရာေတြကVolunteer ေတြအကုန္အရမ္းကူညီၾကပါတယ္။ စစ္ေပးသူေတြရဲ႕အမွားလုံးဝလုံးဝမဟုတ္ပါ။ စစ္ေဆးတဲ့ test ေတြကို လွည္ဖ်ားႏိုင္တဲ့ ကိုဗစ္ရဲ႕ မာယာေၾကာင့္ပါ။ False Negative ျဖစ္တတ္တဲ့သေဘာေၾကာင့္ပါ။ False Negative ဆိုတာ ေရာဂါရွိတဲ့သူကို မရွိဘူး အေျဖထြက္တာကိုဆိုလိုတာပါ။ ကိုယ္ေတြ ဆရာႀကီး Patho Prof ကို inform ေတာ့ ဆရာက လည္း မအားတာေတာင္အႀကံေသခ်ာေပးပါတယ္။ အဲ့ဒါနဲ႔ အမ မဇင္ ေခၚ Juno Mayက အင္းစိန္ေဆး႐ုံက အမ SCS ကို ေျပာေပးၿပီး ဧရာစင္တာကေန အင္းစိန္ေဆး႐ုံ အေရးေပၚကို တန္းသြားပါတယ္။ အမတို႔ကိုေက်းဇူးအရမ္းတင္ပါတယ္။

ေဆး႐ုံအေရးေပၚမွာ အေဖအပါအဝင္ ေအာက္ဆီဂ်င္က်ၿပီးလာတဲ့လူနာေတြကို ခ်က္ခ်င္းေအာက္ဆီဂ်င္ေပးထားၿပီး ဓာတ္မွန္႐ိုက္ၿပီး ထိုလူနာေတြကိုေဆး႐ုံၾကပ္မတ္ေဆာင္မွာ တစ္ခန္းထဲ ထားၿပီးေသခ်ာကုသေပးထားပါတယ္။ ဒီေန႔ ညေနပိုင္း အေျဖရမွ P ျဖစ္တာပါ။ ေအာက္ဆီဂ်င္ရႈဆဲျဖစ္ေပမယ့္ အေျခအေနက ၇၀ရာႏႈန္းေကာင္းသြားပါတယ္။အခ်ိန္မီတဲ့အတြက္။ အေဖ့တို႔ ၆ေယာက္ဆံအခန္းထဲမွာ ေနာက္က်ေရာက္လာလို႔ အသက္မမီလိုက္တာ ဒီေန႔ပါဆို ၃ေယာက္ရွိပါၿပီ။ အေဖက အခ်ိန္မီသိလို႔ အသက္မီတာပါ။ ကြၽန္မတို႔မိသားစုဆိုရင္ အကုန္ Neg ထြက္ထားတာပါ။ LD ေျဖတာေတာင္ တစ္မိသားစုလုံးမထြက္ပါဘူး။ မဲေပးတာေတာင္ LD ေျဖကာစမို႔ လူရွင္းတုန္း့ႀကိဳတင္မဲေပးဖို႔ေတာင္းေပမယ့္ LD က လည္းေျဖထား အေဖအပါအဝင္ အားလုံးလိုလိုလည္းအႀကိမ္ႀကိမ္ Negative မို႔ အေဖနဲ႔အေမကလြဲက်န္တဲ့သူ ႀကိဳတင္မဲမရပါဘူး။မဲဥပေဒကစည္းစနစ္က်ပါတယ္။ ကိုဗစ္ကသာမာယာမ်ားတာပါ။

အားလုံး ကိုဗစ္ရဲ႕အသံတိတ္လူသတ္လက္နက္ျဖစ္တဲ့ Silent hypoxia ေခၚ ( တိတ္တဆိတ္ ေအာက္ဆီဂ်င္က်တာကို) အထူးသတိထားၾကပါ။ အေဖျဖစ္တာက Nov 5 ကိုယ္ျဖစ္တာက Oct 21 မွာ ဆိုေတာ့ ၁၆ရက္ကြာပါတယ္။ ကိုယ္ကလည္း ကုသေရးစင္တာမွာဆိုေတာ့ ကိုယ့္ဆီကလည္းျဖစ္ႏိုင္သလို Q ကကူးတာလည္းျဖစ္ေကာင္းျဖစ္ႏိုင္ပါတယ္။ ဒါေၾကာင့္ Qစင္တာမွာေနလွ်င္လည္း တသီးတသန္႔ ေနၾကဖို႔ တိုက္တြန္းလိုက္ပါတယ္။ ေအာက္ဆီဂ်င္က်လာတာနဲ႔ခ်က္ခ်င္း နီးစပ္ရာအစိုးရေဆး႐ုံႀကီးေတြရဲ႕အေရးေပၚဌာနကိုသြားပါ။ Negative ျဖစ္ထားလွ်င္ေတာင္ယခုလိုပဲ ကုသေပးမွာျဖစ္ၿပီးထပ္မံေဆးစစ္ကာ အခ်ိန္မီ အသက္ကယ္ႏိုင္ခြင့္ရဖို႔ အခြင့္အလမ္းရမွာျဖစ္ပါတယ္။

အခ်ိန္မီကူညီေပးေသာ ကိုျမင့္ႏိုင္တို႔ Ambulance ကူညီမႈအဖြဲ႕အား လည္းေက်းဇူးတင္ပါတယ္။ ေအာက္ဆီဂ်င္လိုတာက အစ ကူညီေပးတဲ့ရပ္ကြက္က အေႏွးယာဥ္ဆရာႀကီးေတြႏွင့္တကြရပ္ကြက္သူရပ္ကြက္သားေတြကိုလည္းေက်းဇူးတင္ပါတယ္။ ကိုယ္ကေတာ့ေရာက္တဲ့ေနရာတိုင္း ေအာက္ဆီဂ်င္ရေအာင္ရွာတာ။ ဧရာမွာ result ေစာင့္ေနတုန္းလည္းရွာၿပီးတ ပ္ေပးထားတယ္။ ဧရာမွ Prof ဆရာႀကီး, Dr သင္းသီရိစိုး, Dr ေအာင္ခ်မ္းၿငိမ္း test အေျဖေစာင့္ေနတုန္းကူညီေပးသူ ဆရာဝန္ဆရာမမ်ားႏွင့္တကြ test စစ္ကူညီေပးသူေတြအားလုံးကို ေက်းဇူးတင္ပါတယ္။

Myat Htoo